RSS

ဂဏန်းတို့ ကဗျာ

                    ဂဏန်းတို့ ကဗျာ

“တစ်” မိုးအေါက် တယေါက်၊
 “နှစ်”ယေါက်မရှိ ငါ့ကမ္ဘာ။
 “သုံး”လွန်းတင်
လေးညှို့ ကြိုး၊တင်းတင်းလေး မင်းတင်ခဲ့လို့ ၊
 “ငါး”လေး ရေနည်းရာလို၊တဖျတ်ဖျတ် ငါ့ရင်မှာ၊
“ခြောက်”ခန်းတဲ့ လယ်ကွက်ပမာ၊အက်ကွဲရာ ထင်ခဲ့ပေမဲ့၊

“ခုနှစ်”ရောင်ချယ် သက်တန့် အလွမ်းတို့ နဲ့ ၊စွတ်စိုဆဲပါ “ရှစ်”သောင်းလေးထောင်၊ဝေဒနာခရီး၊ရှည်ငြီးပါစေ... “ကိုး”လုံး ဂြိုလ် ပျက်သုန်း၊
“ဆယ်”ကမ္ဘာဆုံးလည်း၊မမုန်း ပါရစေသား မေ...

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...