မဖြစ်နိင်ဘူး
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်
မှတ်ပြီလား
တစ်နေ့လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလည်း အားရှိတယ် ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။ လူနာပြောလိုက်သည်မှာကား…. – အုန်းသီး။
သူဘယ်မှာလဲ….
ကိုလှ – ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ ဘာဖြစ်နေတာလဲဗျ။
ကိုမြ – သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက် ခင်ဗျားသိလား။ နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ – ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။ ဟိုနေ့က ကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့ မိန်းမကိုခေါ်ပြီး နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ။ ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ – ဟာ…အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။ ဘယ်မှာလဲ ခင်ဗျားမိန်းမ။
နားလေးသူမို့ပါ
” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ” ” ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် ”
အပူကိုယ်စားလှယ်
” အခုတလော ကျုပ်မှာ ပူပင်စရာတွေ များလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ” ”ကိုင်း……. ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
” အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”#

0 ကွန်မန့်:
Post a Comment
ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...