RSS
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဆွေးရိပ်-၂


                                                            ဆွေးရိပ်-၂

ဘ၀တစ်ခုလုံးကို
အလွှမ်းမိုးနိုင်ဆုံးသော လူသားပါပဲ
ဆယ့်နှစ်ကျိုးမတတ်ပေမယ့်
… ခုထိ..
အပြစ်မြင်မှုတွေထဲ ကိုယ်ယောင်ဖျောက်နိုင်တုန်း….။
အလွမ်းတွေနဲ့ ဘယ်လောက်ပဲ ဇာတ်နာခဲ့ပါစေ
သက္ကရာဇ်တွေတိုင်း ချစ်ခြင်းတွေသာ တည်တံ့….
ထိုဖြစ်တည်မှုတစ်ခုနဲ့ နေထိုင်ရတာ အဆင်ပြေပါတယ်။
မျှော်လင့်ခြင်း ၀ိညာဉ်…ကျွမ်းလောင်ခံပြီး
နားလည်မှုကို အကောင်အထည်ဖော် ရေးခြစ်
ဟန်ဆောင်ရင်းပဲဖြစ်ဖြစ်
ကြေကွဲရင်းပဲဖြစ်ဖြစ်
အနည်းဆုံးတော့……
မျက်ရည်ကြားက ပြုံးပြမိခဲ့တာချည်းပဲ။
ပေးဆပ်ခြင်းတွေက
သက်ဆိုင်သူရဲ့ ရာဇ၀င်မှာ…မီးခိုးသာသာဆိုပေမယ့်
အဲ့ဒီ့အထဲ
နှလုံးသားတစ်ခုပါနေတယ်ဆိုတာ…..
မိုးပြိုခဲ့ရင်တောင် သိနိုင်မယ်မထင်။
တခါက နှောင်ကြိုးကို အားကိုးပြီး
အတတ်နိုင်ဆုံး ရွှင်ပြသွားမှာ
သေရာပါမယ့် အကျင့်စရိုက် ဖြစ်နေပြီမို့…..
ရက်စက်လိုက ရက်စက်
ထားခဲ့လိုက ထားခဲ့ပါလေ…
ကျန်ရစ်မယ့်သူက…ခွင့်လွှတ်ခြင်းတွေ သိုမှီသိမ်းရင်း
ကာလလွန် အတိတ်ဆီသို့သာ ခြေဆန့်ခရီးနှင်ရုံပေါ့။ ။
                                                       By;ကေသရီ

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

ဆွေးရိပ်-၁


                                                      ဆွေးရိပ်-၁

မျှော်လင့်ထားပါရစေ
ယုံကြည်ခြင်းတွေ ၁၀၀ % မလင်းလက်လည်း
တချို့တ၀က်လောက်တော့ သံသယကင်းကင်း တွယ်ငြိချင်မိတယ်……။

ငါတို့လက်ဖ၀ါး၂ခု မညီမျှသလိုပဲ
တခါတလေ ခံစားချက်တွေလည်း ပေါင်းစပ်မရတာတော့ရှိမယ်
ဒါပေမယ့် ချစ်
ငါ…… နင့်ဘ၀ထဲ တတ်နိုင်သမျှ စီးဝင်နစ်မျောကြည့်မှာပါ….။

အရှုံးနယ်နိမိတ်ထဲက ငါ……
နင်ရှိနေတယ် ဆိုတဲ့အသိနဲ့ တဖြည်းဖြည်း ရုန်းထွက်လာခဲ့မယ်
အနိုင်ယူမှုတွေ မပေးရင်နေပါ………..
ချစ်…..
…….နင့်ကိုတော့ ထပ်မဆုံးရှုံးပါရစေနဲ့……။

နင်က ငါ့အတွက် ဆုလာဘ် ချစ်ရဲ့
နင်မသိတာဖြစ်မှာပါ
ငါပိုင်ဆိုင်သမျှ စက္ကန့်တွေကအစ…… နင့်ကြောင့် အားပါးတရ အပြုံးတွေဝေလို့……..

ဘယ်လို အဆုံးသတ်ကြမလဲ ချစ်ရယ်
တစ်ခါလွမ်းမိတိုင်း….တစ်ရာသီစာ အထီးကျန်နေမိတယ်
ငါနေထိုင်နေတဲ့ ဆွေးရိပ်ရပ်ဝန်းထဲမှာ…..
သတိရခြင်း ယဉ်ကျေးမှုတွေနဲ့ ငါ ဘယ်အချိန်ထိ ရင့်ပါးနေရမလဲ……….?

                                                                               By;ကေသရီ

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

သူတော်ကောင်း တရားပျက်


                             သူတော်ကောင်း တရားပျက်

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ.....။
                                 (နဝမ)ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ

မောင်မကျော်နိုင်ခဲ့ပါဘူး

                                        မောင်မကျော်နိုင်ခဲ့ပါဘူး By;tabound

ဒီနေ့ ….
ကိုယ်ကိုကိုယ်ငုံကြည်မိတယ်…..………
ကျွှန်တော်….ကိုယ်နဲ့မတော်တဲ့.….ဖိနိပ်စီးပြီး.
အိပ်မက်ကမ္ဘာကို ခရီးဆက်နေတာ…..
အတော်တောင်ကြာပေါ့………….………..

ဖိနိပ်ပါးမပါးတော့….
မသိဘူး……ကျွှန်တော်ရင်ဘက်ထဲမှာ….
နှလုံးသားတစ်ခု..ရှာတောင်မတွေတော့ဘူး………………
ပြောကျတယ်…
လူတွေက…ကိုယ်ဘက်ကိုယက်တဲ့….လိပ်မျိုးတဲ့…
ကျွှန်တော်တော့…ယက်ရင်ယက်ရင်...

ကျွန်တော့်ရဲ့ “တွေးမိတွေးးရာ အမှတ်တရ ကဗျာစာစု” စာအုပ်လေး

ကျွန်တော် ရေးထားသမျှ ကဗျာ တွေထဲက အချို့ကို စုပေါင်းပြီး စာအုပ်တစ်ခု ပြုလုပ်ထားတာပါ... သူငယ်ချင်းတွေအားလုံးမျှဝေ ခံစားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်... အဆင်ပြေစွာ ဒေါင်းလုပ်ရယူနိုင်ဖို့ နေရာ သုံးခုမှာ တင်ပေထားပါတယ်... အပြီးသတ်ကိုတော့ ပိုက်ပိုက် မရှိသေးလို့ မထုတ်နိုင်သေးပါဘူး... အွန်လိုင်းက သူငယ်ချင်းတွေလည်း မျှဝေခံစားပေးပါဦး.....။
Download From Mediafire>>>
Download Here
Download From Minus>>>
Download Here
Download From Sharebeast>>>
Download Here
အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

ပြီးဆုံးခြင်း By;Hero Smith

မိုးရဲ့ ဖျော်ဖြေပွဲမှာ
ဆောင်းနေရာမရခဲ့သလိုမျိုး
ကဗျာတွေချိုးနေရင်း
အဲဒီမျက်စောင်းအစင်းစင်းမှာ
ဒဏ်ရာအကြီးအကျယ် ရခဲ့ဖူးတယ်…
တလွင်လွင်တသိမ့်သိမ့်နဲ့
အသံချိုချိုတွေအဆုံးမှာ
ပြောမပြနိုင်စရာအသင်္ချေရှိရဲ့
ငါသိခဲ့ပေမယ့်
စက်တိုင်ပေါ်တက်ခဲ့တယ်…
လေပြည်နဲ့တီးခတ်တဲ့
အဲဒီဂီတသံတွေကြား
ဘယ်လိုသူရဲကောင်းတွေများ
ခေတ်အဆက်ဆက်
ပက်သက်ခဲ့ကြဖူးသလဲ…
ကိုယ့်လမ်းကိုပြန်ရှာရင်း
ဆူးတွေလဲနင်းမိပါရဲ့
တစ်လုံးတည်းသီးခဲ့တဲ့အပင်မှာ
မျက်နှာမလိုချင်ပါဘူးကွယ်
ငါ့ဟာငါ ပဲ ထောင့်မှန်ကျကျလမ်းခွဲခဲ့ပါတယ်…
ဆိုဆုံးမ မရမယ့်အတူတူ
အနာဂတ်ကိုမပူတော့ပါဘူး
ငါ့ညဦးတွေ စုတေခဲ့ကြပြီးပြီ
ကဗျာကိုက်သွားတဲ့ နာရီတွေမှာ
နာမည်တစ်ခုကို ခွာရင်း
တရှိုက်မတ်မတ်ပေါ့လေ….
ရှိနေပါတယ်
ဖျတ်ချင်လို့ ဖျတ်မရတဲ့အတူ
ဆက်ပဲသိမ်းထားလိုက်ပါမယ်
ကြွယ်ဝတဲ့မျက်စောင်းများအကြောင်းစာအုပ်မှာ
သူမ စာရင်းပါနေမှာပါ
အမှတ်တရများကတော့
ငါ့ကို လွတ်လပ်ခွင့်ပေးဖို့
နောက်ဆုံး အောက်ကျို့ခြင်းနဲ့ပဲ
အိပ်မက်နဲ့လဲလိုက်ပါရဲ့….
                                      By;HEROSMITH


အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

အဆုံးရှုံးခံ နှလုံးသား

ငါ့နှလုံးသားထက်က
အချစ်ဆိုသော စာမျက်နှာ
ငါချစ်တဲ့ နင့်ကြောင့်သာ
အသက်ဝင်တယ်…..
ငါမရင်းနှီးသေးသော
ငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာ
နင်စိတ်တိုင်းကျ
ဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါ
နင်ထားရာနေ စေရာသွား
နင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..
နင်ပျော်မယ်ထင်ရင်
ငါ့ရင်ကို စုံကန်လို့
ငါ့နှလုံးသားကို
နင်းချေ ထွက်သွားလိုက်ပါ
နင့်ကိုမုန်းဖို့မတတ်နိုင်မှတော့
နင်မယုံကြည်နိုင်တဲ့
ငါ့အချစ်တွေကိုသာ
အပြစ်ပုံချလို့

ဒီကဗျာ မဖတ်ပါနဲ့

         ဒါလည်း မဖတ်ပါနဲ့
ဒီကဗျာကိုမဖတ်ပါနဲ့ ဆိုလာဖတ်တာကို
ဒီလိုဗျာ
ပီတိကိုစားအားရှိ၏
အဲ့ ဒီခံစားချက်ကကဗျာဆရာမှာလဲရှိတယ်လေ။
ကဗျာတစ်ပုဒ်ထဲမှာကဗျာဆရာက
ဝေဒနာသည်တစ်ယောက်လို
အလူးအလဲဖြစ်နေတာဗျာ…..
ဖတ်ပြီးရင်ကွန်မန့် တော့ ပေးသင့် တာပေါ့ 
အဲ့ ဒီတော့ ဒါဟာကဗျာဆန်သည်ဖြစ်စေ
ကဗျာမဆန်သည်ဖြစ်စေ
ဒီကဗျာဖတ်ပြီးမှတော့ 

...ကောင်မလေး...

 
ကာင်မလေး
ပတ်သတ်ဆက်နွယ်မှုတွေက
ကြိုးတစ်ချောင်းဆိုရင် ငါကတော့
ဓားတစ်ချောင်းလို့မြင်ပြီး အရာရာကိုခုတ်သတ်ပစ်မိမှာပဲ…..
ကောင်မလေး
နူးညံ့တဲ့အထိအတွေ့တွေက
ခံစားမှုဆိုရင် ငါတို့ရဲ့ရင်ဘက်တွေကို
အသိမ်မွေ့ဆုံး ပန်းပုရုပ်အဖြစ် ထွင်းထုမိမှာပဲ…..
ကောင်မလေး
ဒုက္ခတွေကို ငါ့အတွက်ထားခဲ့ပါ
ပျော်ရွှင်မှု သုခတွေကို နင်ယုယစွာနဲ့ခံယူပါ…..
ကောင်မလေး
နင့်အိမ်မက်ထဲမှာ ငါမပါရပေမယ့်
နင့်အတွေးရဲ့ တစ်ထောင့်တစ်နေရာမှာ
ငါရှိရင်ပဲ ကျေနပ်ပါတယ် ….
ကောင်မလေး
အသုံမ၀င်တဲ့ဖြေရှင်းချက်တွေ မလုပ်ပါနဲ့
အသုံးမကျတဲ့ငါ့ကိုပဲ အပြစ်တင်ပါ
ငါဟာ သုံးစားမရတဲ့အရှုံးသမား ဘ၀နဲ့ပဲ
ရှေ့ဆက်ပါရစေ………
                              By;Dozet 
ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေခဲ့တာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....

၂၃ တိမ်စောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....

လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....

ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ...
                                        By;လေလွင့်သူ(ကမာမြေ)

တစ်လောလေးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်က အရေး ကိစ္စနဲ့ ပတ်သပ်ပြီး ဖြစ်ပေါ်လာတဲ့ အတွေးကဗျာ(၂)ပုဒ်

                            ရွာနားက မြက်
ရေကြည်တိုင်းမြက်နုရအောင် နွားကြိုက်ဖို့ အလိုက်မဆောင်ချင်ဘူး
ရွားနားကမြက်ကို ရွာနွားမစားပေမဲ့
ရွာနားကနွားတွေ မြက်ကြမ်းစားတက်အောင်လည်း
ကျတော်မသင်တက်ဘူး
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုရင်လည်း
သူတောင်းစား မဖြစ်ဖို့...
တစ်ရွာမပြောင်းဖို့တော့ တောင်းပန်ပါ့ရစေ
ပြောင်းဖြစ်ရင်လည်း အဟောင်းအသစ်တွေတော့
ခွဲမသွားပါနဲ့...
သဲစားတဲ့ဝဲတွေလို ကွက်ပြောက်ကျားနေတဲ့
အချိန်မှာ
ဝဲကသဲကို ပြန်စားနိုင်ဖို့ တို့တွေအတူမခွဲပဲ
အူတွဲနေတဲ့သူတွေလို ဒီလူငမွဲတွေကို နှိမ်နှင်းကြရအောင်လားဗျာ.....။
                                                                      သျှင်လောင်(S.A.i)

                    

သူငယ်ချင်းများစွာ အတွက်

တစ်တောင်တက် 

တစ်တောင်ဆင်း

တစ်တောင်ပြီး တစ်တောင်

ခရီးနှင်ရင်း

ဆုံတွေ့ဖြစ်တဲ့ သူငယ်ချင်းများ…


တကွေ့မှာ ဆုံတွေ့ရင်း

တကွေ့မှာ နှုတ်ဆက်ရင်း 

ရင်းနှီး ခွဲခွာ လူ့လောကမှာ

အဆိုး အကောင်း ဒွံတွဲနေလဲ

ငါတို့တွေ လျှောက်နေရစမြဲ…


တခါတလေတော့လဲ ဘ၀ဟာ

ရုန်းရင်းနစ်ဝင်တတ်တဲ့ နွံလိုမျိုး

ပေါ့ပါးလန်းဆန်းတတ်တဲ့ လေပြေမျိုး

နိမ့်လိုက်မြင်းလိုက်စီးဆင်းတဲ့ ရေလှိုင်းလိုမျိုး

ဘ၀ရဲ့သခင် (မင်းကိုချစ်တဲ့သူ)

                                           ဘ၀ရဲ့သခင် (မင်းကိုချစ်တဲ့သူ)
တိတ်တဆိတ် ညတွေထဲ
အလွမ်းတွေကို ကဗျာဖွဲ့
အတွေးတွေကို နယ်ချဲ့လို့
သူ့ရှိတဲ့နေရာ အပြေးလာခဲ့တယ် (အိပ်မက်)…

စိတ်ကူးယဉ် ကမ္ဘာလေးထဲ
သူ့ရဲ့လက်ကလေးကိုတွဲလို့
ဆည်းဆာအလှ ရှုစားရချိန်မှာ
ကျနော်ဟာ ကမ္ဘာပေါ်မှာ
အပျော်ဆုံးလူသားပါပဲ

ပြုစားခံထားရတဲ့ နှလုံးသားလို
သူ့စကားကို ထပ်ကြပ်မကွာ
သူ့အနားမှာ ခစားချင်တဲ့
သိပ်ချစ်ရတဲ့ ကောင်မလေးရယ်
တစ်နေ့ထပ်တစ်နေ့ ချစ်သထက်ချစ်ပါပဲ

အမည်မသိခြင်း၏ ခေါ်ဆောင်ရာ

                                    "အမည်မသိခြင်း၏ ခေါ်ဆောင်ရာ"
ရင်ဖိုခြင်းနှင့်အတူ
နှလုံးသားရဲ့ ၁ဒေါင့် ၁နေရာမှာ
နွေးထွေးခြင်းလေး
အမည် မသိခြင်းနှင့်အတူ
နေရာယူသွားခဲ့တယ် …..။
ကြည်နူးခြင်းတွေ စွတ်ပျံ့
အလွမ်းရနံ့တို့က ငါ့ ခန္ဓာအနှံ့
အမည် မသိခြင်းနှင့်အတူ
ရင်ခုန် မိသွားတယ် ……။
သတိရခြင်းတွေ ပျံ့ထွက်
စိတ် ၀ိဥာဉ်ကို
ခေါ်ဆောင်သွားတာက
သူ ရှိရာ အရပ်ဆီသို့
အမည် မသိခြင်းနှင့်အတူ
လွမ်းမော တတ်လာတယ် ……။
ကြေကွဲမှုတွေ ယိုစီး
အသွေးအသားထိကို
သူ့ကြောင့် ရရှိ စိတ်ဒဏ်ရာတွေ
ကျတော့ ရင်တွင်းနဲ့
နှလုံးသားဆီသို့
ရင်နာခြင်းနှင့်အတူ
ဝမ်းနည်းခဲ့ရတယ် ……..။
အမည်မသိခြင်းများစွာနဲ့ ကျတော်
အဖြေမထုတ် ... မေ့ပစ်ဖို့ မေ့နေလိုက်တာ …..
မချစ်သင့်သူကိုမှ ချစ်မိသူ ကျတော့အဖို့
တခါတလေ သူ့ဘက်က လစ်လျူရှု့တာ မဟုတ်ခဲ့ပါဘူး …..
ကျတော့ ဘက်က အလိုက်သိတတ်လွန်းသွားတာပါ ………………..။
(၃ဝ-၄-၂ဝ၁၂) တနင်္လာ                                                     By:panei

သူငယ်ချင်းအတွက်>>>ခွဲခွာချိန်

                                                 "ခွဲခွာချိန်"
ခွဲရတော့မှာကို သိနေတဲ့အချိန်…
ရင်ဘတ်တစ်ခုလုံး
လောင်ကျွမ်းနေပေမယ့်…
အပြုံးတစ်ခုကို တပ်ဆင်ထားနိုင်ခဲ့တယ်…

နင့်မျက်နှာလေးကို
ငေးငေးကြည့်ရင်း…
စက္ကန့်တံ တစ်ချက်ရွေ့တိုင်း
ငါတို့..ပိုပိုဝေးသွားမှာကို သိနေတော့
နာရီသံတွေကို မျက်ကွယ်ပြုထားလိုက်ချင်တယ်…
မငိုမိအောင်အတန်တန် ထိန်းထားရင်း...

နိစ္စဓူဝကောင်းကင်

* လေသွေးရာဆောင်းရူးကြား
ပြောင်းကူးသွားတဲ့ ကြယ်စင်များအတွက်
ကောင်းကင်ရဲ့ အခင်းတ၀က်ဟာ
လင်းရာမှ….မှိန်ပျောက်ခဲ့တယ်။
* လောကဟာ..ကလီကမာနဲ့
မုသားတွေ ထောင်ချီ သိမ်းပိုက်ထား
မြေလွှာပေါ်နားတဲ့ နှင်းစက်
တခါတခါ မျက်ရည်
တခါတခါ ငွေ ငွေ့
အဖြူကာလာနည်း ရောင်စုံမျက်လွှာထဲ
ကြိမ်ဖန်များစွာ စိုက်စိုက်ကျ

နှလုံးသားစက်ရုပ်

zwani.com myspace graphic comments
\\\\\လူတစ်ယောက် စိတ်ချမ်းသားဖို့
တယောက်က စတေးရတရ်
ငါတို့တွေ ဝေးကွာဖို့
ဘယ်သူတွေက သင်ပေးခဲ့တာလဲ…
လေးလံစွာ ထခဲ့ရတဲ့ မနက်ခင်း
ငါ့အတွက် ပူလောင်လွန်းတဲ့နေမင်းရယ်
သူမရှိတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ
ငါ့မနက်ခင်းတွေကို မကြိုဆိုချင်ဘူး…
ပြိုနေတဲ့ အိပ်မက်တွေကြားက
အလိုလိုကျနေတဲ့ မျက်ရည်စက်တွေကို
ငါအဖြေတွက် ကြည့်သေးတရ်
သုညဆိုတာ ဘယ်ရောက်ရောက် သုညပါပဲ…

အကုန်ဝအောင် ငိုခဲ့ပြီးလို့
ငါဘ၀ခရီးကို ဆက်ခဲ့တရ်
တွဲလက်မရှိတော့တဲ့ ငါ့အတွက်

အိမ်မက်ကဗျာ

                       " အိမ်မက်ကဗျာ "
"စူးစမ်းတာလား၊ ရူးနှမ်းတာလား မသိပါဘူး
ဇရာငယ်ငယ်၊ မလည်ဝယ်ပဲ
အချစ် အချစ်နဲ့၊ ပစ်ခဲ့တာပဲတွေ့ရတယ်
အမှိုက်မပစ်ရ ဒဏ်ငွေ၁၀၀၀၀ိ/လို့
ရေးထားတာကို၊ သူမသိလေသလား
အခုတော့ ငါ့နှလုံးသားက မင်းရဲ့ အမှိုက်ဖြစ်လို့
အရေးထဲခွေးကလာဆွဲသေးတယ်
နာကျဉ်လွန်းလို့၊ လန့်အော်မိတော့
အမေက ရေသောက်မလားတဲ့
သြော်...တော်သေးတာပေါ့
ကာရန်မညီသေးတဲ့ ဒဏ်ရာများလို
အိမ်မက်ထဲက ကဗျာလေးဖြစ်လို့.....။"
                                          By:ရှင်လောင်(S.A.i)
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....

ခုံပြာလေးက စောင့်နေမယ်

တောင်တန်းတွေက နံရံတွေလို
တားဆီးပါစေ ဆွဲဖယ်လိုက်မယ်
လိုက်ကာများလို ဝေးလံခရီး
ကိုယ့်ဖို့နီးစေ ချစ်တွေးသီကာ
မျှော်ရည်မှန်းလို့ လှမ်းခဲ့တယ်

ကြင်နာသူ သူ့နှုတ်ခမ်းဖျားက
မရေရာ ဆိုတဲ့စကား
“ချစ်ချင်တော့ဘူး ပျင်းတယ်တဲ့”
မချိုနိုင် ခါးသက်သက်မို့
ရင်ခွင်မှာ အပီအောင့်ကာ
မှိုင်တွေကာ ကျန်ရစ်တယ်
ပြန်ချစ်ချင်သူမို့ မာန်တင်းလို့
လက်နှစ်ချောင်းထောင်တယ်
မခံချင်စွာ ဟန်လုပ်လို့ >>>

????????????????

ငါ့ နှ လုံး သွေး တွေ သာ စီး က ရက် တွေ ဖြစ် ခဲ့ ရင်
မင်း နံ ရံ မှာ အ ခါ ခါ ထိုး ချေ တောင်
ဘာဆိုဘာမှမပြောလိုဘူး ~~

ငါ့ ရင် ခွင် သာ အ ရုပ် တစ် ရုပ် ဖြစ် ခဲ့ ရင်
မင်း အ ကြိမ် ၁၀၀ က စား လို့ အ ခါ ၁၀၀၀ တက် နင်း တောင်
ဘာဆိုဘာမှမပြောလိုဘူး ~~
တ ကယ် တော့. . .  .ဘယ် တော့ မှ မ ပွင့် မှန်း သိ တဲ့ တံ ခါး ကိုအကြိမ်ကြိမ်ခေါက်ခဲ့ဖူးတယ်
ပြ က္ခ ဒိန် တွေ နောက် ရွှေ့
စ က္ကန့် တွေ နေ ထုတ် လှန်း လို့
လက် ဆစ် တွေ နာ တဲ့ အ ထိ ခေါက် ခဲ့ တယ်
——————————————————
——————————————————
…..သွေး….ဆို့…နေ.တဲ့…လက်…ဆစ်..တွေ…ရယ်…..
ဂျက်….ကျ...နေ..တဲ့တံ.ခါး…..ရယ်…။

                                              BY;Ray
ယခုလိုလာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

လိုအပ်နေဆဲ

အတောင်မရှိတဲ့ ငှက်
ပဲ့မရှိတဲ့ လှေ
သံစဉ်မရှိတဲ့ ဂစ်တာလို
မင်းမရှိတော့ ငါရင်ထဲမှာ ခြောက်သွေ့နေဆဲပါ.
ထွက်သွားသူနဲ့ထားခဲ့သူ
ဘယ်သူကပိုခံစားရမယ်ဆိုတာ
မင်းသိသင့်ပါတယ်
သစ္စာတွေ ကတိတွေထပ်ခါပေးခဲ့
ယုံကြည်ချက်တွေ ရိုက်ချိုးသွားရင်တောင်
မမုန်းဘဲ ချစ်နေမဲ့သူပါ….
”ချစ်ရင်ပစ်တယ်
ပစ်ရင်မေ့တယ်”တဲ့
သူများတွေ ပါးစပ်ဖျားက
ထွက်ကျလာလို့>>>