RSS

သူငယ်ချင်းအတွက်>>>ခွဲခွာချိန်

                                                 "ခွဲခွာချိန်"
ခွဲရတော့မှာကို သိနေတဲ့အချိန်…
ရင်ဘတ်တစ်ခုလုံး
လောင်ကျွမ်းနေပေမယ့်…
အပြုံးတစ်ခုကို တပ်ဆင်ထားနိုင်ခဲ့တယ်…

နင့်မျက်နှာလေးကို
ငေးငေးကြည့်ရင်း…
စက္ကန့်တံ တစ်ချက်ရွေ့တိုင်း
ငါတို့..ပိုပိုဝေးသွားမှာကို သိနေတော့
နာရီသံတွေကို မျက်ကွယ်ပြုထားလိုက်ချင်တယ်…
မငိုမိအောင်အတန်တန် ထိန်းထားရင်း...


ကိုင်ဆုပ်ထားတဲ့ လက်ကလေးကို
မ၀ံ့မရဲ ဖြေလျှော့ပေးလိုက်ရတဲ့တစ်ခဏ….
နင်..ငါ့အနားရှိခဲ့တာ တဒင်္ဂလေးပေမယ့်
လွမ်းရတဲ့ရက်တွေ သိပ်ကြာလွန်းတယ်…

ခဏတာခွဲရတဲ့ အချိန်မှာတောင်
ရင်နဲ့မဆံ့အောင်ခံစားနေရတော့
တစ်ဘ၀စာ ဝေးမှာကို
တွေးကြောက်ရင်း…
တရွေ့ရွေ့ဝေးသွားတဲ့
နင့်ကို နှုတ်ဆက်နေလျက်က
အကြိမ်ကြိမ် အထပ်ထပ်
ဆုတောင်းနေမိတယ်…..။

နောက်တစ်ခါထပ်ပြီး မခွဲပါရစေနဲ့တော့ ချစ်သူရယ်…………
                                                   By;naungye