RSS

ဆရာကြီး တာရာမင်းဝေနှင့် အင်တာဗျုး

+ဆရာတာရာမင်းဝေ
ဝတ္ထုတိုရေးဖွဲ့ရာတွင် မည်သည့်အချက်များ လိုအပ်သနည်း (သို့မဟုတ်) မည်ကဲ့သို့ ရေးဖွဲ့ရသနည်း။

-ကမ္ဘာကျော်စာရေးဆရာကြီးတစ်ယောက်ကပြောဖူးပါတယ်။ ၀တ္ထုတိုရေးဖွဲ့ရာမှာ အဓိက အရေးကြီးတဲ့ အချက်ကြီးသုံးချက်ရှိတယ်တဲ့ … ဒါပေမယ့် ခက်တာက အဲဒီအချက်ကြီး သုံးချက်ကို ဘယ်သူမှမသိကြဘူးတဲ့ …

+ဆရာတာရာမင်းဝေ
ဆရာ့ဇာတ်ကောင် ဂျိုကာနဲ့ ဆရာ ဘယ်သူ ပိုတော်ပါသလဲ။

-ထုတ်ဝေသူက ပိုတော်ပါတယ်။#
+ဆရာမင်းခြောက်ဆယ်ခင်ဗျား
ဆက်စပ်တွေးခေါ်မှုသည် နေရာတိုင်းတွင် အသုံးဝင်ပါသလား ။ ထော်လော်ကန့်လန့်ဖြေပေးပါရန် ပန်ကြားပါသည်။

-ချစ်စရာကောင်းတာတွေ ကြုံခဲ့ရဖူးပါတယ်။ တာရာမင်းခြောက်ဆယ်လို့ ခင်ဗျား ကျွန်တော့် ကို သုံးနှုန်းတာက သိပ် အလင်္ကာမမြောက်ပါဘူး။ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ကဆိုရင်
ကြယ်မင်းဆေးပေါ့လိပ်အလိပ်ခြောက်ဆယ် ကျွန်တော့်ကို ပေးပို့ဖူးပါတယ်။ သူ့နာမည်ကလည်း “ဥက္ကာဝေ” လို့ လက်မှတ်ရေးထိုးထားပါတယ်။ သူ့ကိုကျွန်တော် ဥက္ကာ ( ၆၀) ပြန်မပို့နိုင်ပါ။ သူ့အိမ်က အုတ်ခဲတွေကြားမှာ ဘိလပ်မြေ လိုနေရင် နည်းနည်း ဖြည့်ပေးမယ်လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော်ဘာမှမတတ်နိုင်ပါ။ အမှန်တော့ ပရိသတ်ဆိုတာ စာရေးဆရာထက် ပိုတော်ပါတယ်။#
+ဆရာတာရာမင်းဝေခင်ဗျား
၅၂၈ + = ? ကိုလည်း ရှင်းလင်းပေးပါခင်ဗျား။

-နောက်ထားတာပါ။ ကျွန်တော့်ကိုမေးမယ့်အစား ကိုယ်စိတ်ဝင်စားတဲ့ကောင်မလေးတစ်ယောက် ယောက်ကို သွားပြကြည့်ပါလား။ အနုနည်းနဲ့သော်လည်းကောင်း အကြမ်းနည်းနဲ့သော်လည်းကောင်း သူ ပြန်ဖြေရှင်းပါလိမ့်မယ်။#+ဆရာတာရာမင်းဝေ
အချစ်ဆိုတာကို ဆရာဘယ်လိုနားလည်ပါသလဲ ဆရာရင်ခုန်တတ်ပါသလား။
အချစ်ဆိုတာ မော်ဒန်လို့ ဆရာသတ်မှတ်ထားတာလေးပြောပြပေးပါ။

အချစ်ကို အချစ်လို့ပဲ နားလည်ပါတယ်။ ရင်ခုန်မိလို့ ပဲ နားလည်ပါတယ်။ ရင်ခုန်မိ လို့ မိန်းမရသွားပါတယ်။ မော်ဒန်အမြင်နဲ့ပြော …. ဆိုရင်တော့
အချစ် = အ + ချစ်
အ လို့ ချစ်တယ် လို့ပဲ ဆိုကြပါစို့ ။#
အင်တာဗျူးဂျာနယ်
အမှတ်-၁၁၆
၂၇၊ဖေဖော်ဝါရီ၊၂၀၀၂။


0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...