RSS

လိုအပ်နေဆဲ

အတောင်မရှိတဲ့ ငှက်
ပဲ့မရှိတဲ့ လှေ
သံစဉ်မရှိတဲ့ ဂစ်တာလို
မင်းမရှိတော့ ငါရင်ထဲမှာ ခြောက်သွေ့နေဆဲပါ.
ထွက်သွားသူနဲ့ထားခဲ့သူ
ဘယ်သူကပိုခံစားရမယ်ဆိုတာ
မင်းသိသင့်ပါတယ်
သစ္စာတွေ ကတိတွေထပ်ခါပေးခဲ့
ယုံကြည်ချက်တွေ ရိုက်ချိုးသွားရင်တောင်
မမုန်းဘဲ ချစ်နေမဲ့သူပါ….
”ချစ်ရင်ပစ်တယ်
ပစ်ရင်မေ့တယ်”တဲ့
သူများတွေ ပါးစပ်ဖျားက
ထွက်ကျလာလို့>>>

လွယ်လွယ်ချစ် လွယ်လွယ်မေ့ဖို့
မဖြစ်နိုင်ဘူးဆိုတာ မင်းမသိတာ အံသြတယ်…
မှေးစက်ခဲ့တဲ့ ပခုံးတစ်ဖက်
မင်းအတွက်ဆိုတာ မမေ့ပါနဲ့
လိုအပ်နေတဲ့ ကွပ်လပ်တစ်ခု
မင်းသိအောင် ငါနှလုံးသားက
ပြောပြနေသော်လည်း မင်းမှမကြားနိုင်တော့တာ..
အဝေးဆုံးက ချစ်သူ.
ပျော်ရွှင်ဖို့အတွက် မျက်ရည်ကို
သက်သေထားပြီး ခရီးရှည်အိမ်မက်ကိုပဲ
မက်နေရတော့တယ်…
သစ္စာကိုတည်
မေတ္တာရဲ့အစွမ်း
အချစ်အလွမ်းကို ပွေ့ဖက်
မနက်ဖြန်များကို ကျော်ဖြတ်ကာ
မင်းနဲ့နီးဖို့ ကြိုးစားနေတယ်ဆိုတာ
ယုံထားပါ….
အဝေးက ချစ်သူများအတွက်ပါ…….
                                    By;soeoo

ပျော်ရွှင်နိုင်ကြပါစေ...

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...