RSS
Internet Download Manager Portable And Software
 ဒီကောင်လေးကို ကျတော် Softwareအနေနဲ့လည်း အရင် ပို့စ်တွေမှာတင်ပေးခဲ့ပြီးပါပြီ ခုဟာကတော့ Portable version လေးပါ ဘာကီးမှ မလိုသလို့ Patchတွေလည်း မလိုအပ်ပါဘူး တစ်ခုရှိတာကတော့ သူ့ကို Softwareအနေနဲ့ ၃ဖူးထားတဲ့ ဆက်မှာဆို ၃လို့ မရနိုင်ပါဘူး မ၃ဖူးသေးတဲ့ စက်တွေမှာတော့ ၃နိုင်ပါတယ်>>>
Google Chrome v17.0.963.46 Portable
ဒီတစ်ခါတော့ Google Chrome Portable လေးတင်ပေးလိုက်ပါတယ် Versionကတော့ 17.0.963.46ပါ သူ့ရဲ့ ဖိုင်အရွယ်အစားကတော့ Zipဖိုင်အနေနဲ့ 36MBပါ လိုအပ်သူများ အောက်ကလင့်မှတစ်ဆင့် အဆင်ပြေတဲ့ နေရာကနေ ဒေါင်းလုပ်ဆွဲသွားပါ...လင့်တွေ မသေခင် မြန်မြန်ယူထားနိုင်ရင်တော့ကောင်းပါတယ် ခုမလိုအပ်သေးတောင် လိုတဲ့အချိန်မှာ အလွယ်တစ်ကူ ၃လို့ရနိုင်တာပေါ့....>>>
အောင်လ- နှုတ်ပိတ်မာန
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....
ခုံပြာလေးက စောင့်နေမယ်
တောင်တန်းတွေက နံရံတွေလို
တားဆီးပါစေ ဆွဲဖယ်လိုက်မယ်
လိုက်ကာများလို ဝေးလံခရီး
ကိုယ့်ဖို့နီးစေ ချစ်တွေးသီကာ
မျှော်ရည်မှန်းလို့ လှမ်းခဲ့တယ်
ကြင်နာသူ သူ့နှုတ်ခမ်းဖျားက
မရေရာ ဆိုတဲ့စကား
“ချစ်ချင်တော့ဘူး ပျင်းတယ်တဲ့”
မချိုနိုင် ခါးသက်သက်မို့
ရင်ခွင်မှာ အပီအောင့်ကာ
မှိုင်တွေကာ ကျန်ရစ်တယ်
ပြန်ချစ်ချင်သူမို့ မာန်တင်းလို့
လက်နှစ်ချောင်းထောင်တယ်
မခံချင်စွာ ဟန်လုပ်လို့ >>>
VLC Media Player Portable and Software
VLC Playerကိုတော့ လူတော်တော်များများ အ၃ပြုကြပါတယ်... သူ့ရဲ့အားသာတာကတော့ ပေါ့ပေါ့ပါးပါးဖြစ်ခြင်းပါ ဖွင့်လိုက်လို့ လေးလံနေသလိုမျို ဖြစ်လေ့ဖြစ်ထမရှိပါဘူး ဒီကောင်လေးက အခုဆို version 2.0.0ထိထွက်နေပါပြီ Portable Versionကတော့ v1.1.13ပါ လိုအပ်သူများအောက်မှာ ဒေါင်းလုပ်ယူသွားပါ... ဒါကတော့ သူ့ရဲ့Home Pageပါ>>>
Internet Download Manager 6.09 Build 2 Final with Patch
ဒါကတော့ Downloader လေးပါ မိမိလိုအပ်တဲ့ အရာတွေကို အွန်လိုင်းကနေ အလွယ်ကူ အလျှငိမြန်ဆုံး ရရှိနိုင်ဖို့ အကောင်းဆုံး Softwareလေးပါ သူကတော့ ပုံမှန်တိုင်းဆိုရင်တော့ ပိုက်ဆံပေးပြီး ဝယ်မှ ၃နိုင်မှပါ
အဲအတါက်မပူပါနဲ့ ဆရာ့ဆရာကြိးများ ကြံဖန်ထားတဲ့ အလကား၃နိုင်မဲ့ နည်းလမ်းတွေ ရှိပြီးသားပါ ဖိုင်အရွယ်အစားလည်းသေးငယ်ပြီး ဒေါင်းလုပ်ဆွဲတဲ့နေရာမှာတော့ တော်တော်လေးကြိုမန်ပါတယ်...>>>
Free Opener v2.0.1 Portable
ဒါလေးကလည်း Portable လေးပါပဲ သူကတော့ တော်တော်ကို အ၃ဝင်တယ်ဗျ DOC/DOCX, XLS/XLSX, CSV အဲလိုမျို Officeတွေကို Microsoft® Office ထည့်သွင်းစရာမလိုပဲနဲ့ ပြုလုပ်နိုင်ပါတယ် (AVI, WMV, FLV, MPG, MOV and MP4) အဲလို Video File Typeတွေကိုလည်း အ၃ပြုနိုင်ပါတယ် Playerလည်း မလိုတော့ဘူးပေါ့ (MP3, WMV, MID, WAV....) Audio File Typeတွေကိုလည်း အ၃ချနိုင်ပါသေးတယ် (PNG, JPEG, BMP, GIF, TIFF, ICO, RAW...)ဓာက်ပုံ တွေကို ကြည့်ရှုလို့ရနိုင်ပါသေးတယ်...ကျတော်ပြောတက်တာလည်း ဒိလောက်ပဲဗျာ ဒဒီကောင်လေး အထောက်အကူပြုပေးနိုင်တာတွေကတော့ အများကြီးပါပဲ အောက်မှာ ကြည့်ကြည့်ပါ>>>
Rainmeter v2.2 Portable
 ဒါလေးကလည်း Portableလေးပါ မိမိကွန်ပြူတာကြီးကို ၃လာတာကြာသည်နှင့်အမျှ မြင်နေကျ ပုံစံကို ရိုးရှင်းနေမှာ အမှန်ပါ ဒီကောင်လေးကတော့ အဲကိစ္စလေးတွေအတွက် အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်
Portableလေးဖြစ်တဲ့အတွက် စက်ကိုထိခိုက်မှာလည်း စိုးရိမ်စရာ မလိုပါဘူး Memory Stickလေးထဲထည့်ထားပြီး ၃ရုံဆိုတော့ လွယ်ကူလှပါတယ် ဒီကောင်လုပ်ပေးနိုင်တာလေးတွေက မိုးလေဝသခန့်မှန်းချက်တွေ ရာသီဥတု အခြေအနေ ပြိးတော့ မိမိနေ့တိုင်းသွားနေတဲ့ Web Siteတွေက အသစ်တင်သမျှကို မိမိကွန်ပြူတာ မျက်နှာပြင်ကနေပြီးပဲ အလွယ်တစ်ကူ သိရှိနိုင်အောင်>>>
????????????????
ငါ့ နှ လုံး သွေး တွေ သာ စီး က ရက် တွေ ဖြစ် ခဲ့ ရင်
မင်း နံ ရံ မှာ အ ခါ ခါ ထိုး ချေ တောင်
ဘာဆိုဘာမှမပြောလိုဘူး ~~
ငါ့ ရင် ခွင် သာ အ ရုပ် တစ် ရုပ် ဖြစ် ခဲ့ ရင်
မင်း အ ကြိမ် ၁၀၀ က စား လို့ အ ခါ ၁၀၀၀ တက် နင်း တောင်
ဘာဆိုဘာမှမပြောလိုဘူး ~~
တ ကယ် တော့. . .  .ဘယ် တော့ မှ မ ပွင့် မှန်း သိ တဲ့ တံ ခါး ကိုအကြိမ်ကြိမ်ခေါက်ခဲ့ဖူးတယ်
ပြ က္ခ ဒိန် တွေ နောက် ရွှေ့
စ က္ကန့် တွေ နေ ထုတ် လှန်း လို့
လက် ဆစ် တွေ နာ တဲ့ အ ထိ ခေါက် ခဲ့ တယ်
——————————————————
——————————————————
…..သွေး….ဆို့…နေ.တဲ့…လက်…ဆစ်..တွေ…ရယ်…..
ဂျက်….ကျ...နေ..တဲ့တံ.ခါး…..ရယ်…။
                                              BY;Ray
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
iTune Audo,Video,... Player Portable
 လာပါ ပြီ iTune Portableလေး ဆော့ဝဲကို ၃ချင်ရက်နဲ့ စက်လေးမှာဆိုးလို့ မ၃နိုင်ခဲ့တဲ့သူတွေ အဆင်ပြေစေမဲ့ Portableလေးပါ အားလုံးသိကြတဲ့အတိုင်း Appleကုပ္ပဏီကထုတ်တဲ့ ဆော့ဝဲဆိုတော့ အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ သိကြမှာပါ လို အပ်သူများ အောင့်ကလင့်မှာ ဒေါင်းယူသွားနိုင်ပါတယ်
ကိုယ်နဲ့ အဆင်ပြေမဲ့လင့်ကနေသာဒေါင်းယူသွားကြပါ လင့်တွေခွဲထားပေးပါတယ် 96.6MBရှိပါတယ်>>>
လိုအပ်နေဆဲ
အတောင်မရှိတဲ့ ငှက်
ပဲ့မရှိတဲ့ လှေ
သံစဉ်မရှိတဲ့ ဂစ်တာလို
မင်းမရှိတော့ ငါရင်ထဲမှာ ခြောက်သွေ့နေဆဲပါ.
ထွက်သွားသူနဲ့ထားခဲ့သူ
ဘယ်သူကပိုခံစားရမယ်ဆိုတာ
မင်းသိသင့်ပါတယ်
သစ္စာတွေ ကတိတွေထပ်ခါပေးခဲ့
ယုံကြည်ချက်တွေ ရိုက်ချိုးသွားရင်တောင်
မမုန်းဘဲ ချစ်နေမဲ့သူပါ….
”ချစ်ရင်ပစ်တယ်
ပစ်ရင်မေ့တယ်”တဲ့
သူများတွေ ပါးစပ်ဖျားက
ထွက်ကျလာလို့>>>
တစ်ယောက်သောသူသို့ လွမ်းခြင်း
ဘယ်ဘ၀က ၀ဋ်ကြွေးလဲ
မနက်ရောက်တိုင်း တွေးမိတယ်
ရေးဖြစ်တဲ့ စာတွေကလဲ
မေ့မရတဲ့ အတိတ်ကောင်းတွေပဲ…
ရက်ဟောင်းတွေကို တွေးကြည့်တိုင်း
ပျော်ခဲတဲ့ သမိုင်းတွေပါပဲလား
ချစ်သူရယ်… အတူရှိတဲ့အချိန်မှာ
မနက်ဖြန်ဆိုတာ ဒီနေ့နဲ့အမွာတွေလိုပဲ…
ကွန်ပြူတာကို ကြည့်လို့ မျက်ရည်ကျတယ်
တွက်ရေခဲတဲ့နေ့တွေကလဲ ရက်ရှည်နေခဲ့
ခက်ထန်လှတဲ့ မနက်ဖြန်တွေအတွက်
သူ့အပြုံးတွေက ဆက်ရန်အင်အားတွေပဲ…>>>
ဈာပန ထားခဲ့တဲ့နှလုံးသား
လူတစ်ယောက် စိတ်ချမ်းသားဖို့
တယောက်က စတေးရတယ်
ငါတို့တွေ ဝေးကွာဖို့
ဘယ်သူတွေက သင်ပေးခဲ့တာလဲ…
လေးလံစွာ ထခဲ့ရတဲ့ မနက်ခင်း
ငါ့အတွက် ပူလောင်လွန်းတဲ့နေမင်းရယ်
သူမရှိတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ
ငါ့မနက်ခင်းတွေကို မကြိုဆိုချင်ဘူး…
ပြိုနေတဲ့ အိပ်မက်တွေကြားက
အလိုလိုကျနေတဲ့ မျက်ရည်စက်တွေကို
ငါအဖြေတွက် ကြည့်သေးတရယ်
သုညဆိုတာ ဘယ်ရောက်ရောက် သုညပါပဲ…
အကုန်ဝအောင် ငိုခဲ့ပြီးလို့
ငါဘ၀ခရီးကို ဆက်ခဲ့တရယ်
တွဲလက်မရှိတော့တဲ့ ငါ့အတွက်
မနက်ကနေတောင် အနောက်ကထွက်ခဲ့ပြီ…
အချစ်နဲ့ပတ်သက်ရင် ငါကသူငယ်တန်းပါ
မချစ်တတ်လို့လဲ အတန်းရှေ့ဒဏ်ခတ်ခံရတရယ်
ဘယ်ဖက်ရင်ဘတ်က အလူးလိမ့်ပဲ
ဒါပေမယ့် ငါဘယ်သူကိုမှ အပြစ်မမြင်ခဲ့ပါဘူး…
ချစ်ချင်နေတဲ့ နှလုံးသားကို
အမုန်းဆိုတဲ့အဆိပ် သူခတ်ခဲ့တရယ်
ပြက်ရယ်ပြုခဲ့တဲ့ နေ့တွေကလဲ
အဖက်ဆည်မရအောင် ဆွေးမြေ့နေခဲ့…
ဖေးမှခဲ့သူမရှိလဲ အသုံးမတဲ့တဲံ
နှလုံးသားကို မြေမြှုပ်
ခံစားချက်တွေကို ထုပ်ပိုးလို့
အချစ်ရိပ်သာကို လှူခဲ့တရယ်…
ဘယ်သူမှမသိပဲ အချစ်မြို့ကိုစွန့်လို့
အမုန်းမြို့ရိုးမှာ လမ်းလျှောက်ထွက်ခဲ့
ကိုယ်လိုသူလိုကြား ငါတစ်ယောက်
အမုန်းသမားဘွဲ့ကို ခံယူလို့
တသတ်မှာတခါတော့ ရှုံခဲ့ပါပြီ…
စိတ်ကူးယဉ်ကမ္ဘာမှာတော့
အချစ်က ဆရာပါပဲ
အက္ခရာ ‘ခ’ အထိပဲသင်ပေးတဲ့
သူ့ကို မုန်းမိပါတရယ်
ကိုယ်ဆင်ခဲ့တဲ့ ဇာတ်မှာ
ကိုယ်တိုင် ‘ကကြိုးရုပ်’ ဖြစ်ခဲ့ရတာ
စိတ်မကောင်းပါဘူး…
အချစ်အတွက် အကြောင်းပြချက်မရှိသလို
အမုန်းအတွက် သက်သေမပြုခဲ့ပါဘူး
ဆက်နေရမဲ့နေ့တွေမှာလဲ ငါဟာ
နှလုံးသားမရှိတော့တဲ့ စက်ရုပ်တရုပ်လိုပါပဲ….
                                       By;Lwan Nge Lay
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ဗိုလ်ချုပ်
ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေးနေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျည်ရည်ဖြိုင်လို့ ဘ၀င်ငြိုး
ဇူလိုင်တဆယ့်ကိုး
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား.........
           ချစ်သော အဖေအား ရိုသေလျှက်
ဗိုလ်ချုပ်ဓာက်ပုံများ
ဆွေစဉ်မျိုးဆက်
Add caption
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်...
အဖေ...အဖေ
               """ အဖေ.....အဖေ"""
 အဖေ....... မနေမနား လောကသားမို့
               ကြွေးမွေးမပျက်   အချစ်ဖက်လျက်
               ပညာတက်စေ မွေနှစ်ဝေ၍
               လူများထက်တော် လူမော်မည်သို့
               ထိုးထွက်အောင်လံ မွေခံသူဖို့
               ချွေးသန်ချွဲနေ အသက်သေလည်း
               သားသမီးရေး လက်မနှေးပဲ
               နှမြောတွန့်တို ကိုယ့်အသက်ကို
               ကင်းကွာဖယ်ဝေး လည်စင်းပေးလို့
               ချစ်တတ်ခဲ့တာ တို့အဖေပါ......။
 အဖေ....... မနေမနား နိုင်ငံ့သားမို့
               ပြည်သာရာရေး ငါ့အရေးလို
               ပေးဆပ်သက္ကရာဇ်သုံးဆယ့်နှစ်သို့
ဗိုလ်ချုပ်မွေးနေ့မှာ...
ဗိုလ်ချုပ်​မွေး​နေ့​ လွတ်လပ်စွာ ကျင်း​ပ
  by နော်နိုရင်း  ဒီက ​နေ့​ ​ဖေ​ဖော်ဝါရီ ၁၃ မှာ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ် ​အောင်ဆန်း​ရဲ့​ ၉၇ နှစ်​မြောက် ​မွေး​နေ့​အထိမ်း​အမှတ်ပွဲ​တွေကို ရန်ကုန်၊​ မန္တ​လေး​မြို့​ကြီး​တွေ အပါအဝင် မြန်မာနိုင်ငံတွင်း​က နယ်မြို့​တွေမှာလည်း​ လွတ်လပ်စွာ ကျင်း​ပကြပါတယ်။
ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို က​လေး​များ​နေ့​အြဖစ် သတ်မှတ်ပြီး​ ရန်ကုန်မြို့​ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပရာ ရန်ကုန်တိုင်း​ အတွင်း​ရှိ မြို့​နယ်​တွေက တြမို့​နယ် က​လေး​ ၅ ​ယောက် ဖိတ်​ခေါ်ပြီး​ ပန်း​ချီနဲ့​ ကဗျာပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​တယ်လို့​ အဖွဲ့​ချုပ် ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။
“​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ ဦး​ဝင်း​တင်​ရော၊​ ဦး​တင်ဦး​ရော က​လေး​တွေကို လာအား​ပေး​နေပါတယ်။ က​လေး​တွေက တြမို့​နယ်ကို ၅​ယောက် ဆို​တော့​ မြို့​နယ် ၄၀ ​လောက်​တော့​ ရှိတယ်။ က​လေး​ ၂၀၀ ​တော့​ မ​ကျော်ဘူး​။ ၁၀၀ ​ကျော်​တော့​ ရှိတယ်။ ဆုအ​နေနဲ့​က စာအုပ်၊​ ​ဘော(လ်)ပင်၊​ ​ရောင်စုံခဲတံ၊​ အဝတ်အစား​လေး​တွေလည်း​ ပါတယ်။ ဆုက​တော့​ ပထမ၊​ ဒုတိယနဲ တတိယလည်း​ ​ပေး​မယ်။ ဝင်​ရောက်ပြိုင်တဲ့​သူ အား​လုံး​ကိုလည်း​ မရမ​နေ အကုန်​ပေး​မယ်။”
မနဿတ​လေး​မြို့​အဖွဲ့​ချုပ်က မဟာ​အောင်​မြေရုံး​မှာ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မနက်ပိုင်း​က သံဃာအပါး​ ၂၀၀ ​လောက်ကို ဆွမ်း​လောင်း​လှူခဲ့​ပြီး​ ၄၁ လမ်း​မှာ ​ကော်ဖီ၊​ စတုဒီသာနဲ့​ မြီး​ရှည်​ခေါက်ဆွဲကို အခမဲ့​ ​ကျွေး​မွေး​ခဲ့​တယ်လို့​ မနဿတ​လေး​တိုင်း​ ပြန်ကြား​ရေး​ အဖွဲ့​ဝင် ဦး​မျိုး​နိုင်က ​ပြောပါတယ်။
“လာသမျှ လူ​တွေကို စတုဒီသာ​ကျွေး​ပါတယ်။ အခုက လူထုက ပြီး​ခဲ့​တဲ့​ နှစ်​တွေထက်စာရင် နိုင်ငံ​ရေး​ နိုး​ကြား​မှု ပိုရှိလာတယ်၊​ အသိစိတ်ဓာတ် ရှိလာတယ်။ ဘာလို့​လည်း​ ဆို​တော့​ အဖွဲ့​ချုပ်က လုပ်တဲ့​ ​ဈေး​ရောင်း​ပွဲပဲ ဖြစ်ဖြစ်၊​ အထိမ်း​အမှတ်ပွဲပဲ ဖြစ်ဖြစ် ခါတိုင်း​ဆို အဖွဲ့​ချုပ်ကလူ​တွေ​လောက်ပဲ တတ်ရဲတဲ့​လူ​လောက်ပဲ လာတယ်။ အခုက​တော့​ အဖွဲ့​ချုပ်အဖွဲ့​ဝင်သစ်​တွေလည်း​ လာတတ်သလို စိတ်ဝင်စား​တဲ့​ ပြည်သူလူထုကလည်း​ လာအား​ပေး​တာ ​တွေ့​ရတဲ့​အတွက် မနှစ်ကထက်စာရင် အများ​ကြီး​ တိုး​တက်မှု ရှိတယ်လို့​ ​ပြောလို့​ရတယ်။”
ရှမ်း​ပြည်နယ် ​အောင်ပန်း​မြို့​ ​အောင်ပန်း​စာကြည့်​တိုက်မှာလည်း​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ ​ကျောင်း​သူ​ကျောင်း​သား​တွေကို ပ​ဟေဠိ ပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​သလို အစား​သောက်နဲ့​ ​ကျွေး​မွေး​ဧည့်​ခံခဲ့​တယ်လို့​ ​အောင်ပန်း​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုက ​ပြောပါတယ်။
“​အောင်ပန်း​စာကြည့်​တိုက်အ​နေနဲ့​ ပြည်​ထောင်စု​နေ့​နဲ့​ ဗိုလ်ချုပ်​မွေး​နေ့​ကို နှစ်ပိုင်း​ခွဲလုပ်တယ်။ ၁၁ ရက် ၁၂ ရက် ​နေ့​တွေတုန်း​က​တော့​ အလယ်တန်း​အဆင့်​ ​ကျောင်း​ ၅​ကျောင်း​ကို ဖိတ်ကြား​ပြီး​ ပ​ဟေဠိပြိုင်ပွဲ​လေး​တွေ လုပ်တယ်။ ပြိုင်ပွဲပြီး​တော့​ ဆု​ပေး​ပွဲ​လေး​ လုပ်ပါတယ်။ ရိုး​ရာလွယ်အိတ်​လေး​ ထိုး​ပြီး​တော့​ တို့​ဗိုလ်ချုပ်ဆိုပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ပုံပါတဲ့​ ​ဆေး​ရိုက်ပြီး​ ​ရေး​ပေး​တယ်။ ​အောင်ပန်း​စာကြည့်​တိုက်ဆိုပြီး​လည်း​ ပါပါတယ်။ ဒီ​နေ့​ကျ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ကို မူလတန်း​အဆင့်​က​လေး​တွေကို ကျ​နော်တို့​ တတ်နိုင်သ​လောက် လူ ၂၀၀ စာ ကြက်သား​ဆန်ပြုတ်တိုက်ပြီး​တော့​ ​ကျောင်း​တွေမှာ လိုက်​ကျွေး​မွေး​ပါတယ်။”
ရှမ်း​ပြည်နယ်​အောင်ပန်း​မြို့​မှာ ဗိုလ်ချုပ်​မွေး​နေ့​ ကျင်း​ပတာ ပထမဆုံး​အြကိမ်ဖြစ်ပြီး​ လွတ်လပ်စွာ ကျင်း​ပခွင့်​ရတယ်လို့​ ပွဲစီစဉ် ကျင်း​ပသူ​တွေက ​ပြောပါတယ်။
အရင်နှစ်​တွေက ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို ကျင်း​ပတဲ့​အခါမှာ အာဏာပိုင်​တွေရဲ့​ ​နှောင့်​ယှက်ဟန့်​တား​မှု​တွေ ရှိခဲ့​ဖူး​ပေမယ့်​ ဒီနှစ် အ​နှောင့်​အယှက်​ပေး​တဲ့​ သတင်း​တွေ မြကား​သိရသလို ​ကျောင်း​သား​လူငယ်​တွေ ပိုမို ပူး​ပေါင်း​ပါဝင်လာတယ်လို့​ ကျင်း​ပသူ​တွေက ​ပြောပါတယ်။
ချစ်သူများနေ့သို့
ငါအသက် က ၂၀
ငါ ကျော် ဖြတ် ခက်တဲ့
Valentine နေ့ များစွာ…..
ငါ အတွက် ထိုနေ့တွေ က
ကွက်လပ် မရှိတဲ့
အဖြေ တစ်ခုပဲ….။
အမေး မရှိပဲ ငါတစ်ယောက်တည်းဖြေ
ကွက်လပ် မရှိပဲ ငါတစ်ယောက်တည်းဖြည့်
နင် စောင့်ပါဆိုလို့
ငါစောင့်ခဲ့ရတယ်
နင် မပြောနဲ့ ဆိုလို့
ငါ မပြောခဲ့ဘူး
ဒါပေမဲ့လည်း
မပြောဘဲ စောင့်ခဲ့တဲ့
ငါ့အတွက်
နင်က တော့ ခပ် တည် တည် ပဲ
လှည့်ထွက်သွားခဲ့တယ်နော်…..။
အချစ်ဆိုတာကို
ဘာလဲလို့နင် ငါ့ကိုမေးတယ်
တခြားကောင်တွေ နဲ့
နင် တွဲ ခဲ့တုံးက ကော
နင်တွေ့ခဲ့လို့လား
နင် က ငါ့ထက်စာရင်
Valentine Day များစွာ ပျော်ခဲ့ရမှာပါဟာ….။
စောင့်မြဲ စောင့်နေရတဲ့ငါအတွက်တော့
ခပ်ပေါ့ပေါ့ အိပ်မက် တွေ ကလွဲရင်
ခပ်စောင်းစောင်းလေး  ငဲ့ကြည့်ခြင်းတောင်
မခံခဲ့ရဘူးလေ….။
အဲ့ဒီ နေ့မှာ နင်ပျော်တယ်
နင်လက်ဆောင်တွေ ရတယ်
နင်ချောကလက်တွေ ရတယ်
ဒါပေမယ့်
ငါ ပေးတာမပါခဲ့ ပါဘူး…..
နင့်အတွက်သိမ်းထားတဲ့
ချောကလက်တွေ
လက်ဆောင်တွေ ဟာ
ရင် ဘက်ကြီးနဲ့မဆန့်တော့ရင်
ပေါက်ထွက်လာလိမ့်မယ်လို့ထင်တယ်…..။
ငါဆီမှာ အတွေး တစ်ခုရှိတယ်လေ…
ငါမပျော်ခဲ့ရတဲ့ အဲ့ဒီချစ်သူများနေ့မှာ
နင့်ရဲ့လက်ကိုတွဲ ပြီး
ချစ်သူတွေ အတွက်
ပုံဖော်ထားတဲ့
ချစ်သူများနေ့ပုံရိပ်ဖြစ်တဲ့
ချောကလက်တွေစားရင်း
ဖေဖော်ဝါရီ ရဲ့လေနုအေးတွေကြားမှာ
ကောင်းကင်ပြာကြီးရဲ့အောက်
မြက်ခင်းစိမ်းကြီးရဲ့ အပေါ်
နင်က ငါပေးတဲ့လက်ဆောင်လေးကို ကြည့်ပေါ့
ငါကတော့ နင်နဖူးပြင်ပေါ်ကနေ
ကျနေတဲ့ ဆံနွယ်လေးတွေကို
ခပ်ဖွဖွလေး ရေတွက် ကြည့်ချင်မိယုံပါ
ဒါတွေဖြစ်လာဖို့
ငါစောင့်ခဲ့တဲ့ ရက်တွေ များပြီ
ငါ ရေးခဲ့တဲ့ ကဗျာတွေ များပြီ
တစ်နေ့တော့ …….။
                                          By;moegyi
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ချစ်သောသူ သို့...
သိပ်ချစ်ရတဲ့ ချစ်သူရေ…
ဝေးနေရပေမဲ့
စက္ကန့်တောင် မလပ်ပါဘူး
ရင်တစ်ချက်တစ်ချက်ခုန်တိုင်း
သတိအခါခါ ရနေမိတယ်
ပုံမှန်ကြားနေရတဲ့ နင့်အသံလေး
ပုံမှန်မြင်နေရတဲ့ နင့်မျက်နှာလေး
ဒါတွေရဲ့ ဝေးရာကို ငါရောက်သွားတာ
တမင် အကွက်ချခဲ့ခြင်းမှ မဟုတ်ပဲလေ
ဒါပေမဲ့လည်း
နင် စွပ်စွဲနေတဲ့အတိုင်းပဲ
ငါက နင့်ကိုခွဲသွားရက်တယ် ဆိုတဲ့ စကား
ငါဘယ်လိုအရာမျိုးနဲ့မှ
မငြင်းရက်တော့ပါဘူး အချစ်ရယ်
ငါ့မှာရွေးချယ်ခွင့်မရှိလို့ ပါလို့ ပြောရင်
ငါ့အနားကို အခါခါပြေးလာတဲ့
နင့်ကို မသနားရာကျလေမလား
ခွဲထုတ်မပြတော့ပါဘူး ငါ့ရင်ကို
စုတ်ပြတ်သတ်အောင် တမ်းတ
အခါခါမြည်တမ်းနေတဲ့ ငါ့နှလုံးသား နင်တွေ့ရင်
နင့် အသည်းများနာသွားလေမလား
မလုပ်ရက်ပါဘူး ချစ်သူရယ်
နာကျင်ခြင်းဆိုတာ ငါပဲ အပိုင်ယူထားပါရစေ
မှန်တာတစ်ခုကို ပြောရရင်လေ
ငါနင့်ကိုသိပ်ချစ်တာပဲ
ဒါပေမဲ့ မပြောရဲခဲ့ပါဘူး နင့်ကို
ခွဲထွက်လာတဲ့ လူတစ်ယောက်အနေနဲ့
အနားရောက်လာမှပဲ ကိုယ်တိုင်ပြောပြတော့မယ်
နောက်ထပ်ခွဲမသွားတော့ဘူး ဆိုတဲ့စကားနဲ့
မရိုးစင်းသွားမဲ့ သိပ်ချစ်တယ်ဆိုတဲ့စကား
ဘာကာရံမှ မထည့်ပဲ
အဖြူရောင်သက်သက် သစ္စာတရား
နင့်တစ်ယောက်ထဲ အတွက် သိမ်းထားတယ်………..
                                             By:x
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ချစ်သူသို့ပေးစာ
တစ်နေ့ မှာ..ကောင်မလေးတစ်ယောက်က သူ့ ချစ်သူကောင်လေးကိုမေးခဲ့တယ်။
ကောင်မလေး။ နင်ငါ့ကိုဘာကြောင့်ကြိုက်တာလဲ..? ဘာကြောင့်ချစ်တာလဲ..?
ကောင်လေး ။ အကြောင်းပြချက်တော့မရှိပါဘူး   ။ငါနင့်ကိုတကယ်ကိုချစ်တာပါ။
ကောင်မလေး။ နင်ငါ့ကိုအကြောင်းပြချက်တော့ပေးရမှာပေါ့။ ဘာကြောင့်နင်ငါ့ကိုကြိုက်တယ်ပြောနိုင်တာ။
                      ဘာကြောင့်ငါ့ကိုချစ်တယ်ပြောနိုင်တဲ့ အကြောင်း ငါသိချင်တယ်။
ကောင်လေး။ငါတကယ်ကိုအကြောင်းပြချက်မရှိပါဘူး။ဒါပေမဲ့နင့်ကိုချစ်တာတော့သက်သေပြနိုင်ပါတယ်။
ကောင်မလေး။ သက်သေပြမယ်…ဟုတ်လား..? တော်ပါ…ငါလိုချင်တာဒီအကြောင်းပြချက်တွေမဟုတ်ဘူး။
နင့်လိုတော့မဟုတ်ဘူး..။
ကောင်လေး ။ ဟုတ်ပါပြီ…ဟုတ်ပါပြီ..ငါပြောပါ့မယ်။
ကောင်လေးကကောင်မလေးကိုအကြောင်းပြချက်တွေပေးခဲ့တယ်။
ဘာကြောင့်လဲဆိုတော့.နင်ကအရမ်းလှလို့ ။
ဘာကြောင့်လဲဆိုတော့..နင့်အသံလေးကချိုလို့ ။
ဘာကြောင့်လဲဆိုတော့..နင်ကဂရုစိုက်တက်တယ်။
ဘာကြောင့်လဲဆိုတော့…နင်ကချစ်ဖို့ ကောင်းတယ်။
ဘာကြောင့်လဲဆိုတော့..နင်က တွေးခေါ်တက်တယ်။
ကောင်မလေး က သူ့ ချစ်သူကောင်လေးရဲ့ အဖြေကိုသဘောကျသွားတယ်။
ကံဆိုးစွာနဲ့ ပဲ….ရက်အနည်းငယ်အကြာမှာ… ကောင်မလေးကမတော်တဆတစ်ခုဖြစ်ပြီး..ဆေးရုံမှာ
မေ့ မျောနေခဲ့တယ်။ ကောင်လေးက မေ့ မျောနေတဲ့ သူ့ ချစ်သူကောင်မလေး အိပ်ရာဘေးမှာ
စာတစ်စောင်ထားခဲ့တယ်။
အဲ့ဒီစာလေးကတော့..
ချစ်သူရေ…
နင့်ရဲ့ ချိုမြိန်တဲ့ အသံလေးကြောင့်ငါချစ်တယ် လို့ ပြောခဲ့တယ်နော်
ဒါပေမဲ့..နင့်အခုချိုမြိန်တဲ့ စကားတွေပြောနိုင်သေးရဲ့ လား..? မပြောနိုင်ပါဘူး..
ဒါကြောင့်…..ငါမချစ်နိုင်ဘူး။
နင့်ရဲ့ ဂရုစိုက်တက်မှုနဲ့ ကြင်နာမှုတွေကြောင့်ငါချစ်တာလို့ ပြောခဲ့တယ်နော်..
နင်အခု ဘာမှမပြနိုင်တော့ဘူးလေ..ဒါကြောင့်ငါမချစ်နိုင်ဘူး။
ပြောခဲ့တယ်..။ နင်အခုပြုံးနိုင်သေးရဲ့ လား..။နင်အခုလှုပ်ရှားနိုင်သေးရဲ့ လား..?
ဘာမှမလုပ်နိုင်တော့ဘူး။ဒါကြောင့်ငါမချစ်နိုင်ဘူး။
အကယ်၍ အချစ်မှာ.. အကြောင်းပြချက်တွေကြောင့်ချစ်တာဆိုရင်
 နင့်ကိုချစ်တဲ့ငါ့ရဲ့ အကြောင်းပြချက်တစ်ခုမှမရှိပါဘူး..
 ဒါပေမဲ့…ငါနင့်ကိုချစ်ဆဲပါပဲ …အဲဒီအကြောင်းပြချက်တစ်ခုမှမရှိဘဲငါနင့်ကိုချစ်တာပါ။
  ပြီးတော့…အချစ်မှာ အကြောင်းပြချက်တွေမလိုအပ်ပါဘူး။
တခါတလေ ..ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့ အလှပဆုံး အရာတွေဟာ မမြင်နိုင် ၊မထိတွေ့ နိုင်ပဲ
တည်ရှိနေကြတယ်။ဒါကို နှလုံးသားတစ်ခုထဲနဲ့ ပဲခံစားလို့ ရနိုင်တယ်…”
တကယ်တမ်း…ကျွန်တော်တို့  ကိုယ်တိုင် တွေ့ ကြုံနေရတဲ့ အချစ်ဆိုတာ ခံစားမှုတစ်ခုပါ..
ဘာကြောင့်ဆိုတဲ့ ..စကားလုံးတွေနဲ့ ရှင်းပြလို့ မရတဲ့ ။
တည်ရှိဖြစ်ပေါ်နေရင်တောင်…ဖော်ပြလို့ မရတဲ့..,
နားလည်နေရင်တောင်….တိတိကျကျဖြန့် ပြလို့ မရနိုင်တဲ့ …..,
လူ့ဘ၀တစ်ခုရဲ့  အဓီပ္ပယ် တစ်ခု,အတ္တကင်းပြီး….
ထင်မြင်ချက်တွေမဟုတ်တဲ့,  မျက်ရည်တစ်စုံ
ကမ္ဘာကြီးတစ်ခုလုံးကို သာယာပျော်ရွင်မှုတွေပေးတဲ့..
တိတ်ဆိတ်စွာတည်ရှိနေပြီး…..ဘယ်တော့မှမသေဆုံးသွားသော..
ရင်ထဲမှာ..ထာဝရရှိနေမဲ့ အရာပါပဲ။
                                             By:lynntansaung
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
စိတ်ပျက်လက်ပျက်
ကျွန်တော်ပြောတော့
ချစ်သူက ရယ်တယ်။
ကိုယ်သာ
သူ့လို ခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ်။
စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ … လို့။
စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှုတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့
                      တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
နေကြတ်ချိန်
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံးလိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ကောင်မို့
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန် … လို့။
                       တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
မဆိုင်တော့ဘူး
ကြာတော့ ကြာပါပြီ….
ရင်ထဲက အတွင်းဒဏ်ရာတော့ နာနေတုန်း…..
မဆိုင်တော့ မဆိုင်တော့ဘူး…
ပတ်သက်ဖူးတဲ့..အကြောင်းအရာ အချို့ ဖျောက်ဖျက်လို့ မရသေးဘူး….
 ဦးနှောက်ကလည်း မေ့ပစ်သင့်ပြီ ပြောနေပြီ
နှလုံးသားက ငြင်းဆန်လို့ ကောင်းနေတုန်း …
 ဒီလိုချိန် ပိုဆိုးတာပေါ့….
မတွေးမိပဲ မင်းကြောင်းတွေ ၀င်ဝင်လာတာ…
မကြည့်ပဲနဲ့..မြင်မြင်ရာ မင်းပုံရိပ်တွေ ဖြစ်နေတယ်
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ချစ်သူများ နေ့
ချစ်သောကောင်မလေး သူသိပါစေ
ကောင်မလေးရယ် …
ဆံသားတွေ အရောင်မပြောင်းခင် …
သွားတွေ အစီအရီ ရှိနေတုန်း …
စောင့်နေတဲ့ အဖြေ တ၀က်လောက်ဖြစ်ဖြစ်
လိုချင်နေမိသူရဲ့ ခံစားချက်တွေ
ရင်ထဲမှာ ခံရခက်အောင် မွန်းကြပ်လို့
နောက်လာမယ့် နေ၀င်ချိန်တွေကို
အတူ ထိုင်ကြည့်ခွင့် ရချင်တယ် …
ချစ်သူတွေ ပျော်မြူးမယ့်
ဖေဖော်ဝါရီ ( ၁၄ )လည်း
တဖြေးဖြေး ချဉ်းကပ်လာလို့
အချစ်ရဲ့ အဝေး
ထွက်လို့ ပြေးမှာကို
တိတ်တိတ်လေး စိုးရိမ်တယ် …
အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ …
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် … ကောင်မလေးရယ် … ။
                                                     By;Zero Boyz
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ရင်နာလျက်က ပျော်နေမယ်
အလွမ်းတွေနဲ့အနားသတ်
အချစ်တွေနဲ့ဆေးခြယ်
ရင်ခုန်သံကိုအသက်သွင်း
မင်းအတွက်ချစ်ခြင်းဆိုတဲ့ ပန်းချီတစ်ချပ်
ငါ့နှလုံးသွေးစက်နဲ့ ရေးပြခဲ့တာ
မင်းမခံစားတတ်ခဲ့ဘူးနော်…..
တမ်းတခြင်းတွေမျိုသိပ်..
အိပ်မက်တွေခေါက်သိမ်း
မျှော်လင့်ခြင်းတွေရိုက်ချိုး
တိတ်တခိုးနဲ့ညဉ်းခဲ့ရတဲ့တေးသွား
မင်းအနားမှာပျံ့လွင့်နေလည်း…
မင်းတစ်ယောက် မကြားတတ်ခဲ့ဘူးနော်………
တကယ်တော့ငါ့အတွက်
အချစ်ဆိုတာ…..
တစ်ဖက်သက်ချိုမြိန်နေရတဲ့
ခါးသက်သက် ၀ိုင်တစ်ခွက်ပဲ…..
ယုံကြည်ခြင်းတွေငါ့အနားကပျောက်ကွယ်ချိန်
ခပ်ယဲ့ယဲ့ကျန်တဲ့ ကတိတွေကိုတမ်းတရင်း
ဟိုးးးးးအဝေးက တစုံတရာကိုမျှော်လင့်လျက်က
ဒဏ်ရာတွေနဲ့မွန်းကြပ်လွန်းတဲ့အခါ
မင်းနာမည်လေးကိုတီးတိုးရေရွတ်နေမိတာ
ငါမင်းကိုစိတ်မနာရက်လို့လေ………..
မြင်စေချင်တယ်
နင်မယုံကြည်တဲ့လူတစ်ယောက်ဆီမှာ
ဘယ်လောက်လေးနက်တဲ့ချစ်ခြင်းတွေရှိတယ်ဆိုတာကိုလေ
ပြောခွင့်မသာ ပြခွင့်မရှိတဲ့ငါ့အတွက်
နင်ရက်စက်မယ်ဆိုလဲ သဘောရှိပါပဲ
တခါတလေလောက်….
နင့်ရင်ထဲငါရှိနေရင်ပဲ
ငါလေ………………
ရင်နာလျက်က ပျော်နေမိမှာအမှန်ပဲ…..။        ။
                                    By:naungye
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
FB မှတွေ့တက်ရာရာ
လွဲလွဲလေးပဲကောင်းပါတယ်
ဘယ်လောက်အကြံပိုင်ကြလဲစာစစ်ရယ်
မျိုးဆက်သစ်လူငယ်ကွ
Format Factory Portable
ခုတစ်ခါကတော့ ကွန်ပြူတာတိုင်းမှာ ရှိသင့်တဲ့ Mp3/Mp4/Avi/Flv/...အစရှိသဖြင့် Audio/Video/Image Fileများကိုမိမိတို့ အလိုရှိရာ ပြောင်းလဲပေးနိုင်မဲ့ Converter ဆော့စ်ဝဲလေးဖြစ်ပါတယ် Converterတွေကတော့ အများကြိးရှိပါတယ် ခု ကျတော် တင်ပေးမှာလေးကတော့ အ၃ပြုရတာလည်းလွယ် freeလည်း ဖြစ်တဲ့အပြင် Pottableလေးဆိုတော့ USBစတစ်လေးထဲမှာထည့်ပြီး အ၃ပြုနိုင်တာပေါ့...အဲကောင်လေးကတော့Format Factory v2.80 size48.3MB လေးပါ...
လိုအပ်တဲ့သူများ>>>ဒီနေရာလေးကနေ (သို့) ဒီနေရာကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်....
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ကြယ်ကြွေဆုတောင်း
မှောင်မိုက်တဲ့ ငါ့ကမ္ဘာ
အလင်းရောင်လာပေးလှည့်ပါ နတ်သမီး။
ငါ့ရဲ့အသံလည်းနင်မကြား
မှုန်ပျပျ ဟိုးအဝေးက နင့်ရဲ့အလင်း
မြင်ရရုံနဲ့ ငါကျေနပ်ခဲ့ပါတယ်။
နင့်ရဲ့ပျော်ရွှင်စရာတွေ၊ နာကျင်စရာတွေ
ငါဝေမျှ ပေးချင်ခဲ့။
နင်ကတော့
ငါ့ရဲ့ဘ၀ကို ယောင်လို့တောင်
လှည့်မကြည့်တော့ဘူးလား။
မျှော်လင့်နေပါတယ် ဆိုတဲ့စကားတစ်ခွန်း
ငါ မပြောပါဘူး။
ငါက…
မျှော်လင့်ခွင့်လေးတောင်မရှိတဲ့သူပါ။
ဒါပေမဲ့
Blog post များတွင် ကွန်မန့်ပေးခြင်း
အဆင့် >>>၁၊ ပို့စ်တစ်ခုကို ကွန်မန့်အေးချင်လျှင် အရင်ဆုံး သင်ပေးချင်သော ပို့စ်ခေါင်းစဉ်(သို့)ဆက်လက်ဖတ်ရှုရန်(သို့)ကွန်မန့်ပေးရန် တက်စ်များမှ ကြိုက်ရာကိုနှိပ်ပါ...
အဆင့် >>>၂၊ ကွန်မန့်ဘောက်မှာ သင်ရေးချင်သောအကြောင်းအရာကိုရေးပြီး Select profile မှ အကောင့်ရှိရာတစ်ခု(သို့)Anonymousကိုရွေး၍ Publishကိုနှိပ်ပြီး ကွန်မန့်ပေးပါ
Google အကောင့်နှင့် နာမည်အပြည့်အစုံပါထည့်ပြီးကွန်မန့်ပေးရန်
ပေါ်လာသော စာလုံးများကိုမှန်အောင်ထည့်ပေးလိုက်ပါ ပြီ၇င်တော့Publishပေါ့
ဒီလောက်ဆိုရင်တော့ ကွန်မန့်ပေးဖို့ စေတနာ၇ှိသူများ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်
YouTube Downloader HD v2.8Portable
ဒါလေးကတော့ Youtube ကနေ သီချင်းတွေ ကိုဒေါင်းလုပ်ဆွဲပြီး သိမ်းထားချင်သူများအတွက် Youtube downloader HD လေးဖြစ်တဲ့ Portableဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ် ဒေါင်းရန်>>>လင့်လေး ကနေဒေါင်းယူလိုက်ပါ... ပြီးရင် ဖိုင်ကို Extract လုပ်ပြီ အ၃ပြုနိုင်ပါပြီ...အ၃ပြုပုံကိုတော့ ဒီ>>>နေရာလေးမှာသွားရောက်လေ့လာနိုင်ပါတယ် အဲမှာပဲ windowအတွက် လိုချင်သူများ ဒေါင်းယူနိုင်ပါသေးတယ်.....
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
Mozilla Firefox v10.0eng Portable
ဒီနေ့စပြီး မိတ်ဆက်ပေးချင်တာကတော့ Brower ဆော့ဝဲများ အများအပြားရှိသည့်အနက် လူကြိုက်များလှတဲ့
Mozilla Firefoxကို USBစတစ်နဲ့ အလွယ်တစ်ကူ သယ်ဆောင်သွားနိုင်မဲ့Portable
ဆော့ဝဲလေးပဲဖြစ်ပါတယ်...သူ့ရဲ့ဖိုင်ဆိုဒ်ကတော့ 16.78MBပဲရှိပါတယ် နောက်ဆုံးထွက်ဗားရှင်း10.0 Eng:လေးပါ...ဒီလင့်လေးကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်...၅စက္ကန့်လောက်ပဲစောင့်လိုက်ပါ..
ပြီးရင်တော့ မိမိတို့ လိုအပ်သလို အ၃ပြုနိုင်ပါပြီ....  ဒီလင့်လေးမှာလည်းဒေါင်းလုပ်ရနိုင်ပါတယ်
ပြီးရင် မိမိတို့ USBစတစ်လေးထဲထည့်ပြီး
ရှင်းပြပေးခဲ့ပါ...ချစ်သူ
နားလည်ပေးစေချင်တယ်တဲ့
ဘယ်အတိုင်းအတာထိ နားလည်ပေးစေချင်လဲ?
လုပ်ချင်တာ လုပ်နေတဲ့ လုပ်ရပ်တိုင်းကို
မသိကျိုးကျွံပြုပေးဖို့ နားလည်မူမျိုးလား?
Plz…ရှင်းပြပေးခဲ့ပါ..ချစ်သူ…
သိတတ်စေချင်တယ်တဲ့
ငါ...မဟုတ်တဲ့ နောက်တစ်ယောက်နဲ့
ကြည်နူးစွာရှိနေတဲ့ အခါ….
မျက်ကွယ်ပြု…အနားက ထွက်သွားပေးရမယ့်
သိတတ်မူလေလား?
မင်းပေးတဲ့ဆုတောင်း မပြည့်ပါရစေနဲ့
သိပ်ချစ်တယ်လို့ပြောခဲ့တဲ့စကား….
အခုတော့မေ့ပြီလား….
ထာဝရလက်တွဲမယ်လို့
ယုံမှတ်ထားချိန်ကျမှ……
မင်း…လုပ်ရက်တယ်နော်….
မင်းပျော်ဖို့အဓိက…
မင်းဟာငါ့ဘ၀မို့…
မင်းသွားမယ့်လမ်း
ဖြောင့်တန်းပါစေ.. ငါ..ဆုတောင်း
ဘယ်တော့မှမဟောင်းတဲ့အချစ်တွေနဲ့….
အသက်ထက်ဆုံးချစ်နေမှာ…
RealPlayer SP Plus v15.0.1.13.zip
video/audio များကို ကြိုက်နှစ်သက်ရာ လင့်များမှ တိုက်ရိုက်ကြည့်ရှုနိုင်ရုံမက downloader/converter/uploader/sharing စသဖြင့် ဝင်းဒိုးများအတွက် ရှိသင့်သော softwareလေးဖြစ်ကြောင်းပါ......
ဒေါင်းလုပ်
ခေတ်ပေါ်သတင်း
အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်
မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ
မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ
အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံးထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယောက်ျားလု စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့
ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့်
ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်)
က ပယ်ချလိုက်ကြောင်း.....