"ကန္တာရ ပန်းခင်း"
သံရောဇဉ်တစ်ခုရဲ့ မြစ်ဖျားခံရာ
အချစ်ဆိုတဲ့ မြစ်ဆုံမှာ
မျှော်လင့်ချက်တွေနဲ့ စီးမျောရင်း
အနိမ့်အမြင့် အတက်အဆင်း
လောကဓံတွေကို တွေးမပူပဲ
ကာရံမဲ့ တေးသံတွေလည်း
အတူတူ ဆိုညည်းခဲ့ကြတယ်၊
ဒဏ်ရာတွေရှိလည်း မနာကျဉ်ခဲ့ဘူး
နာကျဉ်ဖူးတော့လည်း ရင်မနာခဲ့ဘူး
အခုတော့ ကြိမ်စာဆူးသလို
တိမ်လွှာဦးက နေမင်းကိုတောင်
တောင်းပန်ချင်ရဲ့...
ပန်းတွေပွင့်ဖို့ ဆုတောင်းနေတဲ့
ကန္တာရထဲက လူတစ်ယောက်အတွက်
မဖြစ်နိုင်တာ သိနေပေမဲ့
ချစ်ခဲ့တာ ရင်နဲ့ဆိုတော့လည်း
အမြဲအစဉ်သာ တောင်းဆုခြွေကာ
ပြန်လည်ကာ ချစ်ခွင့်ကြုံမဲ့
ဒီဘဝရဲ့နေ့ညတွေသို့ ...
မမြင်ရတဲ့ လမ်းမထက်မှာ
မမြဲတဲ့ ခြေထောက်တွေနဲ့
နောက်ပြန်လျှောက်ရင်း
ဘယ်တော့မှ မရောက်နိုင်တဲ့ ပန်းတိုင်မှာ
တစ်ခါမှ မမြင်ဖူးခဲ့တဲ့
ပန်းမျိုးစုံ
ဖူးဝေလို့နေမှာ သေချာပါတယ်.....၊၊
ရှင်လောင်(SAi)ခဆ.င.ကက(ပူး)
0 ကွန်မန့်:
Post a Comment
ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...