RSS
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

VZOအကြောင်း မြန်မာလိုရှင်းလင်းပေးထားသော နေရာလေးတစ်ခု

VZOနဲ့ပတ်သက်ပြီး မြန်မာလိုရေးထားတဲ့ မူရင်းဆိုဒ်လေးတစ်ခုကျတော်ခုမှတွေ့မိလို့တင်ပေးလိုက်ပါတယ်... အကောင့်မရှိသေးတဲ့ သူတွေအတွက်လည်း မြန်မာလိုပဲဆိုတော့ အလွယ်တစ်ကူ အကောင့်တစ်ခု လုပ်နိုင်ပါလိမ့်မယ်... အရင်က ကျတော် မတွေ့မိဖူးပါဘူး မူရင်ဆိုဒ်ဘ်ကိုပဲ မြန်မာဘာသာနဲ့ ဖော်ပြပေးထားတော့ မြန်မာလူမျိုးတွေ VZOအ၃များလို့လားလို့ တွေးမိတယ်... ကဲအကောင့်မရှိသေးသူများလည်း အလွယ်တစ်ကူလုပ်တက်စေမဲ့

ဒေါ်အောင်ဆန်းဆုကြည် ဒက်ဗလင်ဆုပေးပွဲအခန်းအနားမြင်ကွင်း(ဓာက်ပုံ)

သတင်းကတော့ ကျတော်မရေးတက်လို့ တစ်ခြားကတွေ့တာလေးကို ကိုယ့်မြန်မာတွေ ဂုဏ်ယူစရာမို့ ဖော်ပြလိုက်ရပါတယ်။
အမျိုးသား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည် အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မြို့တွင် မ​နေ့​က Freedom of Dublin ဆုနဲ့​ Ambassador of Conscience award တို့​ကို လက်ခံရယူခဲ့​ပါတယ်။
ဓာက်ပုံအပြည့်အစုံနှင့် သတင်းအဆုံအလင်ကို ဤနေရာမှ ကူးယူဖော်ပြသည်။
                         အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

သေဆုံးပြီးသော ဇနီးသည်နဲ့ အတူဆက်ဆံခွင့်ပြုတဲ့ အီဂျစ်ဥပဒေကို ဒေါသူပုန်ထကြ

သေဆုံးပြီးသော ဇနီးမယားတို့ရဲ့ အလောင်းကို ဇနီးသေဆုံးပြီး ခြောက်နာရီအတွင်း ခင်ပွန်းသည်တွေက လိင်ဆက်ဆံခွင့်အား တရားဝင်ဖြစ်တယ်လို့ အီဂျစ်နိုင်ငံ၏ ဥပဒေ အသစ်က အတည်ပြုပေးခဲ့တာပါ။
ဒါ့အပြင် တရားဝင် ယူခွင့်ရှိတဲ့ ဇနီးမယားရဲ့ အသက်ကိုလည်း အနည်းဆုံး (၁၄)နှစ်ဖြစ်ရမယ်လို့ ဥပဒေအသစ်ထဲမှာ ထပ်မံလျှော့ပေါ့ ကန့်သတ်ပေးခဲ့တာလို့ သိရပါတယ်။
ဒီလို ပြောင်းလဲအတည်ပြု ထုတ်ထားတဲ့ ဥပဒေအသစ်အတွက် အီဂျစ်အမျိုးသမီးများကောင်စီက ဒီလိုဥပဒေအသစ်တွေ ထွက်လာတယ်ဆိုကတည်းက နိုင်ငံရဲ့ လူ့အခွင့်အရေးဟာ အနှုတ်လက္ခဏာပြနေတာလို့ စည်းရုံးလှုပ်ရှားလျက်ရှိကြောင်း သိရသည်။
                                                                 ဤနေရာမှကူးယူ>>>Burmese Heart

၂၀၁၂အတွက် ကမ္ဘာမှာ သြဇာအရှိဆုံးက ဘယ်သူဖြစ်မလဲ...?

နာမည်ကျော်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ http://www.time.com ကနေ ကမ္ဘာ့အာဏာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ မှာ မဲပေးကြပါရန် ဆန္ဒပြုအပ်ပါသည်။ မည်သို့သောအကြောင်းကြောင့် မဲရွေးသည်ဖြစ်စေ။ ကျွန်တော်တို့ မြန်မာပြည်က အခု လွှတ်တော်ကိုယ်စားလှယ်က အနိုင်ရလိုက်တဲ့ NLD က အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန် နှစ်ဦးကို အဲ့ဒီ့ ရွေးချယ်ပွဲမှာ ပါဝင်နေပါတယ်. ဘယ်လိုပဲဖြစ်နေဖြစ်နေ မြန်မာပြည်ကြီး ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဦးသန်းစိန်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ပါတယ်. ပြီးတော့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် အခုလိုမျိုး စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ခဲ့ပြီး ယခုလို အနိုင်ရ ပါတီ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမေစု ကိုလည်း အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်. နိုင်ငံရေးဖက်မှာ စိတ်ဝင်စားမှု့မရှိဘူးဆိုပေမယ့် အခုရွေးချယ်ပွဲမှာ မြန်မာပြည်က

အွန်လိုင်းမှာ 500GBတောင် Freeသိမ်းထားလို့ရတယ်

 မိမိတို့ရဲ့ အရေးကြီးတဲ့ ဖိုင်တွေ ဓာက်ပုံတွေ....စသည်ဖြင့် မပျောက်ပျက်အောင် အွန်လိုင်းမှာ သိမ်းထားချင်ကြတယ်ဆိုရင် ဒီအကောင့်လေးတစ်ခုတော့ လုပ်ထားလိုက်ပါ...ကိုယ့်ဆီက ကောင်းတဲ့ Software လေးတွေကို ကိုယ့်သူငယ်ချင်းတွေဆီမျှဝေဖို့ အခတ်တွေ့နေရင်လည်း ဒေါင်းလုပ်လင့်လေးပေးပြီး ဒီဆိုက်လေးကနေ လွယ်လွယ်ကူကူ မျှဝေလို့ရတာပေါ့... Upload လုပ်တဲ့နေရာမှာလည်း တစ်ခြားသောဖိုင်သိမ်းတဲ့ ဆိုက်တွေထက်သာရင် ဒီဆိုက်လေးက ပိုမြန်တယ်ထင်ပါတယ်...ကွန်ပြူတာမှာလည်း သူ့ရဲ့ Uploading tool လေး ၃ပြီး ဖိုင်တွေကို

ဗိုလ်ချုပ်မွေးနေ့မှာ...

ဗိုလ်ချုပ်​မွေး​နေ့​ လွတ်လပ်စွာ ကျင်း​ပ

  by နော်နိုရင်း  ဒီက ​နေ့​ ​ဖေ​ဖော်ဝါရီ ၁၃ မှာ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ် ​အောင်ဆန်း​ရဲ့​ ၉၇ နှစ်​မြောက် ​မွေး​နေ့​အထိမ်း​အမှတ်ပွဲ​တွေကို ရန်ကုန်၊​ မန္တ​လေး​မြို့​ကြီး​တွေ အပါအဝင် မြန်မာနိုင်ငံတွင်း​က နယ်မြို့​တွေမှာလည်း​ လွတ်လပ်စွာ ကျင်း​ပကြပါတယ်။
ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို က​လေး​များ​နေ့​အြဖစ် သတ်မှတ်ပြီး​ ရန်ကုန်မြို့​ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပရာ ရန်ကုန်တိုင်း​ အတွင်း​ရှိ မြို့​နယ်​တွေက တြမို့​နယ် က​လေး​ ၅ ​ယောက် ဖိတ်​ခေါ်ပြီး​ ပန်း​ချီနဲ့​ ကဗျာပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​တယ်လို့​ အဖွဲ့​ချုပ် ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။
“​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ ဦး​ဝင်း​တင်​ရော၊​ ဦး​တင်ဦး​ရော က​လေး​တွေကို လာအား​ပေး​နေပါတယ်။ က​လေး​တွေက တြမို့​နယ်ကို ၅​ယောက် ဆို​တော့​ မြို့​နယ် ၄၀ ​လောက်​တော့​ ရှိတယ်။ က​လေး​ ၂၀၀ ​တော့​ မ​ကျော်ဘူး​။ ၁၀၀ ​ကျော်​တော့​ ရှိတယ်။ ဆုအ​နေနဲ့​က စာအုပ်၊​ ​ဘော(လ်)ပင်၊​ ​ရောင်စုံခဲတံ၊​ အဝတ်အစား​လေး​တွေလည်း​ ပါတယ်။ ဆုက​တော့​ ပထမ၊​ ဒုတိယနဲ တတိယလည်း​ ​ပေး​မယ်။ ဝင်​ရောက်ပြိုင်တဲ့​သူ အား​လုံး​ကိုလည်း​ မရမ​နေ အကုန်​ပေး​မယ်။”
မနဿတ​လေး​မြို့​အဖွဲ့​ချုပ်က မဟာ​အောင်​မြေရုံး​မှာ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မနက်ပိုင်း​က သံဃာအပါး​ ၂၀၀ ​လောက်ကို ဆွမ်း​လောင်း​လှူခဲ့​ပြီး​ ၄၁ လမ်း​မှာ ​ကော်ဖီ၊​ စတုဒီသာနဲ့​ မြီး​ရှည်​ခေါက်ဆွဲကို အခမဲ့​ ​ကျွေး​မွေး​ခဲ့​တယ်လို့​ မနဿတ​လေး​တိုင်း​ ပြန်ကြား​ရေး​ အဖွဲ့​ဝင် ဦး​မျိုး​နိုင်က ​ပြောပါတယ်။
“လာသမျှ လူ​တွေကို စတုဒီသာ​ကျွေး​ပါတယ်။ အခုက လူထုက ပြီး​ခဲ့​တဲ့​ နှစ်​တွေထက်စာရင် နိုင်ငံ​ရေး​ နိုး​ကြား​မှု ပိုရှိလာတယ်၊​ အသိစိတ်ဓာတ် ရှိလာတယ်။ ဘာလို့​လည်း​ ဆို​တော့​ အဖွဲ့​ချုပ်က လုပ်တဲ့​ ​ဈေး​ရောင်း​ပွဲပဲ ဖြစ်ဖြစ်၊​ အထိမ်း​အမှတ်ပွဲပဲ ဖြစ်ဖြစ် ခါတိုင်း​ဆို အဖွဲ့​ချုပ်ကလူ​တွေ​လောက်ပဲ တတ်ရဲတဲ့​လူ​လောက်ပဲ လာတယ်။ အခုက​တော့​ အဖွဲ့​ချုပ်အဖွဲ့​ဝင်သစ်​တွေလည်း​ လာတတ်သလို စိတ်ဝင်စား​တဲ့​ ပြည်သူလူထုကလည်း​ လာအား​ပေး​တာ ​တွေ့​ရတဲ့​အတွက် မနှစ်ကထက်စာရင် အများ​ကြီး​ တိုး​တက်မှု ရှိတယ်လို့​ ​ပြောလို့​ရတယ်။”
ရှမ်း​ပြည်နယ် ​အောင်ပန်း​မြို့​ ​အောင်ပန်း​စာကြည့်​တိုက်မှာလည်း​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ ​ကျောင်း​သူ​ကျောင်း​သား​တွေကို ပ​ဟေဠိ ပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​သလို အစား​သောက်နဲ့​ ​ကျွေး​မွေး​ဧည့်​ခံခဲ့​တယ်လို့​ ​အောင်ပန်း​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုက ​ပြောပါတယ်။
“​အောင်ပန်း​စာကြည့်​တိုက်အ​နေနဲ့​ ပြည်​ထောင်စု​နေ့​နဲ့​ ဗိုလ်ချုပ်​မွေး​နေ့​ကို နှစ်ပိုင်း​ခွဲလုပ်တယ်။ ၁၁ ရက် ၁၂ ရက် ​နေ့​တွေတုန်း​က​တော့​ အလယ်တန်း​အဆင့်​ ​ကျောင်း​ ၅​ကျောင်း​ကို ဖိတ်ကြား​ပြီး​ ပ​ဟေဠိပြိုင်ပွဲ​လေး​တွေ လုပ်တယ်။ ပြိုင်ပွဲပြီး​တော့​ ဆု​ပေး​ပွဲ​လေး​ လုပ်ပါတယ်။ ရိုး​ရာလွယ်အိတ်​လေး​ ထိုး​ပြီး​တော့​ တို့​ဗိုလ်ချုပ်ဆိုပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ပုံပါတဲ့​ ​ဆေး​ရိုက်ပြီး​ ​ရေး​ပေး​တယ်။ ​အောင်ပန်း​စာကြည့်​တိုက်ဆိုပြီး​လည်း​ ပါပါတယ်။ ဒီ​နေ့​ကျ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ကို မူလတန်း​အဆင့်​က​လေး​တွေကို ကျ​နော်တို့​ တတ်နိုင်သ​လောက် လူ ၂၀၀ စာ ကြက်သား​ဆန်ပြုတ်တိုက်ပြီး​တော့​ ​ကျောင်း​တွေမှာ လိုက်​ကျွေး​မွေး​ပါတယ်။”
ရှမ်း​ပြည်နယ်​အောင်ပန်း​မြို့​မှာ ဗိုလ်ချုပ်​မွေး​နေ့​ ကျင်း​ပတာ ပထမဆုံး​အြကိမ်ဖြစ်ပြီး​ လွတ်လပ်စွာ ကျင်း​ပခွင့်​ရတယ်လို့​ ပွဲစီစဉ် ကျင်း​ပသူ​တွေက ​ပြောပါတယ်။
အရင်နှစ်​တွေက ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို ကျင်း​ပတဲ့​အခါမှာ အာဏာပိုင်​တွေရဲ့​ ​နှောင့်​ယှက်ဟန့်​တား​မှု​တွေ ရှိခဲ့​ဖူး​ပေမယ့်​ ဒီနှစ် အ​နှောင့်​အယှက်​ပေး​တဲ့​ သတင်း​တွေ မြကား​သိရသလို ​ကျောင်း​သား​လူငယ်​တွေ ပိုမို ပူး​ပေါင်း​ပါဝင်လာတယ်လို့​ ကျင်း​ပသူ​တွေက ​ပြောပါတယ်။

၅၀၀၀ တန် Sim Card များ ရောင်းချမည်ဆိုခြင်းမှာ မဟုတ်မှန်

Our BIG President doesn't want it or what about 5000 kyats phone ??????
Posted by Soe on January 11, 2012 at 12:44pmSend Message View Blog.ကျပ် ၅၀၀၀ တန် Sim Card များ ရောင်းချမည်ဆိုခြင်းမှာ မဟုတ်မှန်
ရန်ကုန် (ဂျန်နဝါရီ ၉) - ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀၀ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။

ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေသော ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၏ ရလဒ်အဖြေအရ ၅၀၀၀ တန် Sim Card ရောင်းချမှု ဖြစ်လာမည်မဟုတ် ကြောင်း သိရသည်။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိ တဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်း တို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ် ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက သတင်းထောက်တစ်ဦး ၏ မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းမှာ နည်းဥပဒေအရ မဖြစ်နိုင်ကြောင်း ကိုထောက်ပြခဲ့သည့်အချက်ဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင်လည်း မြန်မာ့ဆက် သွယ်ရေး အနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော ကိစ္စဖြစ်သောကြောင့် တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက်ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်း စသည်ဖြင့် နည်းပညာအရ မဖြစ်နိုင်သေးသည့် အခြေအနေများကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်နှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးခဲ့သည်။

ထို့ကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ၅၀၀၀ တန်ဆင်းမ်ကဒ်ရောင်းချရန် နိုင်ငံတော် သမ္မတရုံးသို့ လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်ပြီး လက်ရှိ အခြေအနေတွင် လုပ်ကိုင်ခွင့်မရသေးကြောင်းလည်း သိရသည်။ ၅၀၀၀ တန် ဆင်းမ်ကဒ်ရောင်းချမည့် သတင်းသည် အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ စိတ်ဝင်စားသော သတင်းတစ်ခုဖြစ်လာခဲ့သည်။