RSS

လူသားအတွက်စည်းမျဉ်းများ

လူ့ပြည်မှာ လူဖြစ်ရတော့မဲ့ ဝိညာဉ်တစ်ခုကို သြဝါဒ ပေးထားတဲ့ သဘော(၁၀)ချက်(Rule For Being Human) ကျွန်တော် မှတ်သားဖူးသမျှ စာအုပ်များမှ>>>(ဆရာတော် ဦးဇောတိက၏ နိုင်ငံခြားအယူအဆ) 1။ သင်ဟာခန္ဒာတစ်ခုကိုရမယ်..... အဲဒီခန္ဒာကိုယ်ကို ကြိုက်ချင်လည်းကြိုက်မယ်၊ မုန်းချင်လည်းမုန်းမယ်။ဒါပေမဲ့ ဒီဘဝအတွက် ဒီခန္ဒာကိုယ်ဟာ သင့်ခန္ဒာကိုယ်ပဲ။ ၁။ ရောက်သွားတဲ့နေရာမှာ သင်ဟာ သင်ခန်စာတွေအများကြီး ဆည်းပူးရလိမ့်မယ်..... ရအောင်လုပ်ရလိမ့်မယ်၊ ဘဝလို့ခေါ်တဲ့ သင်ရိုးသက်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းတော်ကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ၊ ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက်သင်ခန်းစာတွေကို ဆည်းပူးခွင့်ရလိမ့်မယ်၊ ဒီသင်ခန်းစာတွေကို သင်သဘောကျချင်လည်းကျမယ်၊ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်၊ အဓိပ္ပာယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။ ၃။ အမှားမရှိပါဘူး သင်ခန်းစာတွေချည်းပါပဲ.... လုပ်ကြည့်လိုက်ရင်း မှားမှန်းသိရင်း ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့သူ၊ အသိဥာဏ်ကြီးတဲ့ သူဖြစ်လာတာပဲ။ ၄။ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာကိုရမယ်.... သင်ခန်းစာတစ်ခုကို မကြေညက်ရင် အဲဒီ သင်ထန်းစာပဲ ထပ်တွေ့ရမယ်၊ စာမေးပွဲမအောင်ရင် အဲဒီအတန်းပဲထပ်တက်ရမယ်၊ သင်ခန်းစာတစ်ခုမရမချင်း ဒီသင်ခန်းစာရမယ့် အခြေအနေကို ပုံစံအမျိုးမျိုးနဲ့ ထပ်တွေ့ရမယ်။ ၅။ ပညာသင်တာဟာအဆုံးမရှိဘူး..... ဘဝမှာသင်ခန်းစာ ယူစရာတွေ ရှိနေသေးတာပဲ၊ ဘယ်တော့မှမဆုံးဘူး။ ၆။ ဟိုနေ့ဟာ ဒီနေ့ထက်ပိုမကောင်းဘူး..... အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုကောင်းတယ်ထင်ရတဲ့ နောက်ထပ်အနာဂတ်တစ်ခု ထပ်ရဦးမှာပဲ။ ၇။ သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ..... သူတစ်ပါးကိုမုန်းတယ် ဆိုရင်>ငါ...သူ့ကိုဘာကြောင့်မုန်းသလဲဆိုတာ သေသေချာချာ ကြည့်ပါ၊ ငါ...သူ့ကို့မုန်းရတဲ့အကြောင်း ငါ့မှာလည်းရှိတယ်၊ လူတစ်ယောက်ကို ချစ်တယ် ခင်တယ်ဆိုရင်လည်း ကြည့်ပါ။ သူ့ကိုငါ ဘာလို့ ချစ်တာလဲ။ ၈။ သင့်ဘဝကို သင်ဘာလုပ်တယ်ဆိုတာ သင့်အပေါ်မှာပဲမူတည်ပါတယ်..... သင့်မှာလိုအပ်တဲ့ လက်နက်ကိရိယာနဲ့ ပစ္စည်းတွေရှိနေပါတယ်၊ သင်ကြိုက်တာရွေးချယ် လုပ်ကိုင်နိုင်ပါတယ်။ ၉။ သင့်အတွက် အဖြေဟာ သင့်အတွင်းမှာပဲရှိပါတယ်.... သင့်ဘဝနဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေဟာ သင့်အတွင်းမှာပဲရှိပါတယ်။ လုပ်ဖို့လိုတာကတော့ ဥာဏ်နဲ့ကြည့်ဖို့ နားထောင်ဖို့နဲ့ ယုံကြည်မှုရှိဖို့ပါပဲ။ ၁၀။ အခုလို မှာလိုက်တာကို သင် လူ့ဘဝရောက်ရင် မေ့သွားလိမ့်မယ်။ ရှောင်လင်(S.A.i) ကက.စ.ကည(ပူး)

အဝေးရောက်ဆုတောင်း

အဝေးရောက်ဆုတာင်း တွေ့ဆုံချိန်နည်း ခဏလည်းပဲ မေ့မရပါ ထာဝရမို့ ကြမ္မာဆိုးနဲ့ ဝေးခဲ့ချိန်၌ ရင်ဝယ်တမ်းတ တစ်သသမို့ မျှော်ရည်ရွယ်မှန်း ချစ်သူနမ်းကို မဖြစ်နိုင်မှန်း သိပါလျက်မို့ နွမ်းခွေရင်မှာ အလွမ်းတွေပိုသာ အဖြေရှာကာ ဆွေးရတာမို့ နီးစပ်ဖို့ရေး မျှော်ကာဝေးလို့ အချိန်တွေသာ တိုက်စားပေးပါ.....။ ရှင်လောင်(S.A.i) ဂက.ကည.ကည(ဂဠုန်)

ပန်းချစ်သူ

ပန်းချစ်သူ အို…..ပန်းကလေး ပင်ယံမှာ လှသွေးကြွယ် လေပြေမှာ ရနံ့မွှေးတယ် ရနံ့ကသင်း အဆင်းကလှပါဘိ ဘယ်ရှေးကုသိုလ် အလှပိုလို့ ဂုဏ်မာန်အလှ ကြွယ်ရပါဘိ…...။ အို…..မောင့်မှာတော့ ပင်ယံကပန်း ခူးယူနမ်းလို့ ရနံ့သင်းပျံ့မွှေးလိုက်ချင်ဘိ ယိမ်းညွတ်လို့တိမ်း လေပြေသိမ်းမှာ ရင်တွင်းဆန္ဒ တသသမို့ စိတ်ကူးလေပြေ တိုးဝှေ့ခိုက်မှာ ခိုးယူရှိုက်နမ်း အသဲနွမ်းမတက် ချစ်လှပါဘိ ပန်းကလေးရယ်…..။ ရှင်လောင်(SAi) ကက.ဇ.ကည(ဆင်)7/22/2011 2:46:07 A

ပန်းချစ်သူ

ပန်းချစ်သူ အို…..ပန်းကလေး ပင်ယံမှာ လှသွေးကြွယ် လေပြေမှာ ရနံ့မွှေးတယ် ရနံ့ကသင်း အဆင်းကလှပါဘိ ဘယ်ရှေးကုသိုလ် အလှပိုလို့ ဂုဏ်မာန်အလှ ကြွယ်ရပါဘိ…...။ အို…..မောင့်မှာတော့ ပင်ယံကပန်း ခူးယူနမ်းလို့ ရနံ့သင်းပျံ့မွှေးလိုက်ချင်ဘိ ယိမ်းညွတ်လို့တိမ်း လေပြေသိမ်းမှာ ရင်တွင်းဆန္ဒ တသသမို့ စိတ်ကူးလေပြေ တိုးဝှေ့ခိုက်မှာ ခိုးယူရှိုက်နမ်း အသဲနွမ်းမတက် ချစ်လှပါဘိ ပန်းကလေးရယ်…..။ ရှင်လောင်(SAi) ကက.ဇ.ကည(ဆင်)7/22/2011 2:46:07 A

ဖြေသိမ့်ခြင်း

"ဖြေသိမ့်ခြင်း" ဘဝဆိုတဲ့မျဉ်းကြောင်းပေါ်မှာ ဘယ်တိမ်းညာစောင်းရင်း မျှော်လင့်ချက်အချို့လည်း လေဆင်နှာမောင်းမိတဲ့သစ်တစ်ပင်လို အမြစ်ပါမကျန်အောင် လွှင့်ပစ်ခံရဖူးတယ် ဒါပေမဲ့...အရင်းမရှိတဲ့လောကကြီးမှာ ပျော်ရွှင်စရာရော နာကျဉ်စရာရော တွေ့ဆုံခွင့်ရကြမှာ... မင်း၊သူ၊ငါ ခွဲခြားမထားပါဘူး.....။ ရှင်လောင်(S.A.i)

ယခု လက်တလော ထွက်ရှိမည့် မြန်မာ ဇာက်ကားများ

တစ်ပတ်အတွင်းထွက်ရှိမည့် မြန်မာဗီဒီယိုဇာတ်ကားများ ထွက်မည့်ရက် ဇာတ်ကား၊ ဒါရိုက်တာ၊ သရုပ်ဆောင် ၁၆၊ ၁၊ ၂၀၁၂ နှစ်ယောက်စလုံးကိုချစ်တယ် (ဒါရိုက်တာ မီးပွား) (တနင်္လာ) နေတိုး၊ ဝိုင်းစုခိုင်သိန်း၊ ခင်လေးနွယ်၊ ဇင်မျိုး မောဟကစားပွဲ (ဒါရိုက်တာ ထက်ပိုင်) ဂျွန်ဂို၊ ဆုရွှန်းလဲ့၊ ထက်လူ ရည်စားဖြစ်ရန်ငါးမိနစ်အလို (ဒါရိုက်တာ ဒီအေးလွင်) မင်းရာဇာ၊ မို့မို့မြင့်အောင်၊ စိုးပြည့်သဇင်၊ ဇင်မျိုး အရပ်ထဲက အမေဂျမ်း (ဒါရိုက်တာ ခင်) ခင်စိုးပိုင်၊ ခင်မို့မို့အေး၊ ခင်နွဲ့နွဲ့မူ၊ ဆန်းရှိုင်း၊ ဝင်းမိုးကျော် ၁၇၊ ၁၊ ၂၀၁၂ ချစ်ပေမယ့်လည်း မုန်းရသည် (ဒါရိုက်တာ မိုးကြိုး) (အင်္ဂါ) ဟိန်းဝေယံ၊ ရဲအောင်၊ မျိုးသန္တာထွန်း၊ ဆုပန်ထွာ၊ ရွှေပိုးအိမ် အဖေလို့ခေါ်ပါ (ဒါရိုက်တာ သပြားသု) နေရဲလင်း၊ ကျော်ဇောဟိန်း၊ ဝင်း၊ ဆောင်းအိနြေ္ဒထွန်း ကြယ်တွေစုံတဲ့နေ့ (ဒါရိုက်တာ ပြည်ဟိန်းသီဟ) ကျော်ကျော်ဗို၊ မေကဗျာ၊ ဇင်နိုင်း၊ သီဟ ၁၈၊ ၁၊ ၂၀၁၂ စကားလုံးမရှိတဲ့ကောင်းကင် (ဒါရိုက်တာ အာယု) (ဗုဒ္ဓဟူး) စိုင်းစိုင်းခမ်းလှိုင်၊ ပြေဇင်၊ မိုးဟေကို၊ ဝါဆိုမိုးဦး ကောင်းကင်လက်ရေး (ဒါရိုက်တာ နေပိုင်) မြင့်မြတ်၊ စိုးမြတ်သူဇာ၊ ချမ်းမီမီကို၊ နေဆန်း ပထမလူ ဒုတိယမျက်နှာ (ဒါရိုက်တာ တော်ဝင်) ပိုင်သူ၊ လှအဉ္ဇလီတင့်၊ ရာဇာပေါက်စီ လမိုင်းမြို့က လက်သီးပွဲ (စီစဉ်သူ စိုင်းဇော်ဇော်) ဝင်းထွန်း၊ ဖိုးကေ၊ သားသား၊ ဒေါင်းသည်းချေ ၁၉၊ ၁၊ ၂၀၁၂ သင်နှင့်တကွအပေါင်းအပါများသိသာရန် (ဒါရိုက်တာ နေနော်) (ကြာဿပတေး) လူမင်း၊ ထွန်းအိန္ဒြာဗို၊ အေသင်ချိုဆွေ ထာဝရချစ်သူ (ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်) သူထူးစံ၊ မိုးယုစံ၊ ဇင်ဝိုင်း၊ မေသဉ္ဇာဦး ၂၀၊ ၁၊ ၂၀၁၂ ကလေးကလား မကစားနဲ့ (ဒါရိုက်တာ မျိုးထူး) (သောကြာ) ကျော်ရဲအောင်၊ အေးမြတ်သူ၊ သဒ္ဒါထက်၊ မာရီယာ သူ့ကိုမမုန်းဘူး (ဒါရိုက်တာ ကိုဇော်-အရုဏ်ဦး) နေမင်း၊ စွမ်းရည်၊ အိန္ဒြာကျော်ဇင် မျိုးချစ်ဇာနည် ဘာမထီ (ဒါရိုက်တာ ဒါရိုက်တာ ဝေလင်း) သီဟနိုင်၊ ကျော်ခန့်ဇော်၊ ပွင့်ရတနာကျော်၊ ဖြိုးရတနာသွယ် ၂၁၊ ၁၊ ၂၀၁၂ သတင်းကောင်း (ဒါရိုက်တာ ကျော်ဇောလင်း-အတွေးပုံရိပ်) (စနေ) ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ ဇင်မျိုး၊ တက္ကသိုလ်ဂွမ်းပုံ တိတ်တိတ်လေးချစ်နေမယ် (ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်) အောင်ရဲလင်း၊ မေကဗျာ၊ အေသင်ချိုဆွေ *ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ဇာတ်ကားထွက်ရှိခြင်း မရှိပါ။ ***
ကူးယူဖော်ပြပါသည်။ Ref: မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

myanmar 3 ကို instill လုပ်ခြင်း

ဒီပို့စ်လေးကို ကိုခင်မောင်ဇော်က myanmar3 နဲ့ပတ်သက်ပြီး ပို့စ်လေးတင်ပေးပါလား လို့ပြောလို့တင်ဖြစ်သွားတာပါ... ကဲ...myanmar3 ရိုက်လို့မရတဲ့သူငယ်ချင်းတွေကျနော် ပေးထားတဲ့ အဆင့်လေးတွေအတိုင်းလုပ်ကြည့်ပါ... အဆင့်(၁)...ဒီနေရာမှာ လောလောဆယ် update ဖြစ်နေတဲ့ myanmar3 font နဲ့ အက္ခရာကီးဘုတ်ကို ဒေါင်းလုတ် လုပ်ပါ.... ပေါ်လာတဲ့ page download ဆိုတာလေးကိုနှိပ်ပြီးအောက်ဆုံးက myanmar3 font file နဲ့ Ekaya keyboard and myanmar3 fonts installer ကိုဒေါင်းလိုက်ပါ....ပြီးတော့ myanmar3 font ကို Control panel\Fonts ဖိုဒါထဲသွားထည့်လိုက်ပါ....ပြီးရင် အက္ခရာကီးဘုတ်ကို install လုပ်ပါ....အက္ခရာကီးဘုတ်ကို install လုပ်တဲ့အခါ အောက်က ပုံလေးမှာ ပြထားတဲ့အတိုင်း myanmar3 unicode 5.2 keyboard ကိုရွေးပေးဖို့မမေ့ပါနဲ့.... အဆင့်(၂)...ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲ့အတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် လုပ်ပေးထားကြပါတယ်... အဲလို ရိုက်လို့ရနိုင်ဖို့အတွက်က ၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်... ၂။ ဒေါင်းလုတ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ... ၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ်.... မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 =Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ... .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်... သတိထားရန်.... NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး... Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်... အဆင့်(၃)...ဒီနည်းလမ်းကတော့ အက္ခရာကီးဘုတ်ကို အသုံးပြုခြင်းပါ... 32bit, 64bit ၀င်းဒိုးတွေကို အဆင်ပြေအောင် လုပ်ပေးထားခြင်းပါ.... ဒီနေရာမှာဒေါင်းလုဒ်ယူပါ... အက္ခရာ Input Method အက္ခရာကီးဘုတ် layoutကတော့ ကျနော်တင်ထားပေးပါတယ်..လိုရမယ်ရ ပြည့်စုံသွားအောင်တခါတည်းတင်ပေးလိုက်ပါတယ်...