RSS

၅၀၀၀ တန် Sim Card များ ရောင်းချမည်ဆိုခြင်းမှာ မဟုတ်မှန်

Our BIG President doesn't want it or what about 5000 kyats phone ??????
Posted by Soe on January 11, 2012 at 12:44pmSend Message View Blog.ကျပ် ၅၀၀၀ တန် Sim Card များ ရောင်းချမည်ဆိုခြင်းမှာ မဟုတ်မှန်
ရန်ကုန် (ဂျန်နဝါရီ ၉) - ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀၀ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။

ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေသော ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၏ ရလဒ်အဖြေအရ ၅၀၀၀ တန် Sim Card ရောင်းချမှု ဖြစ်လာမည်မဟုတ် ကြောင်း သိရသည်။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိ တဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်း တို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ် ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက သတင်းထောက်တစ်ဦး ၏ မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းမှာ နည်းဥပဒေအရ မဖြစ်နိုင်ကြောင်း ကိုထောက်ပြခဲ့သည့်အချက်ဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင်လည်း မြန်မာ့ဆက် သွယ်ရေး အနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော ကိစ္စဖြစ်သောကြောင့် တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက်ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်း စသည်ဖြင့် နည်းပညာအရ မဖြစ်နိုင်သေးသည့် အခြေအနေများကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်နှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးခဲ့သည်။

ထို့ကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ၅၀၀၀ တန်ဆင်းမ်ကဒ်ရောင်းချရန် နိုင်ငံတော် သမ္မတရုံးသို့ လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်ပြီး လက်ရှိ အခြေအနေတွင် လုပ်ကိုင်ခွင့်မရသေးကြောင်းလည်း သိရသည်။ ၅၀၀၀ တန် ဆင်းမ်ကဒ်ရောင်းချမည့် သတင်းသည် အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ စိတ်ဝင်စားသော သတင်းတစ်ခုဖြစ်လာခဲ့သည်။

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...