ပန်းချစ်သူ
အို…..ပန်းကလေး
ပင်ယံမှာ လှသွေးကြွယ်
လေပြေမှာ ရနံ့မွှေးတယ်
ရနံ့ကသင်း အဆင်းကလှပါဘိ
ဘယ်ရှေးကုသိုလ် အလှပိုလို့
ဂုဏ်မာန်အလှ ကြွယ်ရပါဘိ…...။
အို…..မောင့်မှာတော့
ပင်ယံကပန်း ခူးယူနမ်းလို့
ရနံ့သင်းပျံ့မွှေးလိုက်ချင်ဘိ
ယိမ်းညွတ်လို့တိမ်း လေပြေသိမ်းမှာ
ရင်တွင်းဆန္ဒ တသသမို့
စိတ်ကူးလေပြေ တိုးဝှေ့ခိုက်မှာ
ခိုးယူရှိုက်နမ်း အသဲနွမ်းမတက်
ချစ်လှပါဘိ ပန်းကလေးရယ်…..။
ရှင်လောင်(SAi)
ကက.ဇ.ကည(ဆင်)7/22/2011 2:46:07 A
Subscribe to:
Post Comments (Atom)
0 ကွန်မန့်:
Post a Comment
ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...