RSS

ဆရာကြီး တာရာမင်းဝေနှင့် အင်တာဗျုး

+ဆရာတာရာမင်းဝေ
ဝတ္ထုတိုရေးဖွဲ့ရာတွင် မည်သည့်အချက်များ လိုအပ်သနည်း (သို့မဟုတ်) မည်ကဲ့သို့ ရေးဖွဲ့ရသနည်း။

-ကမ္ဘာကျော်စာရေးဆရာကြီးတစ်ယောက်ကပြောဖူးပါတယ်။ ၀တ္ထုတိုရေးဖွဲ့ရာမှာ အဓိက အရေးကြီးတဲ့ အချက်ကြီးသုံးချက်ရှိတယ်တဲ့ … ဒါပေမယ့် ခက်တာက အဲဒီအချက်ကြီး သုံးချက်ကို ဘယ်သူမှမသိကြဘူးတဲ့ …

+ဆရာတာရာမင်းဝေ
ဆရာ့ဇာတ်ကောင် ဂျိုကာနဲ့ ဆရာ ဘယ်သူ ပိုတော်ပါသလဲ။

-ထုတ်ဝေသူက ပိုတော်ပါတယ်။#
+ဆရာမင်းခြောက်ဆယ်ခင်ဗျား
ဆက်စပ်တွေးခေါ်မှုသည် နေရာတိုင်းတွင် အသုံးဝင်ပါသလား ။ ထော်လော်ကန့်လန့်ဖြေပေးပါရန် ပန်ကြားပါသည်။

-ချစ်စရာကောင်းတာတွေ ကြုံခဲ့ရဖူးပါတယ်။ တာရာမင်းခြောက်ဆယ်လို့ ခင်ဗျား ကျွန်တော့် ကို သုံးနှုန်းတာက သိပ် အလင်္ကာမမြောက်ပါဘူး။ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ကဆိုရင်

ကွဲလွဲသွားသော ခံစားချက်

ငါ့ကို လွမ်းတဲ့နင်က ငါနဲ့တူတဲ့ တခြားသူကို
အစားထိုး…….ဖြေသိမ့်ဖို့ကို အစွမ်းကုန် ကြိုးစားနေတယ်……….။
နင့်ကို လွမ်းမိတဲ့ငါကတော့………
နင်နဲ့ဆုံဖို့ကြိုးစား ဘ၀ရဲ့ အမောတွေကို အလွမ်းတွေနဲ့ တိုက်စားနေတယ်……….။
အချစ်ဆိုတာကို မသိသေးတဲ့နင်က
ကတိတွေကို မျက်ကွယ်ပြု
ရှေ့ဆက်ပျော်နိုင်ဖို့   အသစ်အဆန်းတွေ ဖွေရှာနေတယ်……..။
အချစ်စစ်ကို သိတဲ့ငါကတော့
နင်နဲ့ ပျော်နိုင်ဖို့ ငါ့အချိန်တွေ မြုပ်နှံရင်း
အနာဂတ်ကို ခြယ်သနေတယ်…………..။
သစ္စာကို မထိန်းနိုင်တဲ့နင်က………..
လက်တွေ့တွေမှာ ပျော်ဝင်ရင့်ပါ…..

အိမ်လွမ်းသူ

                 ” အိမ် “  လွမ်းသူ
နွေနေက ပူတယ်။
နွေလေကလဲ ပူတယ်။
နေပူ လေပူ တွေနဲ့
အရောင်စုံ ပန်ချီကားကို
ဖြတ်သန်းခုတ်မောင်း
ဘ၀ ပေါင်းစုံကို တင်ဆောင်လာတဲ့
ရထားအို တစ်စင်းထဲ
အိမ်ခွါသူ ငါ့အလွမ်းတွေနဲ့
အရာအားလုံးနဲ့အတူ
လိုက်ပါစီးမျောခဲ့။
အပြာရောင်အနာဂါတ်ကို
ပိုင်ဆိုင်နိုင်ဖို့
လုံခြုံနွေးထွေးတဲ့

အပူတပြင်းခမ်းနားခဲ့တဲ့ အိမ်မက်

တိတ်ဆိတ်ခြင်းတွေဟာ တိတ် တိတ် ဆိတ် ဆိတ် ခမ်း နား ခဲ့ကြပြီ၊
သူ့အချိန်မဟုတ်ရင်တောင် ခပ်ရဲရဲပဲ ကြီးကျယ်ခဲ့တယ်၊
မှောင်မိုက်ဆိတ်ငြိမ်ခဲ့တယ်၊
ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင်၊ သူ့အတွက် သူ၊
သူ့ပတ်ဝန်းကျင်အတွက် သူ၊ သူ့ မိသားစုအတွက် သူ၊ ခမ်းနားခဲ့တယ်၊
ရေးသူ နာမည်၊ စာအုပ်နာမည် ကြည့်ပြီးမှ ဖတ်တတ်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
စကား၊ စကားနဲ့ စကားတွေကြားမှာ အချိန်ဇယားဆွဲတတ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
အဲဒီ့တော့ … ကျွန်တော်ဟာ လူတစ်မျိုးမဟုတ်တဲ့ လူတွေထဲက လူပိုတစ်ယောက်၊
ကိုယ်တိုင် ရွာချမိတဲ့ မီးတောက်တွေကို ပြန်ကောက်နေမိသူ၊ ကျွန်တော့်ရဲ့အတ္တတွေက ပူတယ်၊

ရင်ချင်ရယ်နိုင်ပါသည် သုတ(၂)


၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)
၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ
၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ
၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ အိပ်ခန်းတဲ့..
၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကိုကိုယ်စားပြုပါတယ်တဲ့
Spades:King David, Clubs:Alexander The Great, Hearts:Charlemagne, Diamonds:Julius Cesar
၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

အတိုအထွာ ဟာသ

                                           မဖြစ်နိင်ဘူး
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်
                                             မှတ်ပြီလား
တစ်နေ့လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလည်း အားရှိတယ် ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။

သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။ အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
- ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။  ကလေး တစ်ယောက်မွေးတယ်။
- ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူက ကလေး နှစ်ယောက်မွေးတယ်။
- တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး သုံးယောက်မွေးတယ်။
- လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေးလေးယောက်မွေးတယ်။
- ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
- ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူတို့က ကလေး ခြောက်ယောက်မွေးတယ်။