RSS

ဆုတောင်းမှားသူ

                      “ဆုတောင်မှားသူ”
ချစ်သူ...
ရာသီတွေ တစ်ရွေ့ရွေ့နဲ့
ဆွေးမြေ့လို့ ပြောင်းခဲ့ပြီး
ချစ်ခဲ့ကြ အတိတ်ခဏကို
မေ့မရတာ သိနေလည်း
မှားခဲ့တဲ့ ဆုတွေကြောင့်
လမ်းလွဲကာ ဝေးရလေသလား
တွေးမရပဲ ဆန္ဒတွေသာ
နေရောင်အောက်က သစ်ရွက်ခြောက်လို

လောကရဲ့ လက်ချက်အောာက်မှာ
ကြေမွကာ ဆွေးခဲ့ရလို့
မျှော်လင့်ချက် နှလုံးသားလည်း
သက်ပြင်းတွေ အခါခါချရင်း
ဘဝရဲ့ နွေခြေရင်းမှာ
သက်ဆင်းလို့ နွမ်းကြေသွားပါပြီ.....။
                                      ရှင်လောင်(SAi)
                                     င-င-ကက(ကြွက်)

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...