RSS

BlazeVideo Video Editor Activation Code For Free Full


BlazeVideo Video Editor ဆော့ဝဲကတော့ မိမိတို့ရဲ့ Videoတွေကို အလွယ်တစ်ကူ ဖြတ်ညှပ်မယ်၊ အရွယ်အစားပြောင်းမယ်၊ လှည့်ပြောင်းတာတွေ စသည်ဖြင့် ပြုလုပ်ရန် ဆော့ဝဲကောင်းတစ်ခုပါ... ပြီးတော့ WaterMarkလိုစာကြောင်းတွေထည့်တာမျိုး၊ စာတန်းထိုးတာမျိုးတွေ အပြင် မိမိရဲ့ Videoတွေကို iPad, iPhone, iPod နဲ့ အခြား ဖုန်းတွေဆီကို ကူးပြောင်းပေးပို့နိုင်ပါသေးတယ်...သူ့ကို အသုံးပြုလို့ ရမဲ့ OSတွေကတော့ Window XP,Vista,7တွေမှာ ဖြစ်ပါတယ်... အခြားအခြားသော အသုံးဝင်တဲ့ Featuresလေးတွေလည်း တော်တော်စုံလင်ပါတယ်...ကလိရင် ကလိတက်သလို မိမိတို့ Videoတွေကို ဆန်းသစ်စေမှာပါ...သူ့ရဲ့ဈေးနှုန်းကတော့ ယခု နှစ်ကူးကာလမှာ $၂၉.၉၇လို့ဆိုထားပါတယ်...ကျွန်တော် ယခုပြောပြချင်တာကတော့ အခုချိန်မှာ သူ့ကို အလကား အသုံးပြုနိုင်ဖို့ သူ့ရဲ့ Official Siteကနေ ခရစ်စမတ် ကာလမှာ လိုင်စင်ကီးကို အလကားပေနေတယ်ဆိုတာပါ...သူပေးမဲ့ အလကား ကီးကို ဒီဇင်ဘာ၂၆ရက်နေ့ မတိုင်ခင်ပဲပေးမယ်လို့ ဆိုထားပါတယ်... ကဲပြောနေတာ ကြာပါတယ်ဗျာ...အခုပဲ ဒီလင့်လေးကနေပြီ ဒေါင်းလုပ်လုပ်ပြီး လိုင်စင်ကီးပါ တစ်ခါတည်း ရယူလိုက်ပါ...အဲလင့်ကို ရောက်ပြီဆိုင်ရင် Get License Code ဆိုတဲ့ အစိမ်းရောင် စာတန်းလေးကို နှိပ်လိုက်ပါ...ပြီးရင် ဆော့ဝဲ ဒေါင်းလုပ်လင့်နဲ့ လိုင်စင်ကုဒ်လေးပါပါတဲ့ ခရစ်စမတ်  ဘိုးဘိုးပုံပေါ်လာပါလိမ့်မယ်...အောက်မှာ ပုံပြထားပါတယ်>>>

အဲ.တစ်ခုတော့ သတိပေးပါ့ရစေဗျ အခုပေးတဲ့ လိုင်စင်ကုဒ်က ယခုနှစ်ကူးကာလမှာပဲ ဆော့ဝဲကို Install လုပ်ပြီး အသုံးပြုမှသာ Full Version အဖြစ်အသုံးပြုနိုင်မှာ...လိုင်စင်ကုဒ်ရှိပြီးသားဆိုပြီး သူသတ်မှတ်ထားတဲ့ ကာလကျော်မှ ဆော့ဝဲကို အသုံးပြုမယ်ဆိုရင်တော့ အသုံးဝင်နိုင်မှာ မဟုတ်ပါဘူး။
အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...