RSS

အမည်မသိခြင်း၏ ခေါ်ဆောင်ရာ

                                    "အမည်မသိခြင်း၏ ခေါ်ဆောင်ရာ"
ရင်ဖိုခြင်းနှင့်အတူ
နှလုံးသားရဲ့ ၁ဒေါင့် ၁နေရာမှာ
နွေးထွေးခြင်းလေး
အမည် မသိခြင်းနှင့်အတူ
နေရာယူသွားခဲ့တယ် …..။
ကြည်နူးခြင်းတွေ စွတ်ပျံ့
အလွမ်းရနံ့တို့က ငါ့ ခန္ဓာအနှံ့
အမည် မသိခြင်းနှင့်အတူ
ရင်ခုန် မိသွားတယ် ……။
သတိရခြင်းတွေ ပျံ့ထွက်
စိတ် ၀ိဥာဉ်ကို
ခေါ်ဆောင်သွားတာက
သူ ရှိရာ အရပ်ဆီသို့
အမည် မသိခြင်းနှင့်အတူ
လွမ်းမော တတ်လာတယ် ……။
ကြေကွဲမှုတွေ ယိုစီး
အသွေးအသားထိကို
သူ့ကြောင့် ရရှိ စိတ်ဒဏ်ရာတွေ
ကျတော့ ရင်တွင်းနဲ့
နှလုံးသားဆီသို့
ရင်နာခြင်းနှင့်အတူ
ဝမ်းနည်းခဲ့ရတယ် ……..။
အမည်မသိခြင်းများစွာနဲ့ ကျတော်
အဖြေမထုတ် ... မေ့ပစ်ဖို့ မေ့နေလိုက်တာ …..
မချစ်သင့်သူကိုမှ ချစ်မိသူ ကျတော့အဖို့
တခါတလေ သူ့ဘက်က လစ်လျူရှု့တာ မဟုတ်ခဲ့ပါဘူး …..
ကျတော့ ဘက်က အလိုက်သိတတ်လွန်းသွားတာပါ ………………..။
(၃ဝ-၄-၂ဝ၁၂) တနင်္လာ                                                     By:panei