RSS

ခုံပြာလေးက စောင့်နေမယ်

တောင်တန်းတွေက နံရံတွေလို
တားဆီးပါစေ ဆွဲဖယ်လိုက်မယ်
လိုက်ကာများလို ဝေးလံခရီး
ကိုယ့်ဖို့နီးစေ ချစ်တွေးသီကာ
မျှော်ရည်မှန်းလို့ လှမ်းခဲ့တယ်

ကြင်နာသူ သူ့နှုတ်ခမ်းဖျားက
မရေရာ ဆိုတဲ့စကား
“ချစ်ချင်တော့ဘူး ပျင်းတယ်တဲ့”
မချိုနိုင် ခါးသက်သက်မို့
ရင်ခွင်မှာ အပီအောင့်ကာ
မှိုင်တွေကာ ကျန်ရစ်တယ်
ပြန်ချစ်ချင်သူမို့ မာန်တင်းလို့
လက်နှစ်ချောင်းထောင်တယ်
မခံချင်စွာ ဟန်လုပ်လို့ >>>

ပြောမိတယ်
“စဉ်းစားပါ
မင်းအနားမှာ ငါမရှိရင်
ခြောက်သွေ့မယ် ပျော်စရာတွေ
ကိုကိုရယ်…
မီး လွမ်းတယ်ဆိုရင်
ပြန်ပေးမယ့် ငါအချစ်တွေက
နှစ်နှစ်အတွင်းပဲ လတ်ဆတ်မယ်”

ဒီလိုနဲ့ ပြတ်သားသယောင်
လှည့်ထွက်လို့ နားစွင့်တယ်
“ကိုကို”ရယ် သူ့ခေါ်သံ
မကြားရလို့ စိတ်ညစ်တယ်
မှန်းချက်ကလဲ နှမ်းမထွက်လို့
လွမ်းမိတဲ့ ဒီမောင်မှာ
အမှတ်မရှိစွာ ပြောမိပြန်တယ်
“ခုံပြာလေးက စောင့်နေမယ်”
                             By:Demon

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...