RSS

ဆွေးရိပ်-၂


                                                            ဆွေးရိပ်-၂

ဘ၀တစ်ခုလုံးကို
အလွှမ်းမိုးနိုင်ဆုံးသော လူသားပါပဲ
ဆယ့်နှစ်ကျိုးမတတ်ပေမယ့်
… ခုထိ..
အပြစ်မြင်မှုတွေထဲ ကိုယ်ယောင်ဖျောက်နိုင်တုန်း….။
အလွမ်းတွေနဲ့ ဘယ်လောက်ပဲ ဇာတ်နာခဲ့ပါစေ
သက္ကရာဇ်တွေတိုင်း ချစ်ခြင်းတွေသာ တည်တံ့….
ထိုဖြစ်တည်မှုတစ်ခုနဲ့ နေထိုင်ရတာ အဆင်ပြေပါတယ်။
မျှော်လင့်ခြင်း ၀ိညာဉ်…ကျွမ်းလောင်ခံပြီး
နားလည်မှုကို အကောင်အထည်ဖော် ရေးခြစ်
ဟန်ဆောင်ရင်းပဲဖြစ်ဖြစ်
ကြေကွဲရင်းပဲဖြစ်ဖြစ်
အနည်းဆုံးတော့……
မျက်ရည်ကြားက ပြုံးပြမိခဲ့တာချည်းပဲ။
ပေးဆပ်ခြင်းတွေက
သက်ဆိုင်သူရဲ့ ရာဇ၀င်မှာ…မီးခိုးသာသာဆိုပေမယ့်
အဲ့ဒီ့အထဲ
နှလုံးသားတစ်ခုပါနေတယ်ဆိုတာ…..
မိုးပြိုခဲ့ရင်တောင် သိနိုင်မယ်မထင်။
တခါက နှောင်ကြိုးကို အားကိုးပြီး
အတတ်နိုင်ဆုံး ရွှင်ပြသွားမှာ
သေရာပါမယ့် အကျင့်စရိုက် ဖြစ်နေပြီမို့…..
ရက်စက်လိုက ရက်စက်
ထားခဲ့လိုက ထားခဲ့ပါလေ…
ကျန်ရစ်မယ့်သူက…ခွင့်လွှတ်ခြင်းတွေ သိုမှီသိမ်းရင်း
ကာလလွန် အတိတ်ဆီသို့သာ ခြေဆန့်ခရီးနှင်ရုံပေါ့။ ။
                                                       By;ကေသရီ

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

ဆွေးရိပ်-၁


                                                      ဆွေးရိပ်-၁

မျှော်လင့်ထားပါရစေ
ယုံကြည်ခြင်းတွေ ၁၀၀ % မလင်းလက်လည်း
တချို့တ၀က်လောက်တော့ သံသယကင်းကင်း တွယ်ငြိချင်မိတယ်……။

ငါတို့လက်ဖ၀ါး၂ခု မညီမျှသလိုပဲ
တခါတလေ ခံစားချက်တွေလည်း ပေါင်းစပ်မရတာတော့ရှိမယ်
ဒါပေမယ့် ချစ်
ငါ…… နင့်ဘ၀ထဲ တတ်နိုင်သမျှ စီးဝင်နစ်မျောကြည့်မှာပါ….။

အရှုံးနယ်နိမိတ်ထဲက ငါ……
နင်ရှိနေတယ် ဆိုတဲ့အသိနဲ့ တဖြည်းဖြည်း ရုန်းထွက်လာခဲ့မယ်
အနိုင်ယူမှုတွေ မပေးရင်နေပါ………..
ချစ်…..
…….နင့်ကိုတော့ ထပ်မဆုံးရှုံးပါရစေနဲ့……။

နင်က ငါ့အတွက် ဆုလာဘ် ချစ်ရဲ့
နင်မသိတာဖြစ်မှာပါ
ငါပိုင်ဆိုင်သမျှ စက္ကန့်တွေကအစ…… နင့်ကြောင့် အားပါးတရ အပြုံးတွေဝေလို့……..

ဘယ်လို အဆုံးသတ်ကြမလဲ ချစ်ရယ်
တစ်ခါလွမ်းမိတိုင်း….တစ်ရာသီစာ အထီးကျန်နေမိတယ်
ငါနေထိုင်နေတဲ့ ဆွေးရိပ်ရပ်ဝန်းထဲမှာ…..
သတိရခြင်း ယဉ်ကျေးမှုတွေနဲ့ ငါ ဘယ်အချိန်ထိ ရင့်ပါးနေရမလဲ……….?

                                                                               By;ကေသရီ

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

သူတော်ကောင်း တရားပျက်


                             သူတော်ကောင်း တရားပျက်

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ.....။
                                 (နဝမ)ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ

မောင်မကျော်နိုင်ခဲ့ပါဘူး

                                        မောင်မကျော်နိုင်ခဲ့ပါဘူး By;tabound

ဒီနေ့ ….
ကိုယ်ကိုကိုယ်ငုံကြည်မိတယ်…..………
ကျွှန်တော်….ကိုယ်နဲ့မတော်တဲ့.….ဖိနိပ်စီးပြီး.
အိပ်မက်ကမ္ဘာကို ခရီးဆက်နေတာ…..
အတော်တောင်ကြာပေါ့………….………..

ဖိနိပ်ပါးမပါးတော့….
မသိဘူး……ကျွှန်တော်ရင်ဘက်ထဲမှာ….
နှလုံးသားတစ်ခု..ရှာတောင်မတွေတော့ဘူး………………
ပြောကျတယ်…
လူတွေက…ကိုယ်ဘက်ကိုယက်တဲ့….လိပ်မျိုးတဲ့…
ကျွှန်တော်တော့…ယက်ရင်ယက်ရင်...

GiliSoft Video Converter 7.6.0 Full Free bDownload

Video Filesတွေကို မိမိတို့ လိုအပ်သော Filesအမျိုးအစားသို့ အလွယ်တစ်ကူ ကူးပြောင်းဖို့ ဒါလေးက သုံးရတာအဆင်ပြေပါတယ်...သူ့အတွက် Full Versionအသုံးပြုနိုင်ဖို့ လိုင်စင်ကိးတွေပါ တစ်ခါတည်းထည့်ပေးထားပါတယ်... Convertor တွေ အများကြီးရှိပေမဲ့ အသုံးပြုရတာ အဆင်မပြေသူတွေအတွက် ဒါလေး သုံးကြည့်လိုက်ပါ...သုံးရတာ လွယ်ကူပြီး အမြန်ဆုံးလုပ်ဆောင်မှုတွေကြောင့် ဈေးလည်းကြီးလှပါတယ်...ခု အလကားလေးရတုန်း ယူထားချင်ရင်တော့ အောက်မှာ ဒေါင်းယူထားလိုက်ကြပါ...

အပြီးပိုင် ဒေါင်းယူထားရန်>>>

                           အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

Odin Frame Photo Creator 9.8.2 Full Free Download




ဓာက်ပုံတွေ ကလိရတာ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ အတွက် ဒီကောင်လေးက အသုံးပြုရင်း စိတ်ချမ်းသာနိုင်မှ သေချာပါတယ်…သူ့ကိုတော့ အလကားပေဒထားတာမဟုတ်ပါဘူး…အာရကေတော့ပေးဝယ်ပြီး သုံးရတယ်ဗျ… အဲအတွက်တော့ စိတ်မပူပါနဲ့ ကျွန်တော် သူ့အတွက် လိုင်စင်ကီးလေးရထားလို့ ပြန်လည်မျှဝေလိုက်တာပါ…ကဲ ကလိ(မဟုတ်ပါဘူး သုံးချင်တဲ့သူများနှော့) အောက်မှာ ဒေါင်းယူသွားလိုက်ပါ… ကီးလေးပါထည့်ပေးထားပါတယ်…
အပြီးပိုင်ဒေါင်းလုပ်လုပ်ရန်>>>SmileOpen-mouthed smileWinking smile

Odin Data Recovery Professional 9.8.1 Free Full Download


မိမိတို့ ဖိုင်တွေ ဒေတာအချက်အလက်တွေ ဓာက်ပုံတွေကို အကြောင်းအမျိုးကြောင့် Hard Disk,SD,USB စတာတွေကနေ ဖျတ်မိတာတို့ ပျောက်ပျက်သွားတာတို့တွေကို ပြန်လည် ရှာဖွေနိုင်မဲ့ အသုံဝင်ဆော့ဝဲစ်လေးတစ်ခုပါ... အသုံးလိုလို့ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ အလကားဒေါင်းသွားလိုက်ပါ... ဖိုင် အရွယ်ကလည်း 1.1Mbဆိုတော့ MP3သီချင်းတစ်ပုဒ်စာလောက်တောင်မရှိပါဘူး... Professional အသုံးပြုနိုင်ဖို့

Avast! Free Antivirus 8.0.1483.72 Free Download I.S Key


မိမိကွန်ပြူတာကို မလိုလားအပ်တဲ့ ဖျတ်စီးမှု Virus စသည်ဖြင့် အဖျတ်ရန်မှ ကာကွယ်တားဆီးပေးနိုင်ဖို့ ဒီAntivirusက အလကား အသုံးပြုခွင့်ပေးထားပါတယ်... သို့ပေမဲ့လည်း
Free Version ကို အသုံးမပြုချင်လို့ Internet Securityကို သုံးချင်ရင်တော့ Key Fileလေးကိုပါ ဒေါင်းယူလိုက်ပါ... အရင်ဆုံး ဒေါင်းလို့ရတဲ့ လိုင်စင်ကီးဖိုင်Rarကို ဖြည်ပါ...Key Fileကိုသုံးပြီး Free Versionကနေ Internet Securityအဖြစ် အသုံးပြုဖို့က Maintenance>Registration>Upload Keyfileကနေ ကီးကို ထည့်ပေးလိုက်ပါ... ဒါဆိုရင် ၂၀၁၄ခုနှစ်ထိ