RSS

ရေးမထားသော...ဖြစ်စဉ်မှန်

လွမ်းဆွတ်ခြင်းတစ်မျိုးက ပျော်ရွှင်ခြင်းပါးပါးလေးတဲ့...!
ပျော်ရွှင်ခြင်းတစ်မျိုးက အမြဲသတိရနေတာဖြစ်တယ်...
သတိရခြင်းတစ်မျိုးက အဝေးကနေအောင်းမေ့တာဖြစ်တယ်...
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာမဟုတ်ပါဘူး...
စကားတိုင်း အချိန်မီပြောခွင့်ရတာ မဟုတ်ဘူး...
အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာမဟုတ်ဘူး...
အသံတစ်မျိုးက နောက်ထပ်နားထောင်ခွင့် မရှိနိုင်တော့ဘူး...
လူတစ်ယောက်က နောက်ထပ်တစ်ဖန် အားကိုးမှီခိုခွင့် မရှိတော့ဘူး...
လက်တစ်စုံက နွေးနွေးထွေးထွေး တင်းတင်းဆုပ်ကိုင်မထားနိုင်တော့ဘူး...
အရာတချို့က သင်ဘယ်လောက်ပဲ နှစ်သက်နေလည်း သင်နဲ့မဆိုင်တော့ဘူး...
လူတချို့က သင်ဘယ်လောက်ပဲ စွဲလမ်းနေလည်း လက်လွတ်ဖို့ကံပါလာခဲ့ပြီ...
အခွင့်အရေးတချို့က သင်တွေဝေတဲ့တခဏ သင်ဘေးကဖြတ်ကျော်သွားခဲ့ပြီ...ဖူးစာကံတချို့က သင်စိတ်ပြောင်းတဲ့တခဏ သင့်လက်ကြားကနေ လျောထွက်သွားခဲ့ပြီ...
ခံစားချက်တချို့က သင်စိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ တခဏ ဝမ်းနည်းခြင်းအဖြစ် တစ်သက်လုံး ကျန်ရစ်ခဲ့ပြီ...
လူတချို့နဲ့ ထပ်တွေ့ဦးမယ်လို့ သင်ထင်ခဲ့တယ်...
အရာတချို့က ဆက်လက်ဖြစ်တည်နေမယ်လို့ သင်ထင်ခဲ့တယ်...
ဒါပေမဲ့... သင်လှည့်ထွက်ခဲ့တဲ့ တခဏ လူတချို့နဲ့ နောက်ထပ် သင်ဘယ်တော့မှ ထပ်မဆုံနိုင်ခဲ့တော့ဘူး...
နေဝင်သွားပြီး နေပြန်ထွက်လာချိန် အရာတချို့က အစားထိုးမရနိုင်အောင် အပြောင်းလဲကြီးပြောင်း လဲသွားခဲ့ပြီ...
လူတချို့က လှည့်ထွက်ခဲ့တယ်ဆိုတာနဲ့ တစ်သက်လုံးဝေးကွာသွားခဲ့တော့တာပဲ.....။    ။
          *foeverfriends မှကူးယူဖော်ပြသည်။

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...