RSS

ပြုံစေချင်သည်

(က)
ကောင်လေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် ချစ်သူနဲ့ချိန်းတွေ့မှာမို့
စိတ်လှုပ်ရှားနေတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ဘာပြောရမှန်းလဲ မသိခဲ့ဘူး။
အဲဒီလိုနဲ့ ဖခင်ဆီ သူအကြံတောင်းတယ်။ ဖခင်က "သား.. အကြောင်းအရာ ၃မျိုးက
ဒီလိုနေရာမျိုးနဲ့ သင့်တော်တယ်။ အဲဒီအကြောင်းအရာ ၃မျိုးက အစားအသောက်၊
မိသားစု၊ အတွေးစကားလေးတွေပေါ့" လို့မှာတယ်။
ကောင်လေးက သူ့ဖခင်စကားကိုမှတ်ပြီး ချစ်သူနဲ့သွားချိန်းခဲ့တယ်။
ရေခဲမုန့်ဆိုင်တစ်ဆိုင်ဖြတ်တော့ နှစ်ယောက်သား ရေခဲမုန့်ဝယ်စားကြတယ်။
ဒါပေမဲ့ အချိန်တွေတဖြေးဖြေး ကုန်လာသည့်တိုင် နှစ်ယောက်သား
ပြောစရာစကားမရှိသေးတော့ ကောင်လေး ပိုပိုစိတ်လှုပ်ရှားလာမိတယ်။ အဲဒီလိုနဲ့
ဖခင်ရဲ့အကြံကို သူသတိရလိုက်ပြီး ချစ်သူကို မေးတယ်။
"အာလူးကြော် ကြိုက်လားဟင်!"
"မကြိုက်ဘူး......."
အဲဒီနောက် တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကောင်လေးက...

ဒုတိယအကြောင်းအရာ မိသားစုကို ထုတ်သုံးတယ်။
"ညီအစ်ကိုမောင်နှမ ရှိလားဟင်!"
"မရှိဘူး.........."   ဆက်ပြောစရာစကားမရှိဘဲ တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ်ကြာတော့
ကောင်လေးက သူ့ဖခင်ပြောတဲ့ တတိယအကြောင်းအရာ အတွေးစကားကို ထုတ်သုံးပြီး
ချစ်သူကို မေးလိုက်တယ်။"တကယ်လို့ နင့်မှာ ညီအစ်ကိုမောင်နှမ ရှိရင်
သူတို့အာလူးကြော်ကြိုက်လိမ့်မယ်လို့ နင်ထင်လားဟင်?"

(ခ)
မေမေက မိစုကို ဂီတပွဲခေါ်သွားတယ်။ ဂီတပွဲစင်မြင့်ပေါ်က တုတ်တံလေးကိုင်ပြီး
ဟိုရမ်းဒီရမ်းလုပ်နေတဲ့လူကို မိစုအရမ်း စိတ်ဝင်စားမိတယ်။
တုတ်တံရမ်းနေတဲ့လူကိုကြည့်လိုက် အသံမြင့်သီချင်းဆိုတဲ့
အဆိုတော်ကိုကြည့်လိုက်နဲ့ မိစု ခေါင်းထဲ မေးခွန်းတချို့ဝင်လာတယ်။
အဲဒီလိုနဲ့ ပွဲပြီးတော့ မေမေကို မိစုမေးတယ်။
"မေမေ... မေမေ... စင်မြင့်ပေါ်က ဟိုဦးဦးက တုတ်ကိုင်ပြီး ဘာဖြစ်လို့
ဟိုဒေါ်ဒေါ်အဆိုတော်ကို ခြိမ်းခြောက်နေရတာလဲ?"
"မခြောက်ပါဘူး သမီးရဲ့.. သမီး ဘာဖြစ်လို့ ဒီလိုမေးရတာလဲ?"
 "ဟိုဒေါ်ဒေါ် ငယ်သံပါအောင် အော်နေလို့လေ..."

(ဂ)
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ
မီတော့ ရဲက ကားသမားကို
"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ
မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?" "ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်""လိုင်စင်မရှိပဲနဲ့ ခင်ဗျားကားမောင်းတယ်..."အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. ကျွန်မအမျိုးသားက အရက်မူးလာရင်
စကားလျှောက်ပြောတတ်တယ်"
"ဘာ... လိုင်စင်လည်းမရှိဘူး... အရက်သောက်ပြီး ကားမောင်းတယ်"  အဲဒီမှာ နောက်ခန်းမှာထိုင်တဲ့ အဘွားအိုတစ်ဦးက
"အဲဒါကြောင့် အစကတည်းကပြောတာပေါ့... ခိုးလာတဲ့ကားကို
အမြန်မမောင်းပါနဲ့လို့.........."
                          *foeverfriends မှကူးယူဖော်ပြသည်။

0 ကွန်မန့်:

Post a Comment

ခုလိုလာရောက်တာကို ချစ်သူရွာလေးမှ ကျေးဇူးတင်ပါတယ်...Commentဆိုတာ Bloggerတွေအတွက် အားဆေးပါဗျာ...