RSS

ရှင်းပြပေးခဲ့ပါ...ချစ်သူ

နားလည်ပေးစေချင်တယ်တဲ့
ဘယ်အတိုင်းအတာထိ နားလည်ပေးစေချင်လဲ?
လုပ်ချင်တာ လုပ်နေတဲ့ လုပ်ရပ်တိုင်းကို
မသိကျိုးကျွံပြုပေးဖို့ နားလည်မူမျိုးလား?
Plz…ရှင်းပြပေးခဲ့ပါ..ချစ်သူ…
သိတတ်စေချင်တယ်တဲ့
ငါ...မဟုတ်တဲ့ နောက်တစ်ယောက်နဲ့
ကြည်နူးစွာရှိနေတဲ့ အခါ….
မျက်ကွယ်ပြု…အနားက ထွက်သွားပေးရမယ့်
သိတတ်မူလေလား?

Plz…ရှင်းပြပေးခဲ့ပါ..ချစ်သူ…
ယုံကြည်စေချင်တယ်တဲ့
အလုပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အလုပ်များနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ဥပက္ခာပြု၊ နောက်တစ်ယောက်နဲ့
နောက်ဇယားရူပ်နေတဲ့ ခြေလှမ်းတွေကို
ယုံကြည်ပေးရတာမျိုးလား?
Plz…ရှင်းပြပေးခဲ့ပါ..ချစ်သူ…

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...