RSS

အမည်မသိခြင်း၏ ခေါ်ဆောင်ရာ

                                    "အမည်မသိခြင်း၏ ခေါ်ဆောင်ရာ"
ရင်ဖိုခြင်းနှင့်အတူ
နှလုံးသားရဲ့ ၁ဒေါင့် ၁နေရာမှာ
နွေးထွေးခြင်းလေး
အမည် မသိခြင်းနှင့်အတူ
နေရာယူသွားခဲ့တယ် …..။
ကြည်နူးခြင်းတွေ စွတ်ပျံ့
အလွမ်းရနံ့တို့က ငါ့ ခန္ဓာအနှံ့
အမည် မသိခြင်းနှင့်အတူ
ရင်ခုန် မိသွားတယ် ……။
သတိရခြင်းတွေ ပျံ့ထွက်
စိတ် ၀ိဥာဉ်ကို
ခေါ်ဆောင်သွားတာက
သူ ရှိရာ အရပ်ဆီသို့
အမည် မသိခြင်းနှင့်အတူ
လွမ်းမော တတ်လာတယ် ……။
ကြေကွဲမှုတွေ ယိုစီး
အသွေးအသားထိကို
သူ့ကြောင့် ရရှိ စိတ်ဒဏ်ရာတွေ
ကျတော့ ရင်တွင်းနဲ့
နှလုံးသားဆီသို့
ရင်နာခြင်းနှင့်အတူ
ဝမ်းနည်းခဲ့ရတယ် ……..။
အမည်မသိခြင်းများစွာနဲ့ ကျတော်
အဖြေမထုတ် ... မေ့ပစ်ဖို့ မေ့နေလိုက်တာ …..
မချစ်သင့်သူကိုမှ ချစ်မိသူ ကျတော့အဖို့
တခါတလေ သူ့ဘက်က လစ်လျူရှု့တာ မဟုတ်ခဲ့ပါဘူး …..
ကျတော့ ဘက်က အလိုက်သိတတ်လွန်းသွားတာပါ ………………..။
(၃ဝ-၄-၂ဝ၁၂) တနင်္လာ                                                     By:panei

သေဆုံးပြီးသော ဇနီးသည်နဲ့ အတူဆက်ဆံခွင့်ပြုတဲ့ အီဂျစ်ဥပဒေကို ဒေါသူပုန်ထကြ

သေဆုံးပြီးသော ဇနီးမယားတို့ရဲ့ အလောင်းကို ဇနီးသေဆုံးပြီး ခြောက်နာရီအတွင်း ခင်ပွန်းသည်တွေက လိင်ဆက်ဆံခွင့်အား တရားဝင်ဖြစ်တယ်လို့ အီဂျစ်နိုင်ငံ၏ ဥပဒေ အသစ်က အတည်ပြုပေးခဲ့တာပါ။
ဒါ့အပြင် တရားဝင် ယူခွင့်ရှိတဲ့ ဇနီးမယားရဲ့ အသက်ကိုလည်း အနည်းဆုံး (၁၄)နှစ်ဖြစ်ရမယ်လို့ ဥပဒေအသစ်ထဲမှာ ထပ်မံလျှော့ပေါ့ ကန့်သတ်ပေးခဲ့တာလို့ သိရပါတယ်။
ဒီလို ပြောင်းလဲအတည်ပြု ထုတ်ထားတဲ့ ဥပဒေအသစ်အတွက် အီဂျစ်အမျိုးသမီးများကောင်စီက ဒီလိုဥပဒေအသစ်တွေ ထွက်လာတယ်ဆိုကတည်းက နိုင်ငံရဲ့ လူ့အခွင့်အရေးဟာ အနှုတ်လက္ခဏာပြနေတာလို့ စည်းရုံးလှုပ်ရှားလျက်ရှိကြောင်း သိရသည်။
                                                                 ဤနေရာမှကူးယူ>>>Burmese Heart

Youtube Downloader HD v2.8 Portable Free

Portable

 ဒါကတော့ ကိုယ်ပိုင်ကွန်ပြူတာမ၃နိုင်သေးတဲ့ သူတွေအတွက် အဆင်ပြေအောင်လို့ တင်ပေးလိုက်ပါတယ်...Youtube ကနေ Video Fileတွေကို ရရှိနိုင်ဖို့အတွက် ဒီကောင်လေးက ကူညီပါလိမ့်မယ်...၃ရတာလည်း လွယ်ကူပါတယ် ကိုယ်လိုချင်တဲ့ YoutubeကVideo Fileရဲ့ လင့်ကို ဒီကောင်းလေထဲကိုကူးထည့်ယုံပါပဲ...ပြီးတော့ ဒါလေးနဲ့ပဲ iPod, iPhone, PSP, Cell Phone, Windows

3D Wallpaper Collection 2012

Window Background အတွက် 3D Wallpaper တွေပါ...ပုံစန်းစန်းလေးတွေလည်းဖြစ် 3Dလည်းဖြစ်ဆိုတော့ အကွန်ပြူတာကိုကြည့်ရတာ အမြင်ဆန်းနေမှာသေချာပါတယ်...အရောင်တွေဆိုတာကလည်း လူတစ်ယောက်ရဲ့ စိတ်ကို ကူးစက်စေနိုင်တယ်လို့ ကျတော်ကတော့ ယုံကြည့်တယ်...စိတ်တိုနေတဲ့အချိန် နူးညံ့တဲ့ အရောင်တွေကို ကြည့်မိရင် စိတ်ပြေရော့စေနိုင်ပါလိမ့်မယ်...လိုချင်တဲ့သူများအောက်မှာ ဒေါင်းသွားလိုက်ပေါ့....



           Download Here
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....

မင်းအတွက်-၃ သီချင်း အယ်(စ်)ဘမ် mp3

                                    "မင်းအတွက်-၃" 
ထွက်တာတော့ ကြာလောက်ပါပြိ ကျတော်ကတော့ခုမှတွေ့လို့ ကြိုက်လို့တင်ပေးလိုက်တာပါ...သီချင်းကောင်းလေးတွေကို စုစည်းထားတဲ့ အယ်(စ်)ဘမ်လေးပါ...ပါဝင်တဲ့သီချင်းတွေကတော့>>>

Window Vista,7 Gadgets စုစည်းမှု၁၀၀၀

                            "Window Gadgets စုစည်းမှု၁၀၀၀"
မိမိကွန်ပြူတာမှာ Gatget အလန်းလေးတွေကို ၃ချင်ကြတဲ့သူတွေအတွက်ပါ...ဒါလေးတွေကို ၃ခြင်းအားဖြင့် ဥပမာ.နာရီGadgetဆိုရင် အလွယ်တကူ ရှင်းရှင်းလင်း မြင်ရလွယ်တာပေါ့...တော်တော်လေးကိုစုံပါတယ် ၁၀၀၀ဆိုတော့ မိမိတို့ကြိုက်တာလေးတွေ ရွေး၃နိုင်တာပေါ့....၃ချင်ရင်တော့ ဒေါင်းလို့ရလာတဲ့RaRဖိုင်လေးကို Extractလုပ်ပြီ ဖိုဒါထဲက ကိုယ်၃ချင်တာလေးကို နှစ်ချက်နှိပ်လိုက်ရုံပါပဲ.....Window 7မှာတော့ သူ့နဂို မူရင်Gadgetက၁၀ခုလောက်ပဲရှိပါတယ်...အဲထဲကလည်း အ၃ပြုလို့ကောင်းတာဆိုလို့ ၃ခုလောက်ပဲ ရှိပါတယ်
လိုချင်တဲ့သူတွေ အောက်မှာဒေါင်းထားပေါ့...ဒါကတော့ ကျတော့စက်မှာ ၃ထားတာလေးတွေပါ...

                                Download Here
အပေါ်မှာဒေါင်းလို့ အဆင်မပြေရင် ဒီမှာ ဒေါင်းကြည့်ပါ.....။
                          အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....

သူငယ်ချင်းအတွက်>>>ခွဲခွာချိန်

                                                 "ခွဲခွာချိန်"
ခွဲရတော့မှာကို သိနေတဲ့အချိန်…
ရင်ဘတ်တစ်ခုလုံး
လောင်ကျွမ်းနေပေမယ့်…
အပြုံးတစ်ခုကို တပ်ဆင်ထားနိုင်ခဲ့တယ်…

နင့်မျက်နှာလေးကို
ငေးငေးကြည့်ရင်း…
စက္ကန့်တံ တစ်ချက်ရွေ့တိုင်း
ငါတို့..ပိုပိုဝေးသွားမှာကို သိနေတော့
နာရီသံတွေကို မျက်ကွယ်ပြုထားလိုက်ချင်တယ်…
မငိုမိအောင်အတန်တန် ထိန်းထားရင်း...

မေ့လျှော့တက်သည်-ဂျူး

                                        မေ့လျှော့တက်သည်
ကျွန်မလက်ထဲမှာ ကိုင်ထားသည့် စာရွက်ပိုင်းလေးမှာ မိုးရေဖြင့် စိုရွှဲနေပြီ။ စာလုံးတွေကတော့ မင်ဖြင့်ရေးထားတာမဟုတ်လို့ ဖတ်လို့ရနေလိမ့်ဦးမည်။ အခုနေ မိုးသဲသဲမှာ ဖြန့်မဖတ်လိုက်နှင့်ဦး။ ရေနူးနေသည့်စာရွက်သည် မိုးရေအရှိန်ဖြင့် စုတ်ပြဲသွားနိုင် သည်။ မတ်စောက်စွာ မြင့်တက်သွားသည့် အဆောက်အဦအ၀င် ကွန်ကရစ်ကားလမ်းကို မိုးစက်များအကြား ကိုယ်ကို ရုန်းလျက် တက်ရသည်။ ဒီအဆောက်အဦမှာ နေသူတွေသည် ကိုယ်ပိုင်ကားရှိသူတွေချည်း ဖြစ်လေသလား။ အဆောက်အဦဆီသို့ လူသွား လမ်း လုံးဝမရှိ။ ကားသွားရာ ကွန်ကရစ်လမ်းကိုပဲ အသုံးပြုရတော့မည်။
အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒို။
လာရင်းကိစ္စ မေ့လျော့ခြင်းသီအိုရီ စာအုပ်ယူရန်။
အောက်ဘက်က စူပါမားကတ်တွင် အိပ်ရာခင်းဝယ်ရန်။
နေ့လည်(၂)နာရီ၊ အိမ်အရောက်ပြန်ရန်။
ကား-ခရေလမ်း တစ်ဖက်မှာ။>>>

နိစ္စဓူဝကောင်းကင်

* လေသွေးရာဆောင်းရူးကြား
ပြောင်းကူးသွားတဲ့ ကြယ်စင်များအတွက်
ကောင်းကင်ရဲ့ အခင်းတ၀က်ဟာ
လင်းရာမှ….မှိန်ပျောက်ခဲ့တယ်။
* လောကဟာ..ကလီကမာနဲ့
မုသားတွေ ထောင်ချီ သိမ်းပိုက်ထား
မြေလွှာပေါ်နားတဲ့ နှင်းစက်
တခါတခါ မျက်ရည်
တခါတခါ ငွေ ငွေ့
အဖြူကာလာနည်း ရောင်စုံမျက်လွှာထဲ
ကြိမ်ဖန်များစွာ စိုက်စိုက်ကျ

ပင်လယ်ပြင်နှင့်ကောင်းကင်ပြာ (ကျတော်စာနာမိသော စာတိုလေး)


တကယ်လို့များ သူက ကောင်းကင်ပြာ ဆိုရင် ကျွန်မက သူနှင့် မျက်နှာချင်းဆိုင်ရှိနေတဲ့ ပင်လယ်ပြာဖြစ်ပါရစေ …။
ကျွန်မနဲ့သူ စတင်ခင်မင်ဖြစ်ခဲ့ပုံက နဲနဲလေးမှ ရင်ခုန်ချင်စရာမကောင်းပါ။ကျွန်မ သူ့ကို မမြင်ဖူးပေမယ့် နာမည်ကို ရင်းနှီးခဲ့သည်။ အပြင်မှာ တွေ့တော့ သူသည် အလွန်ခင်စရာကောင်းပြီး ချစ်စရာကောင်းသော လူတစ်ယောက်ဆိုတာသိလာရသည်။တွေ့တွေ့ချင်းပဲကျွန်မ သူ့အပြုံးတွေကို နှစ်သက်ခဲ့သည်။ နောက်ပိုင်း ရင်းနှီးလာပြီး တစ်ယောက်နဲ့တစ်ယောက် သတိမထားမိပဲ အနဲငယ် စိုးမိုးချယ်လှယ် မိကြ၏။ ကျွန်မက ဘယ်သူ့စကားမှ နားထောင်တတ်သူမဟုတ်။ သူ့စကားကိုတော့ ကျေကျေနပ်နပ်ပင် နားထောင်ချင်၏။ အဲ့လိုအခါမျိုးတွင် ကျွန်မ ထက် အသက်ကြီးသောကြောင့်ဟု ကိုယ့်ကိုယ်ကို ဆင်ခြင်ပေးမိသည်။

နှလုံးသားစက်ရုပ်

zwani.com myspace graphic comments
\\\\\လူတစ်ယောက် စိတ်ချမ်းသားဖို့
တယောက်က စတေးရတရ်
ငါတို့တွေ ဝေးကွာဖို့
ဘယ်သူတွေက သင်ပေးခဲ့တာလဲ…
လေးလံစွာ ထခဲ့ရတဲ့ မနက်ခင်း
ငါ့အတွက် ပူလောင်လွန်းတဲ့နေမင်းရယ်
သူမရှိတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ
ငါ့မနက်ခင်းတွေကို မကြိုဆိုချင်ဘူး…
ပြိုနေတဲ့ အိပ်မက်တွေကြားက
အလိုလိုကျနေတဲ့ မျက်ရည်စက်တွေကို
ငါအဖြေတွက် ကြည့်သေးတရ်
သုညဆိုတာ ဘယ်ရောက်ရောက် သုညပါပဲ…

အကုန်ဝအောင် ငိုခဲ့ပြီးလို့
ငါဘ၀ခရီးကို ဆက်ခဲ့တရ်
တွဲလက်မရှိတော့တဲ့ ငါ့အတွက်

VLC Media Player v2.0.1 Lasted Portable Free

VLC Media Playerလေးကတော့ တော်တော်များများ ကို အ၃ဝင်လှပါတယ်...တစ်ခါတစ်ခါ ကျတော်တို့ ကြုံဖူးကြမှာပါ...Youtubeကနေ ခတ်ခတ်ခဲခဲ ဒေါင်းလုပ်ဆွဲလို့ရတဲ့ ဗွီဒီယိုတွေကို ဖွင့်မရတာမျိုးပေါ့...အဲလိုမျိုးဆို တစ်ကယ် စိတ်ဆင်းရဲဖို့ကောင်းပါတယ်...ဒီပလေယာလေးကတော့ internetပေါ်က ဒေါင်းလို့ ရလာတဲ့ ဖိုင်တွေကို အလွယ်တေစ်ကူ ဖွင့်ရဖို့ စိစဉ်ထားတဲ့ကောင်လေးပါ...MPEG-1, MPEG-2, MPEG-4, DivX, XviD, WMV,FLV, ogg,

Google Chrome v17 stable Portable Free

Google Chrome Portable stable လေးပါ versionက နောက်ဆုံးထွက် v17လေးပါ...Google Chromeလေးကို ၃ခြင်းအားဖြင့် ကောင်းကျိုးတွေကတော့ သူ့အတါက် Addonတွေ အများ အပြားရှိခြင်းပါပဲ...သို့အတွက် Softwareတေတ်ာတော် များများကို ကွန်ပြူတာမှာ အပို သက်သက် installလုပ်စရာမလိုပဲ ကို ၃ချင်တာကို Chrome Storeမှာ ရှာကြည့်ပြီး အလွယ်တစ်ကူ အ၃ပြုလို့ ရပါတယ်... ၃ချင်လို့ဖြစ်ဖြစ် သိမ်းထားချင်လို့ ဖြစ်ဖြစ်ေါးင်းထားရင်တော့ အချိန်မရွေး

Maxthon Brower v3.3.6.2000 Portable Free

Portable Browerလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ...ဒီကောင်လေးကလည်း အားလုံးသိကြတဲ့ Mozilla တို့ Chrome တို့လို့ပါပဲ... ၃ရတာ လွယ်ကူပြီး မြန်ဆန်မှုမှာလည်း Mozillaကိုမှီပါတယ် Portableလေးဆိုတော့ စမ်း၃ချင်လို့ပဲဖြစ်ဖြစ် မ၃ဖူးလို့ပဲဖြစ်ဖြစ် သိမ်းထားချင်လို့ပဲဖြစ်ဖြစ် အောက်မှာ ယူထားလိုက်ပါ ဖိုင်ဆိုဒ်က

၂၀၁၂အတွက် ကမ္ဘာမှာ သြဇာအရှိဆုံးက ဘယ်သူဖြစ်မလဲ...?

နာမည်ကျော်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ http://www.time.com ကနေ ကမ္ဘာ့အာဏာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ မှာ မဲပေးကြပါရန် ဆန္ဒပြုအပ်ပါသည်။ မည်သို့သောအကြောင်းကြောင့် မဲရွေးသည်ဖြစ်စေ။ ကျွန်တော်တို့ မြန်မာပြည်က အခု လွှတ်တော်ကိုယ်စားလှယ်က အနိုင်ရလိုက်တဲ့ NLD က အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန် နှစ်ဦးကို အဲ့ဒီ့ ရွေးချယ်ပွဲမှာ ပါဝင်နေပါတယ်. ဘယ်လိုပဲဖြစ်နေဖြစ်နေ မြန်မာပြည်ကြီး ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဦးသန်းစိန်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ပါတယ်. ပြီးတော့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် အခုလိုမျိုး စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ခဲ့ပြီး ယခုလို အနိုင်ရ ပါတီ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမေစု ကိုလည်း အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်. နိုင်ငံရေးဖက်မှာ စိတ်ဝင်စားမှု့မရှိဘူးဆိုပေမယ့် အခုရွေးချယ်ပွဲမှာ မြန်မာပြည်က

အိမ်မက်ကဗျာ

                       " အိမ်မက်ကဗျာ "
"စူးစမ်းတာလား၊ ရူးနှမ်းတာလား မသိပါဘူး
ဇရာငယ်ငယ်၊ မလည်ဝယ်ပဲ
အချစ် အချစ်နဲ့၊ ပစ်ခဲ့တာပဲတွေ့ရတယ်
အမှိုက်မပစ်ရ ဒဏ်ငွေ၁၀၀၀၀ိ/လို့
ရေးထားတာကို၊ သူမသိလေသလား
အခုတော့ ငါ့နှလုံးသားက မင်းရဲ့ အမှိုက်ဖြစ်လို့
အရေးထဲခွေးကလာဆွဲသေးတယ်
နာကျဉ်လွန်းလို့၊ လန့်အော်မိတော့
အမေက ရေသောက်မလားတဲ့
သြော်...တော်သေးတာပေါ့
ကာရန်မညီသေးတဲ့ ဒဏ်ရာများလို
အိမ်မက်ထဲက ကဗျာလေးဖြစ်လို့.....။"
                                          By:ရှင်လောင်(S.A.i)
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....