RSS

ကြယ်ကြွေဆုတောင်း

မှောင်မိုက်တဲ့ ငါ့ကမ္ဘာ
အလင်းရောင်လာပေးလှည့်ပါ နတ်သမီး။
ငါ့ရဲ့အသံလည်းနင်မကြား
မှုန်ပျပျ ဟိုးအဝေးက နင့်ရဲ့အလင်း
မြင်ရရုံနဲ့ ငါကျေနပ်ခဲ့ပါတယ်။
နင့်ရဲ့ပျော်ရွှင်စရာတွေ၊ နာကျင်စရာတွေ
ငါဝေမျှ ပေးချင်ခဲ့။
နင်ကတော့
ငါ့ရဲ့ဘ၀ကို ယောင်လို့တောင်
လှည့်မကြည့်တော့ဘူးလား။
မျှော်လင့်နေပါတယ် ဆိုတဲ့စကားတစ်ခွန်း
ငါ မပြောပါဘူး။
ငါက…
မျှော်လင့်ခွင့်လေးတောင်မရှိတဲ့သူပါ။
ဒါပေမဲ့

မျှော်ကြည့်ခွင့်လေးတော့ ပေးပါ။
ဒီလိုဆို…
ကြယ်ကြွေတိုင်း ငါဆုတောင်းနေမိမယ်
အဲဒီ့ ကြွေတဲ့ကြယ်
နင်မဖြစ်ပါစေနဲ့ပေါ့။
                     By:Titan
ခုလိုအပြီးတိုင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...