RSS

ဆွေးရိပ်-၂


                                                            ဆွေးရိပ်-၂

ဘ၀တစ်ခုလုံးကို
အလွှမ်းမိုးနိုင်ဆုံးသော လူသားပါပဲ
ဆယ့်နှစ်ကျိုးမတတ်ပေမယ့်
… ခုထိ..
အပြစ်မြင်မှုတွေထဲ ကိုယ်ယောင်ဖျောက်နိုင်တုန်း….။
အလွမ်းတွေနဲ့ ဘယ်လောက်ပဲ ဇာတ်နာခဲ့ပါစေ
သက္ကရာဇ်တွေတိုင်း ချစ်ခြင်းတွေသာ တည်တံ့….
ထိုဖြစ်တည်မှုတစ်ခုနဲ့ နေထိုင်ရတာ အဆင်ပြေပါတယ်။
မျှော်လင့်ခြင်း ၀ိညာဉ်…ကျွမ်းလောင်ခံပြီး
နားလည်မှုကို အကောင်အထည်ဖော် ရေးခြစ်
ဟန်ဆောင်ရင်းပဲဖြစ်ဖြစ်
ကြေကွဲရင်းပဲဖြစ်ဖြစ်
အနည်းဆုံးတော့……
မျက်ရည်ကြားက ပြုံးပြမိခဲ့တာချည်းပဲ။
ပေးဆပ်ခြင်းတွေက
သက်ဆိုင်သူရဲ့ ရာဇ၀င်မှာ…မီးခိုးသာသာဆိုပေမယ့်
အဲ့ဒီ့အထဲ
နှလုံးသားတစ်ခုပါနေတယ်ဆိုတာ…..
မိုးပြိုခဲ့ရင်တောင် သိနိုင်မယ်မထင်။
တခါက နှောင်ကြိုးကို အားကိုးပြီး
အတတ်နိုင်ဆုံး ရွှင်ပြသွားမှာ
သေရာပါမယ့် အကျင့်စရိုက် ဖြစ်နေပြီမို့…..
ရက်စက်လိုက ရက်စက်
ထားခဲ့လိုက ထားခဲ့ပါလေ…
ကျန်ရစ်မယ့်သူက…ခွင့်လွှတ်ခြင်းတွေ သိုမှီသိမ်းရင်း
ကာလလွန် အတိတ်ဆီသို့သာ ခြေဆန့်ခရီးနှင်ရုံပေါ့။ ။
                                                       By;ကေသရီ

အားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...