RSS

အဖြစ်က မနှစ်ကနဲ့မတူ

ဘာကြီးပါ  ညာကြီးပါနဲ့
ငါ့ရင်ခွင်ကို  လာလာမြည်းတာ…
အသည်းတစ်ခြမ်းလည်း
အခုဆို…တစ်စစီလိုက်ကောက်နေရပြီ
ဝမ်းနည်းတိုင်း  ရင်ခွင်ကိုလာလာခိုတော့
ငါ့ရင်ဘတ်…စုတ်စုတ်လေးလည်း 
ပုလဲတွေသီထားရပြီပေါ့
မင်းပျင်းရင်  ထန်းလျက်ဘူးလေးလှုပ်တာနဲ့
အမြီးရမ်း…လာတတ်တဲ့ခွေးတစ်ကောင်လို
ငါ့အဖြစ်က
ပေါသွားတာလား ×××
မ ပူ ပါ နဲ့ ——- 
ငါ့ အ သည်း ကို အုတ် မြစ် ထား တည် ဆောက် ခဲ့ တဲ့
မင်း..ဘ..ဝ..လေး..အ..ခြေ..ခိုင်..မှာ..ပါ
ငါ့ မျက် ရည် တွေ နဲ့ စ တေး ထား တဲ့...

မင်း..မာ..ယာ..ကြာ..ကြာ..အ..ရောင်..လက်..မှာ..ပါ
ငါ့ ဘ ဝ နဲ့ ရင်း ပြီး ထု ဆစ် ခဲ့ တဲ့
ကြွေ..ရုပ်..လေး..တစ်..ရုပ်..ထာ..ဝ..ရ..တန်..ဖိုး..မြင့်..နေ..မှာ..ပါ ×××
ပိတောက်တွေ  အချိန်မမှန်တော့ပေမယ့်
ဒီကောင့်ရင်မှာတော့…မင်းကိုဆက်သဖို့…အချစ်တွေ…အချိန်မှန်မှန်ပွင့်နေတယ်
အယူခံ ဝင်မရတဲ့
အလွမ်းတွေကတော့
ချောင် ဆင်းရဲတစ်ခုမှာ…ငုတ်တုတ်လေးပေါ့  ။ ။ ။
                                                By:X-ray
16th August,2011.
2:30 AM

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...