RSS

နေကြတ်ချိန်


အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံးလိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ကောင်မို့
…
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန် … လို့။
                       တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
      

ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

မဆိုင်တော့ဘူး



ကြာတော့ ကြာပါပြီ….
ရင်ထဲက အတွင်းဒဏ်ရာတော့ နာနေတုန်း…..
မဆိုင်တော့ မဆိုင်တော့ဘူး…
ပတ်သက်ဖူးတဲ့..အကြောင်းအရာ အချို့ ဖျောက်ဖျက်လို့ မရသေးဘူး….
 ဦးနှောက်ကလည်း မေ့ပစ်သင့်ပြီ ပြောနေပြီ
နှလုံးသားက ငြင်းဆန်လို့ ကောင်းနေတုန်း …
 ဒီလိုချိန် ပိုဆိုးတာပေါ့….
မတွေးမိပဲ မင်းကြောင်းတွေ ၀င်ဝင်လာတာ…
မကြည့်ပဲနဲ့..မြင်မြင်ရာ မင်းပုံရိပ်တွေ ဖြစ်နေတယ်

ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

ချစ်သူများ နေ့

ချစ်သောကောင်မလေး သူသိပါစေ
ကောင်မလေးရယ် …
ဆံသားတွေ အရောင်မပြောင်းခင် …
သွားတွေ အစီအရီ ရှိနေတုန်း …
စောင့်နေတဲ့ အဖြေ တ၀က်လောက်ဖြစ်ဖြစ်
လိုချင်နေမိသူရဲ့ ခံစားချက်တွေ
ရင်ထဲမှာ ခံရခက်အောင် မွန်းကြပ်လို့
နောက်လာမယ့် နေ၀င်ချိန်တွေကို
အတူ ထိုင်ကြည့်ခွင့် ရချင်တယ် …

ချစ်သူတွေ ပျော်မြူးမယ့်
ဖေဖော်ဝါရီ ( ၁၄ )လည်း
တဖြေးဖြေး ချဉ်းကပ်လာလို့
အချစ်ရဲ့ အဝေး
ထွက်လို့ ပြေးမှာကို
တိတ်တိတ်လေး စိုးရိမ်တယ် …
အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ …
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် … ကောင်မလေးရယ် … ။
                                                     By;Zero Boyz

ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

ရင်နာလျက်က ပျော်နေမယ်

အလွမ်းတွေနဲ့အနားသတ်
အချစ်တွေနဲ့ဆေးခြယ်
ရင်ခုန်သံကိုအသက်သွင်း
မင်းအတွက်ချစ်ခြင်းဆိုတဲ့ ပန်းချီတစ်ချပ်
ငါ့နှလုံးသွေးစက်နဲ့ ရေးပြခဲ့တာ
မင်းမခံစားတတ်ခဲ့ဘူးနော်…..
တမ်းတခြင်းတွေမျိုသိပ်..
အိပ်မက်တွေခေါက်သိမ်း
မျှော်လင့်ခြင်းတွေရိုက်ချိုး
တိတ်တခိုးနဲ့ညဉ်းခဲ့ရတဲ့တေးသွား
မင်းအနားမှာပျံ့လွင့်နေလည်း…
မင်းတစ်ယောက် မကြားတတ်ခဲ့ဘူးနော်………
တကယ်တော့ငါ့အတွက်
အချစ်ဆိုတာ…..
တစ်ဖက်သက်ချိုမြိန်နေရတဲ့
ခါးသက်သက် ၀ိုင်တစ်ခွက်ပဲ…..
ယုံကြည်ခြင်းတွေငါ့အနားကပျောက်ကွယ်ချိန်
ခပ်ယဲ့ယဲ့ကျန်တဲ့ ကတိတွေကိုတမ်းတရင်း
ဟိုးးးးးအဝေးက တစုံတရာကိုမျှော်လင့်လျက်က
ဒဏ်ရာတွေနဲ့မွန်းကြပ်လွန်းတဲ့အခါ
မင်းနာမည်လေးကိုတီးတိုးရေရွတ်နေမိတာ
ငါမင်းကိုစိတ်မနာရက်လို့လေ………..
မြင်စေချင်တယ်
နင်မယုံကြည်တဲ့လူတစ်ယောက်ဆီမှာ
ဘယ်လောက်လေးနက်တဲ့ချစ်ခြင်းတွေရှိတယ်ဆိုတာကိုလေ
ပြောခွင့်မသာ ပြခွင့်မရှိတဲ့ငါ့အတွက်
နင်ရက်စက်မယ်ဆိုလဲ သဘောရှိပါပဲ
တခါတလေလောက်….
နင့်ရင်ထဲငါရှိနေရင်ပဲ
ငါလေ………………
ရင်နာလျက်က ပျော်နေမိမှာအမှန်ပဲ…..။        ။
                                    By:naungye

ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

FB မှတွေ့တက်ရာရာ

လွဲလွဲလေးပဲကောင်းပါတယ်

ဘယ်လောက်အကြံပိုင်ကြလဲစာစစ်ရယ်

မျိုးဆက်သစ်လူငယ်ကွ

Format Factory Portable


ခုတစ်ခါကတော့ ကွန်ပြူတာတိုင်းမှာ ရှိသင့်တဲ့ Mp3/Mp4/Avi/Flv/...အစရှိသဖြင့် Audio/Video/Image Fileများကိုမိမိတို့ အလိုရှိရာ ပြောင်းလဲပေးနိုင်မဲ့ Converter ဆော့စ်ဝဲလေးဖြစ်ပါတယ် Converterတွေကတော့ အများကြိးရှိပါတယ် ခု ကျတော် တင်ပေးမှာလေးကတော့ အ၃ပြုရတာလည်းလွယ် freeလည်း ဖြစ်တဲ့အပြင် Pottableလေးဆိုတော့ USBစတစ်လေးထဲမှာထည့်ပြီး အ၃ပြုနိုင်တာပေါ့...အဲကောင်လေးကတော့Format Factory v2.80 size48.3MB လေးပါ...
လိုအပ်တဲ့သူများ>>>ဒီနေရာလေးကနေ (သို့) ဒီနေရာကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်....
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

ကြယ်ကြွေဆုတောင်း

မှောင်မိုက်တဲ့ ငါ့ကမ္ဘာ
အလင်းရောင်လာပေးလှည့်ပါ နတ်သမီး။
ငါ့ရဲ့အသံလည်းနင်မကြား
မှုန်ပျပျ ဟိုးအဝေးက နင့်ရဲ့အလင်း
မြင်ရရုံနဲ့ ငါကျေနပ်ခဲ့ပါတယ်။
နင့်ရဲ့ပျော်ရွှင်စရာတွေ၊ နာကျင်စရာတွေ
ငါဝေမျှ ပေးချင်ခဲ့။
နင်ကတော့
ငါ့ရဲ့ဘ၀ကို ယောင်လို့တောင်
လှည့်မကြည့်တော့ဘူးလား။
မျှော်လင့်နေပါတယ် ဆိုတဲ့စကားတစ်ခွန်း
ငါ မပြောပါဘူး။
ငါက…
မျှော်လင့်ခွင့်လေးတောင်မရှိတဲ့သူပါ။
ဒါပေမဲ့