RSS

လုပ်လိုက်လေ ကြာသလားလို့

စ်ခါက (ရှေးရှေးတုံးကလို့ ပြောရင် ပိုမှန်မလား) ညမိုးချုပ်တော့ မြို့ တံခါးကြီးပိတ် ထားတယ်တဲ့။ မြို့ ပြင်ထွက်အလုပ်လုပ်တဲ့လူတွေလည်း အချိန်မှီပြန်မလာရင် တံခါးအပြင်မှာပဲ တစ်ညတာကုန်ဆုံးရတယ်။ တစ်ရက်တော့ အရက်သမားတစ်ယောက်ရယ် ဘိန်းသမားတစ်ယောက်ရယ် ဆေးသမားတစ်ယောက် ရယ် မြို့ ထဲ ပြန်ဝင်တာ နောက်ကျလို့ တံခါး ပိတ်ထားတာနဲ့ တိုးပါတော့တယ်။ အရက်သမားက မူးမူးနဲ့ စိတ်ဆိုးပြီး မြို့ တံခါးကို ရိုက်ချိုးမယ်လုပ်ပါလေရော။ ဘိန်းသမားကတော့ ဘိန်းမှိန်းမှိန်းပြီး အရက်သမားကို စိတ်ထိန်းပါ မင်းမလုပ်နိုင်ပါဘူး လာပါ
ငါတို့ ဒီနေရာလေးမှာ အိပ်ပြီး မနက်ကိုစောင့်တာပေါ့လို့ ပြောလိုက်တယ်။ ဆေးသမားကတော့ မြို့ ရိုး တံခါးကို ဟိုကြည့်ဒီကြည့်လိုက်ကြည့်ပြီး ဘိန်းသမားနဲ့ အရက်သမားကို လှမ်းပြောတယ်။ ငါတို့ မြို့ ထဲဝင်လို့ ရမဲ့ နည်းလမ်းတွေ့ ပြီဟေ့။ အရက်သမားနဲ့ ဘိန်းသမားလည်း အားရ၀မ်းသာစွာနဲ့ ဘယ်မှာလဲဆိုပြီး ဆေးသမားနား ကပ်သွားတယ်။ ဒီမှာလေ အပေါက်တွေ့ လား ငါတို့ ကိုယ်ကို ကျုံ့ ပြီး ဒီအပေါက်ထဲကနေ တိုးဝင်သွား ရင် မြို့ ထဲ ရောက်ပြီဟ ဟု လက်သန်းလောက်ရှိသော အပေါက်လေးကို ညွှန်ပြလိုက်သည်။ *(ကူးယူဖော်ပြခြင်း)

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...