RSS

မင်းပေးတဲ့ဆုတောင်း မပြည့်ပါရစေနဲ့

သိပ်ချစ်တယ်လို့ပြောခဲ့တဲ့စကား….
အခုတော့မေ့ပြီလား….
ထာဝရလက်တွဲမယ်လို့
ယုံမှတ်ထားချိန်ကျမှ……
မင်း…လုပ်ရက်တယ်နော်….
မင်းပျော်ဖို့အဓိက…
မင်းဟာငါ့ဘ၀မို့…
မင်းသွားမယ့်လမ်း
ဖြောင့်တန်းပါစေ.. ငါ..ဆုတောင်း
ဘယ်တော့မှမဟောင်းတဲ့အချစ်တွေနဲ့….
အသက်ထက်ဆုံးချစ်နေမှာ…

မင်း..ရက်စက်လဲငါ မမှုပါဘူး….
မှတ်မိသေးတယ်..
နောက်ဆုံးတွေ့ခဲ့ချိန်တုန်းက…
ပျော်ရွှင်ပါစေတဲ့…..
ရင်ထဲမှာ ကြိတ်ပြီးကျတဲ့
မျက်ရည်တွေကို…
မင်း မမြင်မိတာလား…..
ငါ့..ဘေးနားရှိနေဖို့
မင်းစိတ်မှမပျော်တော့တာ…
ငါ့အတွက်ကြည့်တော့…
မင်းရှိမှ နေပျော်မယ်…..
ငါ့ဆန္ဒတွေနောက်ပို့ထားတယ်…
မင်း တစ်ယောက်ပျော်နိုင်ဖို့အရေး
ငါတွေးပေးလို့….
မင်းရဲ့ဆုတောင်းကို
ငါငြင်းပယ်တယ်…….
ဒီဆုတောင်းမပြည့်ပါရစေနဲ့…..
မင်း..ထာဝရ…ပျော်မယ်ဆို…
ငါ…ကျေ.နပ်.ပါ.တယ်….ချစ်သူရယ်…..။ ။ 
                           By:naungye

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...