RSS

ကုလားထိုင်စိုက်ပျိုးရေး

... ရာသီဥတုဟာ ကျန်းမာရေးမလိုက်စားသူ မျက်နှာနဲ့ ရောက်လာခဲ့တဲ့ ညပေါ့။ ... ဦးနှောက်အပေါက်ကြီး တခုထဲက ရှတတ လေတွေ အခန့်သားလာနေ ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။ ... လူးတွန်သံကြားရ အပြင်းစား နတ်ဘုရားတကောင်ရဲ့ ညာတောင်ပံ ရိုက်ခတ်သံလိုလို ဘယ်တောင်ပံ ရိုက်ခတ်သံလိုလို။ ... အလို ... ဒီရာသီပေါ့ ကုလားထိုင်တွေ စိုက်ပျိုးလို့ ကောင်းတဲ့ရာသီ လှည်းကျိုး ထမ်းရတော့မယ့် ရာသီ။ ... အနာဂိတ်ရဲ့ ဆွေတော်မျိုးတော် တယောက်လဲ စိုက်ပျိုးဆဲ ကုလားထိုင်ခင်းမှာ ခပ်ပျင်းပျင်း ... ထိုင် ... ထ ... ရေရွတ် ... အမှန်တရားဟာ ... ဖွတ်ချက်ကားနဲ့ လာနေပြီ။ ... ညီညွတ်ရေးက အိပ်ရေးမ၀သေးတဲ့ ၀က် ၀၀ကြီးလို ဒီယိုင် ဟိုထိုး ဟိုး ... ဆရာ ... ဟိုး ... ဟိုး ... (ဖြတ်သန်းသွားလာခွင့်မပြု) အခုလေးတင် ကုလားထိုင် စိုက်ပျိုးပင်တွေ ကြဲထားတယ်။ ကေးကေးဇံ

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...