RSS
ဆရာကြီး တာရာမင်းဝေနှင့် အင်တာဗျုး
+ဆရာတာရာမင်းဝေ
ဝတ္ထုတိုရေးဖွဲ့ရာတွင် မည်သည့်အချက်များ လိုအပ်သနည်း (သို့မဟုတ်) မည်ကဲ့သို့ ရေးဖွဲ့ရသနည်း။
-ကမ္ဘာကျော်စာရေးဆရာကြီးတစ်ယောက်ကပြောဖူးပါတယ်။ ၀တ္ထုတိုရေးဖွဲ့ရာမှာ အဓိက အရေးကြီးတဲ့ အချက်ကြီးသုံးချက်ရှိတယ်တဲ့ … ဒါပေမယ့် ခက်တာက အဲဒီအချက်ကြီး သုံးချက်ကို ဘယ်သူမှမသိကြဘူးတဲ့ …
+ဆရာတာရာမင်းဝေ
ဆရာ့ဇာတ်ကောင် ဂျိုကာနဲ့ ဆရာ ဘယ်သူ ပိုတော်ပါသလဲ။
-ထုတ်ဝေသူက ပိုတော်ပါတယ်။#
+ဆရာမင်းခြောက်ဆယ်ခင်ဗျား
ဆက်စပ်တွေးခေါ်မှုသည် နေရာတိုင်းတွင် အသုံးဝင်ပါသလား ။ ထော်လော်ကန့်လန့်ဖြေပေးပါရန် ပန်ကြားပါသည်။
-ချစ်စရာကောင်းတာတွေ ကြုံခဲ့ရဖူးပါတယ်။ တာရာမင်းခြောက်ဆယ်လို့ ခင်ဗျား ကျွန်တော့် ကို သုံးနှုန်းတာက သိပ် အလင်္ကာမမြောက်ပါဘူး။ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ကဆိုရင်
ကွဲလွဲသွားသော ခံစားချက်
ငါ့ကို လွမ်းတဲ့နင်က ငါနဲ့တူတဲ့ တခြားသူကို
အစားထိုး…….ဖြေသိမ့်ဖို့ကို အစွမ်းကုန် ကြိုးစားနေတယ်……….။
နင့်ကို လွမ်းမိတဲ့ငါကတော့………
နင်နဲ့ဆုံဖို့ကြိုးစား ဘ၀ရဲ့ အမောတွေကို အလွမ်းတွေနဲ့ တိုက်စားနေတယ်……….။
အချစ်ဆိုတာကို မသိသေးတဲ့နင်က
ကတိတွေကို မျက်ကွယ်ပြု
ရှေ့ဆက်ပျော်နိုင်ဖို့   အသစ်အဆန်းတွေ ဖွေရှာနေတယ်……..။
အချစ်စစ်ကို သိတဲ့ငါကတော့
နင်နဲ့ ပျော်နိုင်ဖို့ ငါ့အချိန်တွေ မြုပ်နှံရင်း
အနာဂတ်ကို ခြယ်သနေတယ်…………..။
သစ္စာကို မထိန်းနိုင်တဲ့နင်က………..
လက်တွေ့တွေမှာ ပျော်ဝင်ရင့်ပါ…..
အိမ်လွမ်းသူ
                 ” အိမ် “  လွမ်းသူ
နွေနေက ပူတယ်။
နွေလေကလဲ ပူတယ်။
နေပူ လေပူ တွေနဲ့
အရောင်စုံ ပန်ချီကားကို
ဖြတ်သန်းခုတ်မောင်း
ဘ၀ ပေါင်းစုံကို တင်ဆောင်လာတဲ့
ရထားအို တစ်စင်းထဲ
အိမ်ခွါသူ ငါ့အလွမ်းတွေနဲ့
အရာအားလုံးနဲ့အတူ
လိုက်ပါစီးမျောခဲ့။
အပြာရောင်အနာဂါတ်ကို
ပိုင်ဆိုင်နိုင်ဖို့
လုံခြုံနွေးထွေးတဲ့
အပူတပြင်းခမ်းနားခဲ့တဲ့ အိမ်မက်
တိတ်ဆိတ်ခြင်းတွေဟာ တိတ် တိတ် ဆိတ် ဆိတ် ခမ်း နား ခဲ့ကြပြီ၊
သူ့အချိန်မဟုတ်ရင်တောင် ခပ်ရဲရဲပဲ ကြီးကျယ်ခဲ့တယ်၊
မှောင်မိုက်ဆိတ်ငြိမ်ခဲ့တယ်၊
ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင်၊ သူ့အတွက် သူ၊
သူ့ပတ်ဝန်းကျင်အတွက် သူ၊ သူ့ မိသားစုအတွက် သူ၊ ခမ်းနားခဲ့တယ်၊
ရေးသူ နာမည်၊ စာအုပ်နာမည် ကြည့်ပြီးမှ ဖတ်တတ်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
စကား၊ စကားနဲ့ စကားတွေကြားမှာ အချိန်ဇယားဆွဲတတ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
အဲဒီ့တော့ … ကျွန်တော်ဟာ လူတစ်မျိုးမဟုတ်တဲ့ လူတွေထဲက လူပိုတစ်ယောက်၊
ကိုယ်တိုင် ရွာချမိတဲ့ မီးတောက်တွေကို ပြန်ကောက်နေမိသူ၊ ကျွန်တော့်ရဲ့အတ္တတွေက ပူတယ်၊
ရင်ချင်ရယ်နိုင်ပါသည် သုတ(၂)
၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)
၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ
၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ
၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ အိပ်ခန်းတဲ့..
၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကိုကိုယ်စားပြုပါတယ်တဲ့
Spades:King David, Clubs:Alexander The Great, Hearts:Charlemagne, Diamonds:Julius Cesar
၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)
အတိုအထွာ ဟာသ
                                           မဖြစ်နိင်ဘူး
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်
                                             မှတ်ပြီလား
တစ်နေ့လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလည်း အားရှိတယ် ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။ အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
- ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။  ကလေး တစ်ယောက်မွေးတယ်။
- ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူက ကလေး နှစ်ယောက်မွေးတယ်။
- တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး သုံးယောက်မွေးတယ်။
- လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေးလေးယောက်မွေးတယ်။
- ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
- ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
အချစ်စစ်နဲ့ ချစ်ခဲ့ရိုး
ရယ်လိုက်ပါချစ်ရသူ
အချစ်ဆိုတာ ငါ့အတွက်
ကြည်နူးစရာ......လားးး
ပျော်ရွှင်စရာ.....လား
ကြေကွဲစရာ...လားးးး
......................................။
အကြိမ်ကြိမ် အခါခါ
တွေးကြည့်တိုင်းမှာ
ကြေကွဲစရာ အတွေးပဲ
အခါခါ ပေါ်လာတယ် ...
အချစ်ကို ....အန်တုလို့
ငါ အော်ရယ် လိုက်ချင်ပါရဲ့
တကယ်ပါ ..............
ဘဝမှာ မင်းတစ်ယောက်သာ
ချစ်ခဲ့ဖူးတယ်ဆိုခဲ့ရင်.... မင်းအတွက်
ဟာသတစ်ပုဒ် ဖြစ်ခဲ့မလား...????
မင်း...ရယ် ( ရီ )နေလိုက်ပါ
ယုံပါလို့ ငါ ဘယ်တော့မှ
ပြောမှာမဟုတ်ဘူး ချစ်ရသူ.....။
အချစ်သစ် ဆိုတာ ငါ့အတွက်
ရှိမလာ နိုင်တော့ဘူး လို့ပြောရင်
အဖြစ်က မနှစ်ကနဲ့မတူ
ဘာကြီးပါ  ညာကြီးပါနဲ့
ငါ့ရင်ခွင်ကို  လာလာမြည်းတာ…
အသည်းတစ်ခြမ်းလည်း
အခုဆို…တစ်စစီလိုက်ကောက်နေရပြီ
ဝမ်းနည်းတိုင်း  ရင်ခွင်ကိုလာလာခိုတော့
ငါ့ရင်ဘတ်…စုတ်စုတ်လေးလည်း 
ပုလဲတွေသီထားရပြီပေါ့
မင်းပျင်းရင်  ထန်းလျက်ဘူးလေးလှုပ်တာနဲ့
အမြီးရမ်း…လာတတ်တဲ့ခွေးတစ်ကောင်လို
ငါ့အဖြစ်က
ပေါသွားတာလား ×××
မ ပူ ပါ နဲ့ ——- 
ငါ့ အ သည်း ကို အုတ် မြစ် ထား တည် ဆောက် ခဲ့ တဲ့
မင်း..ဘ..ဝ..လေး..အ..ခြေ..ခိုင်..မှာ..ပါ
ငါ့ မျက် ရည် တွေ နဲ့ စ တေး ထား တဲ့...
ပြန်မရနိုင်တဲ့ အခွင့်အရေး(ကျောင်းတော်သို့)
                            ပြန်မရနိုင်တဲ့ အခွင့်အရေး(ကျောင်းတော်သို့)
သူငယ်ချင်းတို့ရေ
ငါ့တို့ပျော်ရွှင်စွာဆုံခဲကြတယ်နော်
သည်ကျောင်းတော်မှာ….(တက္ကသီလာ)။
သူငယ်ချင်းတို့ရေ
ငါတို့ပညာရှာခဲ့ကြတယ်နော်
သည်ကျောင်းတော်မှာ….(အာပလာ)။
သူငယ်ချင်းတို့ရေ
ငါတို့ပိုခင်ခဲ့တာလည်း
သည်ကျောင်းတော်မှာ….(ဘာဘာညာညာ)။
သူငယ်ချင်းတို့ရေ
ကွဲလွဲမှု့တွေရှိခဲတယ်နော်
သည်ကျောင်းတော်မှာ….(ဆော်သာဆော်ကွာ)။
အဝေးကနေပဲချစ်ကြရအောင်
               “အဝေးကနေပဲချစ်ကြရအောင်”
ပဉ္စလတ်ဆန်တဲ့ ကံကြမ္မာအောက်
ငါတို့နှစ်ယောက်
တွေ့ခဲ့ကြတယ်နော်
မှော်လိုဖမ်းစားတတ်တဲ့
အဖြူရောင် စကားလုံးတွေထဲမှာ
ငါတို့နှစ်ယောက်
ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်
ငါ့ကို ချစ်တတ်ခြင်း နက္ခက်နဲ့
အတူတကွ မွေးဖွားပေးခဲ့တဲ့
Internetကို ကျေးဇူးတင်တယ်
ငါ့နှလုံးသားကို စိုက်ဝင်လာတဲ့
မင်းရဲ့အချစ်မြှား တစ်စင်းဟာ
ငါ့နှလုံးသားကို တည့်တည့် စိုက်ဝင်သွားတယ်
မမြင်ဘူးပေမယ့်...
တိက်တခိုးကြိတ်ပိုးခဲ့သူ
တိက်တခိုးကြိတ်ပိုးခဲ့ရသူ
“မလွမ်းဘူးလား?” လို့
မေးချင်မိတယ်
မမေးဖြစ်ခဲ့ပါဘူး
“မလွမ်းပါဘူး” လို့
ဖြေလာမှာ ကြောက်လို့ပါ..
“လွမ်းတယ်” လို့
ပြောချင်မိတယ်
မပြောဖြစ်ခဲ့ပါဘူး
မင်း လှောင်ရယ်မှာစိုးလို့ပါ..
“ချစ်လား?” လို့
မေးချင်မိတယ်
မမေးဖြစ်ခဲ့ပါဘူး
“ဘာလို့မေးတာလဲ?” ဆိုတဲ့
ဖြေသိမ့်ခြင်း/ ငွေငှားပါ
  "ဖြေသိမ့်ခြင်း"
""ဘဝဆိုတဲ့မျဉ်းကြောင်းပေါ်မှာ
 ဘယ်တိမ်းညာစောင်းရင်း
 မျှော်လင့်ချက်အချို့လည်း
 လေဆင်နှာမောင်းမိတဲ့သစ်တစ်ပင်လိ
 အမြစ်ပါမကျန်အောင် လွှင့်ပစ်ခံရဖူးတယ်
 ဒါပေမဲ့...အရင်းမရှိတဲ့လောကကြီမှာ
 ပျော်ရွှင်စရာရော နာကျဉ်စရာရော
 တွေ့ဆုံခွင့်ရကြမှာ...
 မင်း၊သူ၊ငါ ခွဲခြားမထားပါဘူး.....။""
                                 ရှင်လောင်(SAi)
                                 ခဆ-င-ကက(ပူး)
                                                 "ငွေငှားပါ"
 အမေမရှိ ငွေမရှိ
ဖြေစရာကြည့်တော့ နေလောင်မိတဲ့
ပြုံစေချင်သည်
(က)
ကောင်လေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် ချစ်သူနဲ့ချိန်းတွေ့မှာမို့
စိတ်လှုပ်ရှားနေတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ဘာပြောရမှန်းလဲ မသိခဲ့ဘူး။
အဲဒီလိုနဲ့ ဖခင်ဆီ သူအကြံတောင်းတယ်။ ဖခင်က "သား.. အကြောင်းအရာ ၃မျိုးက
ဒီလိုနေရာမျိုးနဲ့ သင့်တော်တယ်။ အဲဒီအကြောင်းအရာ ၃မျိုးက အစားအသောက်၊
မိသားစု၊ အတွေးစကားလေးတွေပေါ့" လို့မှာတယ်။
ကောင်လေးက သူ့ဖခင်စကားကိုမှတ်ပြီး ချစ်သူနဲ့သွားချိန်းခဲ့တယ်။
ရေခဲမုန့်ဆိုင်တစ်ဆိုင်ဖြတ်တော့ နှစ်ယောက်သား ရေခဲမုန့်ဝယ်စားကြတယ်။
ဒါပေမဲ့ အချိန်တွေတဖြေးဖြေး ကုန်လာသည့်တိုင် နှစ်ယောက်သား
ပြောစရာစကားမရှိသေးတော့ ကောင်လေး ပိုပိုစိတ်လှုပ်ရှားလာမိတယ်။ အဲဒီလိုနဲ့
ဖခင်ရဲ့အကြံကို သူသတိရလိုက်ပြီး ချစ်သူကို မေးတယ်။
"အာလူးကြော် ကြိုက်လားဟင်!"
"မကြိုက်ဘူး......."
အဲဒီနောက် တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကောင်လေးက...
ရေးမထားသော...ဖြစ်စဉ်မှန်
လွမ်းဆွတ်ခြင်းတစ်မျိုးက ပျော်ရွှင်ခြင်းပါးပါးလေးတဲ့...!
ပျော်ရွှင်ခြင်းတစ်မျိုးက အမြဲသတိရနေတာဖြစ်တယ်...
သတိရခြင်းတစ်မျိုးက အဝေးကနေအောင်းမေ့တာဖြစ်တယ်...
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာမဟုတ်ပါဘူး...
စကားတိုင်း အချိန်မီပြောခွင့်ရတာ မဟုတ်ဘူး...
အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာမဟုတ်ဘူး...
အသံတစ်မျိုးက နောက်ထပ်နားထောင်ခွင့် မရှိနိုင်တော့ဘူး...
လူတစ်ယောက်က နောက်ထပ်တစ်ဖန် အားကိုးမှီခိုခွင့် မရှိတော့ဘူး...
လက်တစ်စုံက နွေးနွေးထွေးထွေး တင်းတင်းဆုပ်ကိုင်မထားနိုင်တော့ဘူး...
အရာတချို့က သင်ဘယ်လောက်ပဲ နှစ်သက်နေလည်း သင်နဲ့မဆိုင်တော့ဘူး...
လူတချို့က သင်ဘယ်လောက်ပဲ စွဲလမ်းနေလည်း လက်လွတ်ဖို့ကံပါလာခဲ့ပြီ...
အခွင့်အရေးတချို့က သင်တွေဝေတဲ့တခဏ သင်ဘေးကဖြတ်ကျော်သွားခဲ့ပြီ...ဖူးစာကံတချို့က သင်စိတ်ပြောင်းတဲ့တခဏ သင့်လက်ကြားကနေ လျောထွက်သွားခဲ့ပြီ...
ခံစားချက်တချို့က သင်စိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ တခဏ ဝမ်းနည်းခြင်းအဖြစ် တစ်သက်လုံး ကျန်ရစ်ခဲ့ပြီ...
လူတချို့နဲ့ ထပ်တွေ့ဦးမယ်လို့ သင်ထင်ခဲ့တယ်...
အရာတချို့က ဆက်လက်ဖြစ်တည်နေမယ်လို့ သင်ထင်ခဲ့တယ်...
ဒါပေမဲ့... သင်လှည့်ထွက်ခဲ့တဲ့ တခဏ လူတချို့နဲ့ နောက်ထပ် သင်ဘယ်တော့မှ ထပ်မဆုံနိုင်ခဲ့တော့ဘူး...
နေဝင်သွားပြီး နေပြန်ထွက်လာချိန် အရာတချို့က အစားထိုးမရနိုင်အောင် အပြောင်းလဲကြီးပြောင်း လဲသွားခဲ့ပြီ...
လူတချို့က လှည့်ထွက်ခဲ့တယ်ဆိုတာနဲ့ တစ်သက်လုံးဝေးကွာသွားခဲ့တော့တာပဲ.....။    ။
          *foeverfriends မှကူးယူဖော်ပြသည်။
မိန်းမနဲ့ကား
"ကိုယ့်လက်ထဲရောက်ရောက်ချင်း အသစ်မှာမောင်းရတာသိပ်အဆင်မပြေဘူး
အင်ဂျင်ကျင့်ပေးနေရတယ် နောက် ... အထာသိသွားတော့လည်းကလပ်နင်းပြီး ဂီယာထိုးလိုက်တာနဲ့  ငေါက်ခနဲ ဒေါက်...၀ှီးးးး ပဲ လီဗာဘယ်လောက်
တင်တင်အရှိန်ထိန်းနိုင်သွားပြီ ... အတိမ်းအစောင်းသိပ်မရှိတော့ဘူး "
" သြော် " " မောင်းပါများရင်လည်း ဇီဇာကြောင်တယ် မမောင်းပဲထားရင်လည်း
ဆီချေးပိတ်တာတို့ စက်ဖောက်ပြန်တာတို့
ဖြစ်တတ်တယ် အဲဒါကြောင့် ကိုယ်မစီးချင်ရင်တောင် ၀တ္တရားအရ ပုံမှန်လေးတော့
တတ်မောင်းပေးရတယ် " " အင် " " လုံးဝကိုယ်ကမမောင်းပဲပစ်ထားရင် တခြားတက်မောင်းတဲ့ လူနောက် ပါသွားတတ်တယ် ကိုယ်အထိန်းအသိမ်းမတတ်ရင်လည်းကျွမ်းကျင်တဲ့အလစ်သမားတွေ လက်စာမိရောပဲ တစ်ချို့ဆို မောင်းပြေးခွင့်မရရင်တောင် ဟိုပွတ်ဒီပွတ်လေးတော့ လုပ်သွားကြသေးတယ် "
ည ပေါ်က စုပ်ချက်
             “ည ပေါ်က စုပ်ချက်”
ချစ်သူ ...
အသက်ရှုနေတဲ့ တစ်မိနစ်မှာ
အကြိမ်ရှစ်ဆယ်က မင်းအတွက်ဆိုရင်
ငါ့နှလုံးသား လှုပ်ရှားမှုတွေဟာ
မင်းကြောင့်ဆိုတာ...
ညဥ့်နက် ကောင်းကင်က
ငွေဖြူရောင် လမင်းကို
စုပ်တံတပ်ပြီး ပေါ်မှာချရေးရင်
ကြယ်ကလေး တစ်ပွင့်တော့
ဖြစ်ကောင်းပါသတဲ့ ဗီးနပ်(စ်)ရယ်.....။
                                ရှင်လောင်(SAi)
                            ခဂ-ကခ-ကည(ကြွက်)
အိမ်မက် ကဗျာ
              “အိမ်မက် ကဗျာ”
စူးစမ်းတာလာ ရူးနှမ်းတာလား မသိပါဘူး
ဇရာငယ်ငယ် မလည်ဝယ်ပဲ
အချစ် အချစ်နဲ့ ပစ်ခဲ့တာပဲ တွေ့ရတယ်
အမှိုက်မပစ်ရ ဒဏ်ငွေ၁၀၀၀၀ိ/လို့
ရေးထားတာကို သူ မသိလေသလား
အခုတော့ ငါ့နှလုံးသားက
မင်းရဲ့အမှိုက် ဖြစ်လို့...
အရေးထဲ ခွေးက လာဆွဲသေးတယ်
နာကျဉ်လွန်းလို့ လန့်အော်မိတော့
ဆုတောင်းမှားသူ
                      “ဆုတောင်မှားသူ”
ချစ်သူ...
ရာသီတွေ တစ်ရွေ့ရွေ့နဲ့
ဆွေးမြေ့လို့ ပြောင်းခဲ့ပြီး
ချစ်ခဲ့ကြ အတိတ်ခဏကို
မေ့မရတာ သိနေလည်း
မှားခဲ့တဲ့ ဆုတွေကြောင့်
လမ်းလွဲကာ ဝေးရလေသလား
တွေးမရပဲ ဆန္ဒတွေသာ
နေရောင်အောက်က သစ်ရွက်ခြောက်လို
ထိမ်းမြားခြင်း(၁၀)ပါး
၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း သတိုးသားသတိုးသမီး နှစ်ဦးတို့သည် ပရိတ်သတ်အလယ်သို့မထွက်ဘဲ မိမိတို့အိမ်မှာသာ လွတ်လပ်စွာနေကြပြီး
ပရိတ်သတ်များ စားသောက်ပြီး၍ ပြန်သွားသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတိုးသား ပုဆိုး တင်ခြင်းကိုခေါ်သည် ။
၂။ လက်ဆုံထမင်းစား ထိမ်းမြားခြင်းသတို့သား၊ သတို့သမီးတို့သည် ထမင်း (သို့မဟုတ်) မုန့်ပဲသွားရည်စာများကို လူကြီး မိဘများရှေ့မောက်၌
လက်ဆုံစားခြင်းဖြစ်သည်။
 ၃။ လက်စွပ်လဲလှယ်၍ ထိမ်းမြားခြင်းသတို့သားဝတ်ဆင်သော လက်စွပ်ကို သတို့သမီးသို့ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ဆင်သော လက်စွပ်ကို သတို့သားသို့ပေးပြီး ၀တ်ဆင်စေခြင်းကိုမည်၏။
ရယ်ချင်ရင်ရယ်နိုင်ပါသည် သုတ(၁)
၁။ နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....
၂။ လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....
၃။ လူ့ ခန္ဓာတစ်ခုလုံးမှာ အပူဒဏ် ခံနိုင်ရည်အရှိဆုံးက အာခေါင် ဆိုပဲ...
၎။ မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား...
၅။ လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်...
၆။ ခြင်မှာလည်းသွားရှိတယ်ဗျ...
၇။ ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း...
၈။ မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ...
ဂေါက်တံကောက်လို့ကတော့
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ "ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့.
ကြက်တူရွေးကြီးသေသွားပြီ" "ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..." "ကျွေးပါတယ်ဆရာရယ်..." "အေး...ကျွေးရင်ပြီးရော...
သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား" "မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ" "ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက" "ဆ..ဆရာ...စိတ်မဆိုးရဘူးနော်.. ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....." "အေးပါ...မြန်မြန်ပြောစမ်းပါ..." "ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....." "ဘာ....ငါ့မြင်းကြီး...ဟုတ်လား.." "ဟုတ်...ဟုတ်...သေသွားပြီဆရာ.." "ဟေ!!!!...."
အမေ သီချင်း
မသိတက်သေးလို့ပါ မှားမှာပေါ့တဲ့ ရင်ဝယ်နှစ်ခြား သားသ္မီးများကို ဆိုဆုံးမ ခွင့်လွှတ်တက်တဲ့ အမြဲပဲ့ကိုင်ပေးရင်းနဲ့ အမေ့စကားသံလေး နားထဲကြားယောင်ဆဲ စိတ်ဓာက်ကျလို့နေချိန်စိတ်အားမငယ်နဲ့တဲ့ လူဆိုတာ အမှားနဲ့ မကင်းနိုင်ပေ တစ်ကြိမ်ထက်တော့မကတဲ့ အမှားများနဲ့ တွေ့ရလိမ့်မယ် ပြင်နိုင်ပါမှ လူပီသမယ်တဲ့ အမေဆုံးမသံ ဂီတ သံ အမေရိုက်တာကို နာတယ်မထင်ဘူး အမေ... ကောင်းစေချင်လို့ ပြောတယ်လို့ပဲမှတ်ယူပါတယ် အမေရေကျေးဇူးပါ တစ်ကယ့်လက်တွေ့ဘဝက ထင်သလောက်မလွယ်ဘူးလို့ အမေပြောစဉ်က ဟားတိုက်မိတယ်အမေ နဖူးတွေ့ဒူးတွေ့ ထိတ်တိုက်တွေ့ရမှ ဒါမှားပါလားမှန်း သိခဲ့ရပြီ အမေ အမေဆုံးမသံ ဂီတ သံ အမေရိုက်တာကို နာတယ်မထင်ဘူး အမေ ကောင်းစေချင်လို့ ပြောတယ်လို့ပဲ မှတ်ယူပါတယ် အမေရေကျေးဇူးပါ...။
ကုလားထိုင်စိုက်ပျိုးရေး
... ရာသီဥတုဟာ ကျန်းမာရေးမလိုက်စားသူ မျက်နှာနဲ့ ရောက်လာခဲ့တဲ့ ညပေါ့။ ... ဦးနှောက်အပေါက်ကြီး တခုထဲက ရှတတ လေတွေ အခန့်သားလာနေ ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။ ... လူးတွန်သံကြားရ အပြင်းစား နတ်ဘုရားတကောင်ရဲ့ ညာတောင်ပံ ရိုက်ခတ်သံလိုလို ဘယ်တောင်ပံ ရိုက်ခတ်သံလိုလို။ ... အလို ... ဒီရာသီပေါ့ ကုလားထိုင်တွေ စိုက်ပျိုးလို့ ကောင်းတဲ့ရာသီ လှည်းကျိုး ထမ်းရတော့မယ့် ရာသီ။ ... အနာဂိတ်ရဲ့ ဆွေတော်မျိုးတော် တယောက်လဲ စိုက်ပျိုးဆဲ ကုလားထိုင်ခင်းမှာ ခပ်ပျင်းပျင်း ... ထိုင် ... ထ ... ရေရွတ် ... အမှန်တရားဟာ ... ဖွတ်ချက်ကားနဲ့ လာနေပြီ။ ... ညီညွတ်ရေးက အိပ်ရေးမ၀သေးတဲ့ ၀က် ၀၀ကြီးလို ဒီယိုင် ဟိုထိုး ဟိုး ... ဆရာ ... ဟိုး ... ဟိုး ... (ဖြတ်သန်းသွားလာခွင့်မပြု) အခုလေးတင် ကုလားထိုင် စိုက်ပျိုးပင်တွေ ကြဲထားတယ်။ ကေးကေးဇံ
လုပ်လိုက်လေ ကြာသလားလို့
စ်ခါက (ရှေးရှေးတုံးကလို့ ပြောရင် ပိုမှန်မလား) ညမိုးချုပ်တော့ မြို့ တံခါးကြီးပိတ် ထားတယ်တဲ့။ မြို့ ပြင်ထွက်အလုပ်လုပ်တဲ့လူတွေလည်း အချိန်မှီပြန်မလာရင် တံခါးအပြင်မှာပဲ တစ်ညတာကုန်ဆုံးရတယ်။ တစ်ရက်တော့ အရက်သမားတစ်ယောက်ရယ် ဘိန်းသမားတစ်ယောက်ရယ် ဆေးသမားတစ်ယောက် ရယ် မြို့ ထဲ ပြန်ဝင်တာ နောက်ကျလို့ တံခါး ပိတ်ထားတာနဲ့ တိုးပါတော့တယ်။ အရက်သမားက မူးမူးနဲ့ စိတ်ဆိုးပြီး မြို့ တံခါးကို ရိုက်ချိုးမယ်လုပ်ပါလေရော။ ဘိန်းသမားကတော့ ဘိန်းမှိန်းမှိန်းပြီး အရက်သမားကို စိတ်ထိန်းပါ မင်းမလုပ်နိုင်ပါဘူး လာပါ
ညဝတ်အင်္ကျီ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ " ဒါ ဘာလုပ်တာလဲ" "ယောက်ျားအပြန်ကို စောင့်နေတာလေ" "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" "ဒါပေမယ့်
သက်ရှိ ကဗျာ(သို့)တို့ဧရာဝတီ
ရုရှား ဗော်လဂါ ဂင်္ဂါ အိန္ဒိယ
အမေရိကန်နဲ့ မစ္စစ္စပီ တရုတ်ပြည်နဲ့ ယန်စီ
မြန်မာပြည်နဲ့ ဧရာဝတီ။
အပြောင်းအလဲ မြန်တာလား၊
အကြောင်းပဲ ဖန်တာလား၊
ဧရာ
ရွှေမုဆိုး အတ္တနဲ့ ဥရုကောလို့
ဧရာဝတီရဲ့ သြရသကို သတ်နေကြတယ် သူငယ်ချင်း။
မေခ၊ မလိခ မြစ်နှစ်ခွမှာ
ရေကြည်လည်းနောက် အနာဂတ် ပျောက်နေပြီ သူငယ်ချင်း။
သူ့ရေကိုသောက် သူ့ရေနဲ့ ခြေဆေး
သူညစ်နွမ်းဖို့ အရေး သင်မတွေး ပါနဲ့ သူငယ်ချင်း။
တစ်ခါက ဧရာဝတီ
အခု သောင်အတိ ငါးက နည်းပါဘိနဲ့
မချိမဆံ့ ဒဏ်ရာချီ ကျောင်းတော်ရာ
ငါးလည်း ဖမ်းစားကြသည်။
ဧရာဝတီ သင်သည် စည်သွတ်ဘူး မဟုတ်
သင်သည် မာစီးဒီး မဟုတ်
သင်သည် Blue Ray မဟုတ်
သင်သည် 4 Gမဟုတ်
သင်သည် All Star တစ်ရန် မဟုတ်
သင်သည် 501 မဟုတ်
သဘောထား အမှန်ရုပ်နဲ့
သက်ရှိကဗျာ မြစ်ဧရာပါ သူငယ်ချင်း။
ဧရာဝတီဟာ ရေဆိုးထုတ်မြောင်း မဟုတ်
အမှိုက်ပုံ မဟုတ်
ကာဗွန်ဒိုင် အောက်ဆိုက် စက်ရုံမဟုတ်
သေးပန်းဖို့ မဟုတ်
အော့အန်ဖို့ မဟုတ်
ရေသန့်ဘူးနဲ့ အိတ်ကြွပ်တွေ ကူးလူးဖို့ မဟုတ်
ကွမ်းတံတွေးခွက် မဟုတ်
မဟုတ် မဟုတ် မဟုတ်ခြင်း များစွာနဲ့
ဧရာဝတီ ကို စောင့်ရှောက်ပါ သူငယ်ချင်း။
ဣနြေ္ဒကြီးကြီး သိက္ခာကြီးကြီး
အရောင်ကြီးကြီး အတွေ့ကြီးကြီး
အရင်း အနှီးများနဲ့ တေးရေးအတွက်
ဝါကျ ကဗျာအတွက် ပါဒ ပန်းချီအတွက်
ဆေးစက် ဓာတ်ပုံအတွက် ရှုကွက် များစွာအတွက်
အသက်ဆက်ပေး သူ့ဘ၀ အတွက်
ရင်လေးတယ် သူငယ်ချင်း။
စီးဆင်း လာခဲ့တဲ့ ဧရာဝတီ
နေ၀င်မိုးချုပ် မိုးတွင်း နွေနှင်း သက်ပြင်းနဲ့ ခရီးနှင်
ရာဇ၀င်လည်း သူအသိ နရ သီဟပတေ့ အသိ
ညောင်ဦးဖီး အသိ၊ ကျန်စစ် အသိ ပုဂံ အသိ၊
မန္တလေး သိ မင်းလှခံတပ် အသိ
သီပေါကို သိ ဗိုလ်ချုပ် အောင်ဆန်းကို သိ
ဦးနာအောက်ကို သိ၊ နန္ဒာသိန်းဇံ ဆုံးတာသိ
ခင်ဝမ်း အသိ၊ ထူးအိမ်သင် သိ
အင်းသီး အသိ၊ ကြိုးတန်းကို သိ
ပိတောက်ပွင့်သစ် သိ ရွှေအမြုတေ သိ၊
ဇေယျာရွှေမြေ သိ ဈေးသင်္ဘောကို သိ
ကုသိုလ်တော် ကျောက်စာကို သိ ဆိုမာလီ ပင်လယ်ဓားပြကို သိ
ကမ္ဘာရွာ ဖြစ်တာလည်း မြင်ပါဘိနဲ့
သူ့ကျန်းမာရေး သူမသိဘူး သူငယ်ချင်း။
တစ်ဖက်မှာ သောင်ထွန်းဖို့
တစ်ဖက်က ကမ်းပါးတွေ ဖြိုဖြို ပေးနေတာ ဧရာဝတီပါ။
လုပ်ရက် လိုက်ကြတာ သူ့ရင်ကို ဆွဲဆုတ်
သယံ ဇာတတွေ ခွဲထုတ်လို့
သားဥချချိန် ငါးဖမ်း အငမ်းမရ အတ္တနဲ့ တဲဖျက်လို့ မီးလှုံ
ဧရာဝတီကို ခြုံ လုံပါရဲ့လား သူငယ်ချင်း။
အံ့သြလိုက်တာ တမံတွေ ဖောက် ဆည်ရေသောက်ဖို့
သူ့ခေါင်းကို ဖြတ် အသက်ဖဲ့ခြွေ
ငွေ အတွက် မျက်ဖြေနိုင်ဘူး သိုက်မတူး ပါနဲ့လား သူငယ်ချင်း။
 .... ဟင်း .... သက်ပြင်းတွေ အလီလီချ
တစ်ခါက ဧရာဝတီည ရာဇ၀င် များရဲ့ သတို့သမီး
အလှနဲ့ ဟိုဘက်ကမ်းက တရား ဒေသနာ
 အရုဏ်ဦးမှာ ငြိမ်းချမ်းဖူးတယ် သူငယ်ချင်း။
သူငယ်ချင်းရေ မြန်မာပြည်ရဲ့ ဧရာဝတီဟာ
ငါတို့သွေးသား ဖြစ်သည်မို့
ဧရာဝတီ ကျန်းမာရေး ငါ့ကဗျာဖြင့် စတေးပါ၏။ ။
                                   ကိုပေါက် (Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
အမျိုးသ္မီးနှင့်ကော်ဖီ
စ်နေ့လျင် ကော်ဖီ(၄)ခွက်မျှ ပုံမှန်သောက်ခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ကောင်း ဖြစ်စေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကော်ဖီများများ နေ့စဉ်သောက်ခြင်းသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျသွားစေကြောင်း သုတေသီများက ဆိုသည်။ နှစ်ပေါင်းများစွာကြာအောင် နေ့စဉ် ကော်ဖီ(၄)ခွက်ထက် ပိုသောက်ခဲ့သော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၂၅) ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း Epidemiologyဆေးပညာ ဂျာနယ်က ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းက ပြုလုပ်သော ယခုစစ်တမ်း ရလဒ်သည် ကဖိန်းဓာတ်နှင့် သားအိမ်ကင်ဆာကြား ဆက်စပ်မှုကို ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ (၂၆)နှစ်ကြာ သုတေသနပြုမှုအတွင်း အဆိုပါ ကင်ဆာနှင့် ဆက်စပ်နေသော အမျိုးသမီး (၆၇၂)ဦး၏ နေထိုင်မှု ဓလေ့သဘာဝများနှင့် အခြားသော ရောဂါကင်းစင်သူ အမျိုးသမီးများကို နှိုင်းယှဉ် လေ့လာခဲ့သည်။ ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ အက်ဒွပ်ဂျီအိုဗန်နုဆီက “ကော်ဖီဟာ ဆီးချိုရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်တဲ့ သဘာဝမျိုး ရှိတဲ့အကြောင်း ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပြီးပါပြီ။ ဒါဟာ သူ့ရဲ့ အင်ဆူလင်ဓာတ်အပေါ် သက်ရောက်နိုင်မှုကြောင့်ပါ။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကော်ဖီမှာပါတဲ့ Antioxidantပမာဏဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ရှိနေတာထက်တောင် ပိုပါသေးတယ်”ဟု ပြောကြားသွားခဲ့သည်။ Source ; www.planet.com.mm
နေနှစ်စင်းကိုပတ်နေသောဂြိုဟ်
ပြင်ပ စကြ၀ဠာများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေနှစ်စင်း ကို ပတ်နေသောဂြိုဟ်ကို နာဆာ၏ ကက်ပလာ တယ်လီစကုပ်ဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။ Kepler-16b ဟု အမည်ပေး ထားသော ဂြိုဟ်သည် မိမိတို့ နေစကြ ၀ဠာရှိ စနေဂြိုဟ်ကဲ့သို့သော လူမနေ နိုင်သည့် အေးခဲသော ဓာတ်ငွေ့စု ကြီးသာ ဖြစ်သည်ဟု သိရသည်။ ယင်းဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀၀ ခန့်အကွာတွင် ရှိ သည်ဟုသိရသည်။ (အလင်းနှစ်ဆို သည်မှာ ကမ္ဘာကနေကိုတစ်ပတ် ပတ်သော ကာလ(တစ်နှစ်) အတွင်း အလင်းရောက်ရှိသည့် မိုင်ပေါင်း ၅၈၈၀,၀၀၀,၀၀၀,၀၀၀ မိုင်ကို ဆိုလို သည်) ယခင်ကတည်းက နေနှစ်စင်းကိုပတ်သည့် ဂြိုဟ်ရှိနိုင်ကြောင်း သုံး သပ်ခဲ့ကြဖူးပြီး သိပ္ပံ ၀တ္ထုဇာတ်လမ်း များတွင် ပါဝင်ခဲ့သော်လည်း ယခု အခါတွင်မှ ပထမဆုံးတွေ့ရှိခြင်း ဖြစ် သည်။ ယင်းဂြိုဟ်တွင် နေ၀င်ချိန်၊ နေထွက်ချိန်ကို နှစ်ခါစီ ကြုံတွေ့ရ သည်။ ယင်းနေတို့သည်လည်း အချင်းချင်း ၄၁ ရက်လျင် တစ်ပတ် နှုန်းဖြင့် ပတ်နေကြပြီး ဂြိုဟ်က နေ နှစ်စင်းကိုပတ်ရန် ကြာချိန်တစ်နှစ် မှာ ၂၂၉ ရက်ဖြစ်သည်။ Source ; www.news-eleven.com
ခန္တီ ခရီး
                   ခန္တီ ခရီး
- ခ လောက်ဆန် တဲ့...
- ခ နော် ခနဲ့ 
- ခ ရောင်းလမ်းမှာ...
- ခ ဏလေး ဖြစ်စေ
- ခ န္တီကို စရိတ် လုပ်လို့ ...
- ခ ရေစေ့ တွင်းကျ တော့..လျှောက်ကြည့်ဦးမယ် ။
- ခ ရီးပန်းလို့
- ခ လုတ်တိုက်ရင်တော့
- ခ ခယယ..အမိ တ ပါရစေ
- ခ ရေပန်းလေးရေ.....။
ဂဏန်းတို့ ကဗျာ
                    ဂဏန်းတို့ ကဗျာ
“တစ်” မိုးအေါက် တယေါက်၊
 “နှစ်”ယေါက်မရှိ ငါ့ကမ္ဘာ။
 “သုံး”လွန်းတင်
လေးညှို့ ကြိုး၊တင်းတင်းလေး မင်းတင်ခဲ့လို့ ၊
 “ငါး”လေး ရေနည်းရာလို၊တဖျတ်ဖျတ် ငါ့ရင်မှာ၊
“ခြောက်”ခန်းတဲ့ လယ်ကွက်ပမာ၊အက်ကွဲရာ ထင်ခဲ့ပေမဲ့၊
လူဆိုး
လူဆိုး
တစ်ခါတရံ သူမသိအောင်
တိတ်တဆိတ်ချစ်လို့
သူ ... နာကျည်းအောင်
မုန်းဟန်ဆောင် တတ်တဲ့ ငါဟာ
လူဆိုးတစ်ယောက်ပေါ့ ....
ရင်ထဲက နှလုံးသားတွေ
တဆစ်ဆစ် နာကျင်လို့
အပျော်ပေါ့
သူ့အတွက်
ပန်းအလှ
နှင်းဆီ
လိုအပ်တဲံပစ္စည်း
လိုအပ်တဲ့ပစ္စည်း “ရှင့်လစာ ဒါအကုန်ပဲလား” “အိမ်အတွက် လိုတာတွေ ၀ယ်လာခဲ့လို့” “ဟုတ်လား။ ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း” “၀ီစကီ တစ်သေတ္တာ”
သေပြီဆရာ
သေပြီဆရာ ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။ အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ - ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။ - ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူက ကလေး နှစ်ယောက်မွေးတယ်။ - တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး သုံးယောက်မွေးတယ်။ - လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေးလေးယောက်မွေးတယ်။ - ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။ - ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူတို့က ကလေး ခြောက်ယောက်မွေးတယ်။ ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကို ပြောတယ် ။ အဖေ…သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက ကျွန်တော်က ” သုံးဆယ် ” ကပါ လို့လည်းပြောရော ကောင်မလေး အဖေ ပါးစပ်က ဟေ……………….
အချစ်=Love
ပျော်ရွှင်ပါစေ
ပျော်ရွှင်ပါစေ
ပျော်ရွှင်ပါစေ...
ပျော်ပါစေ...
ကန္တာရ ပန်းခင်း
                 "ကန္တာရ ပန်းခင်း" 
သံရောဇဉ်တစ်ခုရဲ့ မြစ်ဖျားခံရာ 
အချစ်ဆိုတဲ့ မြစ်ဆုံမှာ
မျှော်လင့်ချက်တွေနဲ့ စီးမျောရင်း 
အနိမ့်အမြင့် အတက်အဆင်း
လောကဓံတွေကို တွေးမပူပဲ 
ကာရံမဲ့ တေးသံတွေလည်း 
အတူတူ ဆိုညည်းခဲ့ကြတယ်၊
ဒဏ်ရာတွေရှိလည်း မနာကျဉ်ခဲ့ဘူး 
နာကျဉ်ဖူးတော့လည်း ရင်မနာခဲ့ဘူး 
အခုတော့ ကြိမ်စာဆူးသလို 
တိမ်လွှာဦးက နေမင်းကိုတောင်
တောင်းပန်ချင်ရဲ့...
လူသားအတွက်စည်းမျဉ်းများ
လူ့ပြည်မှာ လူဖြစ်ရတော့မဲ့ ဝိညာဉ်တစ်ခုကို သြဝါဒ ပေးထားတဲ့ သဘော(၁၀)ချက်(Rule For Being Human) ကျွန်တော် မှတ်သားဖူးသမျှ စာအုပ်များမှ>>>(ဆရာတော် ဦးဇောတိက၏ နိုင်ငံခြားအယူအဆ) 1။ သင်ဟာခန္ဒာတစ်ခုကိုရမယ်..... အဲဒီခန္ဒာကိုယ်ကို ကြိုက်ချင်လည်းကြိုက်မယ်၊ မုန်းချင်လည်းမုန်းမယ်။ဒါပေမဲ့ ဒီဘဝအတွက် ဒီခန္ဒာကိုယ်ဟာ သင့်ခန္ဒာကိုယ်ပဲ။ ၁။ ရောက်သွားတဲ့နေရာမှာ သင်ဟာ သင်ခန်စာတွေအများကြီး ဆည်းပူးရလိမ့်မယ်..... ရအောင်လုပ်ရလိမ့်မယ်၊ ဘဝလို့ခေါ်တဲ့ သင်ရိုးသက်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းတော်ကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ၊ ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက်သင်ခန်းစာတွေကို ဆည်းပူးခွင့်ရလိမ့်မယ်၊ ဒီသင်ခန်းစာတွေကို သင်သဘောကျချင်လည်းကျမယ်၊ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်၊ အဓိပ္ပာယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။ ၃။ အမှားမရှိပါဘူး သင်ခန်းစာတွေချည်းပါပဲ.... လုပ်ကြည့်လိုက်ရင်း မှားမှန်းသိရင်း ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့သူ၊ အသိဥာဏ်ကြီးတဲ့ သူဖြစ်လာတာပဲ။ ၄။ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာကိုရမယ်.... သင်ခန်းစာတစ်ခုကို မကြေညက်ရင် အဲဒီ သင်ထန်းစာပဲ ထပ်တွေ့ရမယ်၊ စာမေးပွဲမအောင်ရင် အဲဒီအတန်းပဲထပ်တက်ရမယ်၊ သင်ခန်းစာတစ်ခုမရမချင်း ဒီသင်ခန်းစာရမယ့် အခြေအနေကို ပုံစံအမျိုးမျိုးနဲ့ ထပ်တွေ့ရမယ်။ ၅။ ပညာသင်တာဟာအဆုံးမရှိဘူး..... ဘဝမှာသင်ခန်းစာ ယူစရာတွေ ရှိနေသေးတာပဲ၊ ဘယ်တော့မှမဆုံးဘူး။ ၆။ ဟိုနေ့ဟာ ဒီနေ့ထက်ပိုမကောင်းဘူး..... အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုကောင်းတယ်ထင်ရတဲ့ နောက်ထပ်အနာဂတ်တစ်ခု ထပ်ရဦးမှာပဲ။ ၇။ သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ..... သူတစ်ပါးကိုမုန်းတယ် ဆိုရင်>ငါ...သူ့ကိုဘာကြောင့်မုန်းသလဲဆိုတာ သေသေချာချာ ကြည့်ပါ၊ ငါ...သူ့ကို့မုန်းရတဲ့အကြောင်း ငါ့မှာလည်းရှိတယ်၊ လူတစ်ယောက်ကို ချစ်တယ် ခင်တယ်ဆိုရင်လည်း ကြည့်ပါ။ သူ့ကိုငါ ဘာလို့ ချစ်တာလဲ။ ၈။ သင့်ဘဝကို သင်ဘာလုပ်တယ်ဆိုတာ သင့်အပေါ်မှာပဲမူတည်ပါတယ်..... သင့်မှာလိုအပ်တဲ့ လက်နက်ကိရိယာနဲ့ ပစ္စည်းတွေရှိနေပါတယ်၊ သင်ကြိုက်တာရွေးချယ် လုပ်ကိုင်နိုင်ပါတယ်။ ၉။ သင့်အတွက် အဖြေဟာ သင့်အတွင်းမှာပဲရှိပါတယ်.... သင့်ဘဝနဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေဟာ သင့်အတွင်းမှာပဲရှိပါတယ်။ လုပ်ဖို့လိုတာကတော့ ဥာဏ်နဲ့ကြည့်ဖို့ နားထောင်ဖို့နဲ့ ယုံကြည်မှုရှိဖို့ပါပဲ။ ၁၀။ အခုလို မှာလိုက်တာကို သင် လူ့ဘဝရောက်ရင် မေ့သွားလိမ့်မယ်။ ရှောင်လင်(S.A.i) ကက.စ.ကည(ပူး)
အဝေးရောက်ဆုတောင်း
အဝေးရောက်ဆုတာင်း တွေ့ဆုံချိန်နည်း ခဏလည်းပဲ မေ့မရပါ ထာဝရမို့ ကြမ္မာဆိုးနဲ့ ဝေးခဲ့ချိန်၌ ရင်ဝယ်တမ်းတ တစ်သသမို့ မျှော်ရည်ရွယ်မှန်း ချစ်သူနမ်းကို မဖြစ်နိုင်မှန်း သိပါလျက်မို့ နွမ်းခွေရင်မှာ အလွမ်းတွေပိုသာ အဖြေရှာကာ ဆွေးရတာမို့ နီးစပ်ဖို့ရေး မျှော်ကာဝေးလို့ အချိန်တွေသာ တိုက်စားပေးပါ.....။ ရှင်လောင်(S.A.i) ဂက.ကည.ကည(ဂဠုန်)
ပန်းချစ်သူ
ပန်းချစ်သူ အို…..ပန်းကလေး ပင်ယံမှာ လှသွေးကြွယ် လေပြေမှာ ရနံ့မွှေးတယ် ရနံ့ကသင်း အဆင်းကလှပါဘိ ဘယ်ရှေးကုသိုလ် အလှပိုလို့ ဂုဏ်မာန်အလှ ကြွယ်ရပါဘိ…...။ အို…..မောင့်မှာတော့ ပင်ယံကပန်း ခူးယူနမ်းလို့ ရနံ့သင်းပျံ့မွှေးလိုက်ချင်ဘိ ယိမ်းညွတ်လို့တိမ်း လေပြေသိမ်းမှာ ရင်တွင်းဆန္ဒ တသသမို့ စိတ်ကူးလေပြေ တိုးဝှေ့ခိုက်မှာ ခိုးယူရှိုက်နမ်း အသဲနွမ်းမတက် ချစ်လှပါဘိ ပန်းကလေးရယ်…..။ ရှင်လောင်(SAi) ကက.ဇ.ကည(ဆင်)7/22/2011 2:46:07 A
ပန်းချစ်သူ
ပန်းချစ်သူ အို…..ပန်းကလေး ပင်ယံမှာ လှသွေးကြွယ် လေပြေမှာ ရနံ့မွှေးတယ် ရနံ့ကသင်း အဆင်းကလှပါဘိ ဘယ်ရှေးကုသိုလ် အလှပိုလို့ ဂုဏ်မာန်အလှ ကြွယ်ရပါဘိ…...။ အို…..မောင့်မှာတော့ ပင်ယံကပန်း ခူးယူနမ်းလို့ ရနံ့သင်းပျံ့မွှေးလိုက်ချင်ဘိ ယိမ်းညွတ်လို့တိမ်း လေပြေသိမ်းမှာ ရင်တွင်းဆန္ဒ တသသမို့ စိတ်ကူးလေပြေ တိုးဝှေ့ခိုက်မှာ ခိုးယူရှိုက်နမ်း အသဲနွမ်းမတက် ချစ်လှပါဘိ ပန်းကလေးရယ်…..။ ရှင်လောင်(SAi) ကက.ဇ.ကည(ဆင်)7/22/2011 2:46:07 A